spot_img
Thursday, September 28, 2023
spot_imgspot_imgspot_imgspot_img

မယ်စဲမြို့ရှောင်တံတား တည်ဆောက်ခြင်း ကျွမ်းကျင်အင်ဂျင်နီယာမပါ

Author

Date

Category

ဦးမြာ

မယ်စဲမြို့နယ်တွင် တည်ဆောက်နေသည့် မြို့ရှောင်တံတားအား ကျွမ်းကျင်အင်ဂျင်နီယာဖြင့် တည်ဆောက်ခြင်း မဟုတ်သည့်အတွက် စီမံကိန်း တင်ဒါထပ်မပေးရန် သက်ဆိုင်ရာ ဝန်ကြီးဌာနထံကို တင်ပြသွားမည်ဟု ပြည်သူ့ငွေစာရင်း စောင့်ကြည့်စစ်ဆေးရေး ကော်မတီက မှ ဦးဘန်ဒီက ပြောသည်။

ဦးဘန်ဒီ က “ ကျတော်တို့က အဲ့တော့ ခုနကပြောတဲ့ တံတားတွေလည်း တခါမှ မဆောက်ဖူးဘူးလို့ သူပြောတယ်။ တံတားမဆောက်ဖူးတာတော့ အပြစ်တော့ မဟုတ်ဘူး ဒါပေမဲ့ တံတားဆောက်ဖူးတဲ့ အင်ဂျင်နီယာတော့ ပါရမယ်လို့ ကျတော်တို့ကတော့ ယူဆတယ်ပေါ့နော။” ဟု ပြောသည်။

ကယား( ကရင်နီ) ပြည်နယ် မယ်စဲမြိုနယ်တွင် ပြည်နယ် အစိုးရရံပုံငွေ ချပေးသည့် သန်း(၅၀) ကုန်ကျသည့် (၄၆) ပေ တံတားအား သံသာအေး ကုမ္ပဏီမှ တာဝန်ယူတည်ဆောက်ထားခြင်းဖြစ်သည်။

မြို့ရှောင်တံတားသည် အရည်အသွေးမပြည့်မီသည့် အတွက် တင်ဒါထပ်မပေးရန် နှင့် အရေးယူဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာဝန်ကြီးဌာနထံကို တင်ပြသွားမည်ဟု သိရသည်။

စစ်ဆေးတွေ့ရှိချက်များကို သက်ဆိုင်ရာ ဝန်ကြီးဌာနထံ တင်ပြပြီး တချို့သော လုပ်ငန်းများကို ပြန်လည်ပြုပြင်ပြီးကြောင်း အကြောင်းပြန်ခြင်းများ ရှိနေပြီဖြစ်သည်ဟု သိရသည်။

၂၀၁၆-၁ရ ခုဘတ်ဂျက်နှစ်အတွင်းတည်ဆောက်နေသည့် လမ်း၊ တံတား ၊ အဆောက်အဦးများကို ပြည်သူ့ ငွေစာရင်းစောင့်ကြည့်စစ်ဆေးရေးကော်မတီမှ လိုက်လံစစ်ဆေးပြီး တွေ့ရှိချက်များရှိပါက သက်ဆိုင်ရာ တာဝန်ယူတည်ဆောက်နေကြသည့် ကုမ္ပဏီများကို ပြန်လည်ပြင်ဆင်မွမ်းမံခြင်း ပြုလုပ်ခဲ့ကြသည်။

လာမည်နှစ်တွင်မူယခုကဲ့သို့ အရေအသွေးပြည့်မှီခြင်းမရှိ သည့် ကုမ္ပဏီများကို ပြန်လည်ပြင်ဆင်မွမ်းမံခြင်းကဲ့သို့ ဆောင်ရွက်ခိုင်းတော့မည်မဟုတ်ကြောင်း ၊ ဆက်လက်လုပ်ကိုင်ခွင့် နှင့် ငွေပြန်သွင်းခိုင်းခြင်း စသည်တို့ကို အရေးယူဆောင်ရွက်သွားနိုင်ရန် ပြုလုပ်သွားမည်ဖြစ်သည်ဟု ဦးဘန်ဒီက ပြောပါသည်။

ကယား( ကရင်နီ) ပြည်နယ်ရှိ လမ်းတံတား တည်ဆောက်နေခြင်းအား စစ်ဆေးမှု အနည်းဆုံးမှာ လွိုင်ကော်- နန်းဖဲကြား ဖြစ်သည့်အတွက် ၎င်းဒေသတွင် အရည်အသွေးမပြည့်မီမှုများ ဖြစ်လာသည်ဟုလည်း ၎င်းကော်မတီမှ သိရသည်။

ပြည်သူ့ငွေစာရင်း စောင့်ကြည့်စစ်ဆေးရေးကော်မတီကို ၂၀၁၆ ခုနှစ် ၉လပိုင်းတွင် လွှတ်တော်က ဖွဲ့စည်းအတည်ပြုလိုက်တာဖြစ်ပါသည်။

၂၀၁၇-၁၈ ဘတ်ဂျက်ကစပြီး သက်ဆိုင်ရာ ဝန်ကြီးဌာနက အရေးယူဆောင်ရွက်ပေးနိုင်ရန် ၎င်းကော်မတီက အကြံပေးဆောင်ရွက်မှုတွေ ပိုမိုလုပ်ဆောင်သွားမည်ဟု သိရသည်။

Recent posts