spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

မယ်စဲ့မြို့နယ်က စစ်ရှောင် တသောင်းနီးပါးအတွက် အဝတ်အစားတွေနဲ့ မိုးကာ အကူအညီလိုအပ်နေ

Author

Date

Category

ကန္တာရတီတိုင်း(မ်)

ထိုင်းနိုင်ငံနဲ့ ထိစပ်နေတဲ့ ကရင်နီပြည်နယ်စပ်၊ မယ်စဲ့မြို့နယ်ထဲမှာ စစ်ဘေးရှောင် ဦးရေ တသောင်းနီးပါးရှိနေပြီး သူတို့အတွက် အဝတ်အစားနဲ့ မိုးကာကူညီလိုအပ်နေတယ်လို သိရပါတယ်။

အဆိုပါ နယ်စပ်တကျောမှာ စစ်ရှောင်စခန်း ၉ ခုအထိရှိနေပြီး အများစုက တောတောင်ထဲမှာ စစ်ရှောင်နေကြတယ်လို့သိရပါတယ်။

“ သူတို့တောထဲမှာ ရှိတဲ့အတွက်ကြောင့်မို့လို့ ခြင်ထောင်တို့လိုမျိုး၊ ပြီးတော့ သူတို့တွေက တဲလေးတွေ သွားထောင်နေရတာပေါ့နော်။ မိုးကာလေးတွေကစ ပြီးရင်ပေါ့။ ကလေးမွေး မီးနေသည် ကာလအတွင်းမှာဆိုလို့ရှိရင် ထမင်းတို့ပေါ့နော်၊ အဲဟာမျိုးလေးတွေကစ သူတို့တွေမှာက ဝတ်စုံ တစုံ နှစ်စုံလောက်ပဲရှိတယ်။ အဲ့မှာ တအားခက်ခဲတာပေါ့နော်။ ဆိုတော့ တော်ရုံတန်ရုံနဲ့လည်း ဘယ်အဖွဲ့အစည်းမှလည်း မဝင်ဘူး။” လို့ မယ်စဲ့ စစ်ရှောင်တွေကို ကူညီပေးနေတဲ့ ကရင်နီအမျိုးသမီးအစည်းအရုံးရဲ့ အတွင်းရေးမှူး ၂ မော်ဖရေမြာက ပြောပါတယ်။

အဆိုပါဒေသကို လုံခြုံရေးအခြေအနေတွေကြောင့် အလှူရှင်အဖွဲ့အစည်းတွေမရောက်ရှိနိုင်သလို စားနပ်ရိက္ခာနဲ့ အထွေထွေလိုအပ်ချက်တွေ များနေတယ်လို့ မော်ဖရေမြာကဆက်ပြောပါတယ်။

“ဒီ ရိက္ခာခြောက် ၊ဆီ ၊ဆား ၊ကုလားပဲတို့ ၊ငရုတ်သီးတို့ ၊ကြက်သွန်နီ ၊ကြက်သွန်ဖြူ ပြီးရင် ဆီလိုမျိုးဆိုရင် သူတို့ တော်တော်နဲ့ မစားရဘူးပေါ့နော်။ အဲ့လိုမျိုးတွေကစ အရမ်းလိုအပ်နေတဲ့ အနေအထားမှာကြုံတွေ့ရတယ်။ ပြီးရင် အထူးသဖြင့် မိုးကာပေါ့နော်။ မိုးကာအရမ်းတောင်းဆိုတယ်၊ ပြီးတော့ တောထဲမှာပဲနေတယ်၊ သစ်ပင်ကြီးအောက်မှာ နေထိုင်ရတဲ့အတွက်ကြောင့်မို့လို့ သူတို့ အေးလာတယ်။ ခြင်ပေါက်လာတော့ ခြင်ဆေးဖြန်းတဲ့ဟာကစ ကလေးဖိနပ်အဆုံး ကလေးငယ် လသား အဝတ်အစား အဲ့လိုတွေပေါ့ တော်တော်တော့ တောင်းဆိုတာတော့ရှိတာပေါ့ သူတို့လိုအပ်ချက်ပေါ့ “ လို့ သူကပြောပါတယ် ။

ဒါ့အပြင် စစ်ရှောင်စခန်းတွေမှာ စာသင်ကျောင်းရှိပေမဲ့ လိုအပ်ချက်တွေများနေတာကြောင့် ကလေးငယ်တွေ ကျောင်းတက်ခွင့်မရသေးဘူးလို့ လည်းဆိုပါတယ်။

လတ်တလောမှာတော့ ကလေးငယ်တွေ အတွက် ဖိနပ်ကစ၊ လသားအရွယ် ကလေးငယ်တွေအတွက်လည်း အဝတ်အစားတွေ လိုအပ်နေတာကြောင့် အဝတ်အထည် နဲ့ တခြားထောက်ပံ့မှုတွေကို လှူဒါန်း ပေးနိုင်ကြောင်းကို ကရင်နီစစ်ရှောင်ကူညီသူတချို့က ဖေ့ဘွတ်လူမှုကွန်ယက်စာမျက်နှာတွေမှာ တောင်းဆိုနေတာလည်းရှိပါတယ်။

spot_img
spot_img

Recent posts