spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

မယ်စဲ့မြို့နယ်မှာ ကြားကာလပညာရေးကျောင်းဆင်းပွဲပြုလုပ်

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည် မယ်စဲ့မြို့နယ်တွင်းတစ်နေရာမှာ ကြားကာလပြည်သူ့အခြေပြု ပညာရေးကျောင်းဆင်းပွဲ တစ်ခုကို ပြုလုပ်ခဲ့တယ်လို့ ကယားပြည်နယ်လုံးဆိုင်ရာအခြေခံ ဆရာများသမဂ္ဂမှ ဩဂုတ်လ ၃ ရက်နေ့ရက်စွဲနဲ့ ထုတ်ပြန်ထားပါတယ်။

ကျောင်းသား ၁၀၀ ဝန်းကျင် တက်ရောက်ခဲ့တဲ့ ကြားကာလ ကိုယ်ထူကိုယ်ထပညာရေးကျောင်း တစ်နှစ်တာပြီးဆုံးကြောင်း ကျောင်းဆင်းပွဲ နဲ့ ယာယီအတန်းကူးပြောင်းလက်မှတ်ပေးအပ်ပွဲကို ဇူလိုင်လ ၂၉ရက်နေ့မှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

CDM ဆရာ/မတွေ၊ Volunteers ဆရာ/မ၊ သက်ဆိုင်ရာ နယ်မြေခံEROs ၊ မယ်စဲ့မြို့နယ်ပညာရေးဘုတ်အဖွဲ့၊ ကျေးရွာမိဘပြည်သူတွေ၊ သက်ဆိုင်ရာ အစုအဖွဲ့တွေနဲ့ ဦးဆောင်ပြီး ကြားကာလ ပြည်သူ့အခြပြု ပညာရေးကျောင်းတွေကို ဖွင့်လှစ်ခဲ့တယ်လို့ သိရပါတယ်။

KG+12 သင်ရိုးညွှန်းတန်းသစ်နဲ့ မူလတန်းအဆင့်ကို ၆လတာ သင်ကြားပေးခဲ့ပြီး လာမယ့်စာသင်နှစ်အတွက် ထပ်မံကျောင်းဖွင့်လှစ်ဖို့ရှိသလို အလယ်တန်းအဆင့်ထိ သင်ကြားပေးသွားမယ်လို့ သိရပါတယ်။

သင်ကြားရေးအတွက် ဖတ်စာအုပ်၊ စာရေးကိရိယာတွေ လိုအပ်လျက်ရှိနေပြီး ဆရာ၊ ဆရာမအတွက် လစဉ်ထောက်ပံ့ကြေးကို အနည်းငယ်သာပေးနိုင်တယ်လို့ ကယားပြည်နယ်လုံးဆိုင်ရာ အခြေခံပညာဆရာများသမဂ္ဂ မယ်စဲ့မြို့နယ် သတင်းနှင့်ပြန်ကြားရေး တာဝန်ခံဆရာမတစ်ဦးက ပြောပါတယ်။

“တချို့ကျောင်းတွေက စစ်ကောင်စီကျောင်းနဲ့ အပြိုင်ဖွင့်နေရတဲ့ ကျောင်းတွေရှိတယ်။ အဲ့ဒီပေါ်မှာက ကိုယ်ဘက်က ဘာလိုအပ်ချက်ရှိနေလဲဆိုတော့ ဖတ်စာအုပ်အခက်အခဲပေါ့။ အဲ့ဒီဖတ်စာအုပ်အခက်အခဲက တော်တော်ကြုံရတယ်။ နောက်တစ်ခုက စာရေးကိရိယာပေါ့နော။ နောက်တစ်ခုက ဆရာ၊ ဆရာမတွေရဲ့ လစဉ်ထောက်ပံ့ကြေးလို ပုံစံမျိုးပေါ့။ ဆရာ၊ ဆရာမတွေကလည်း နေ့တိုင်း စာသင်နေရတဲ့အခါကျတော့ လုံးဝ လစဉ်ထောက်ပံ့ပေးတဲ့သူတော့ မရှိဘူး။ ဒါပေမယ့် ကျမတို့ကနေပြီးတော့ ရရင် ရသလို ထောက်ပံ့ပေးနေတာတော့ရှိတယ်။ အများကြီးတော့ မဟုတ်ဘူးပေါ့။ တစ်လနည်းနည်းလေးပေါ့။” လို့ မယ်စဲ့မြို့နယ် သတင်းနှင့်ပြန်ကြားရေး တာဝန်ခံဆရာမတစ်ဦးက ပြောပါတယ်။

မယ်စဲ့မြို့နယ်မှာ ကြားကာလ ပြည်သူ့အခြေပြု ပညာရေးကျောင်း ( ၁၇ ) ကျောင်းရှိပြီး ကျောင်းသားတစ်ထောင်ကျော် တက်ရောက်သင်ကြားနေတယ်လို့ သိရပါတယ်။ ကျောင်းသား ၇၀ရာခိုင်နှုန်း ပြည်သူ့အခြေပြုကျောင်းတွေကို တက်ရောက်နေတာဖြစ်ပြီး မူလတန်းအဆင့်နဲ့ အလယ်တန်းအဆင့်ဖြစ်တယ်လို့ ဆိုပါတယ်။

မြန်မာစာ ၊အင်္ဂလိပ်စာ နဲ့ သင်္ချာ ဘာသာရပ်တွေကို အဓိကသင်ကြားပေးပြီး စာရိတ္တ၊ ကာယ၊ ပန်းချီ၊ တခြားဖွံ့ဖြိုးရေး ဘာသာရပ်တွေကိုလည်း သင်ကြားပေးတယ်လို့ သိရပါတယ်။

ကယားပြည်နယ်လုံးဆိုင်ရာ အခြေခံပညာဆရာများ သမဂ္ဂမှ ဦးဆောင်ဖော်ဆောင်ခဲ့တဲ့ မြေပြင်ပြည်သူအခြေပြု ကြားကာလပညာရေးကျောင်းပေါင်း ၃၀၀နီးပါးရှိတယ်လို့ ထုတ်ပြန်ထားတာရှိပါတယ်။

ဓာတ်ပုံ – ကယားပြည်နယ်လုံးဆိုင်ရာ အခြေခံပညာဆရာများသမဂ္ဂ။
ဓာတ်ပုံ – ကယားပြည်နယ်လုံးဆိုင်ရာ အခြေခံပညာဆရာများသမဂ္ဂ။
ဓာတ်ပုံ – ကယားပြည်နယ်လုံးဆိုင်ရာ အခြေခံပညာဆရာများသမဂ္ဂ။
ဓာတ်ပုံ – ကယားပြည်နယ်လုံးဆိုင်ရာ အခြေခံပညာဆရာများသမဂ္ဂ။
ဓာတ်ပုံ – ကယားပြည်နယ်လုံးဆိုင်ရာ အခြေခံပညာဆရာများသမဂ္ဂ။
ဓာတ်ပုံ – ကယားပြည်နယ်လုံးဆိုင်ရာ အခြေခံပညာဆရာများသမဂ္ဂ။
spot_img
spot_img