spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

မယ်စဲ့မြို့က နယ်ခြားစောင့်တပ် ဌာနချုပ်နှစ်ခုကို ပြန်လည်ရရှိခဲ့ပြီလို့ ကလလတဆို

Author

Date

Category

ကန္တာရဝတီတိုင်း( မ် )

ကရင်နီပြည် မယ်စဲ့မြို့မှာရှိတဲ့ စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ်ရဲ့ ဌာနချုပ်နှစ်ခုကို ပြန်လည်ရရှိခဲ့ပြီလို့ ကရင်နီပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ) ရဲ့ တွဲဖက်အထွေထွေ အတွင်းရေးမှူး လောရင်းစိုးက ကန္တာရဝတီတိုင်း(မ်) ကိုပြောပါတယ်။

မယ်စဲ့မြို့ ပန်တိန်းဒေသ အခြေစိုက် ( ၁၀၀၄ ) နယ်ခြားစောင့်တပ်ရင်း ဌာနချုပ်ကို ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၂ ရက်နေ့မှာ ပြန်လည်ရရှိခဲ့ပြီး ရွာသစ်မြို့ စွတ်ပိုင်ဒေသ အခြေစိုက် အမှတ် ( ၁၀၀၅ ) နယ်ခြားစောင့်တပ်ရင်း ဌာနချုပ်ကိုတော့ နိုဝင်ဘာလ ၁၁ ရက်နေ့မှာ ပြန်လည်ရရှိခဲ့တယ်လို့ ဆိုပါတယ်။

“ကျနော်တို့ ပူးပေါင်းတပ်ဖွဲ့တွေကကျနော်တို့ပြည်နယ်မှာ ရှိတဲ့ တိုက်နေတဲ့ အဖွဲ့တွေအားလုံးပါတယ်။ ကျနော်တို့ မယ်စဲ့မြို့နယ်မှာတော့ ရန်သူမရှိတော့ဘူးပေါ့။” လို့ လောရင်းစိုး က ပြောပါတယ်။

သံလွင်အရှေ့ဘက်ခြမ်းမှာတော့ စစ်ကောင်စီရဲ့တပ်စခန်းကြီး ၃ခုကျန်ရှိနေသေးတယ်လို့ သူက ဆက်ပြောပါတယ်။ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေကနေ ယခုနှစ် ဇွန်လ ၁၃ ရက်နေ့ကစ မယ်စဲ့မြို့မှာရှိတဲ့ စစ်ကောင်စီတပ်စခန်း ၃ ခုနဲ့ မယ်စဲ့ရဲစခန်းကို ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။

တစ်ချိန်တည်းမှာပဲ ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (KNPLF) ( ကလလတ ) ကနေ အသွင်ပြောင်းပြီး စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ်နှစ်ခုအဖြစ်ရှိနေခဲ့တဲ့ တပ်ရင်းနှစ်ခုဟာလည်း တော်လှန်ရေးတပ်ဖွဲ့တွေနဲ့အတူပူးပေါင်းပြီး စစ်ကောင်စီကို ပြန်လည်တိုက်ခိုက်ခဲ့ပါတယ်။

သို့ပေမယ့် စစ်ကောင်စီကတော့ နယ်ခြားစောင့်တပ်ရင်းနှစ်ခုရဲ့ ဌာနချုပ်တွေကို ဇွန်လ၂၇ ရက်နေ့မှာ ပြန်လည် ထိန်းချုပ်နိုင်ခဲ့တာဖြစ်ပါတယ်။

spot_img
spot_img

Recent posts