spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

မယ်စဲ့မြို့နယ်ရှိ စစ်ကောင်စီတပ် စခန်းတစ်ခုကို ကရင်နီပူးပေါင်းတပ်မှ ထပ်မံသိမ်းယူ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည် မယ်စဲ့မြို့နယ် အတွင်းက စစ်ကောင်စီရဲ့ အခြေစိုက်စခန်းတစ်ခုကို ကရင်နီပူးပေါင်းတပ်တွေက ဒီကနေ့မှာ ထပ်မံသိမ်းယူလိုက်တယ်လို့ ကရင်နီတပ်မတော်(KA) စစ်ရေးချုပ် ဗိုလ်မှူးကြီးဘုန်းနိုင်က ကန္တာရဝတီတိုင်း(မ်)ကို ပြောပါတယ်။

“မယ်စဲ့အခြေကုပ်စခန်းကို ကျနော်တို့ ၅နာရီခွဲမှာ ပြီးသွားပြီး စခန်းသိမ်းတာ။ ၅နာရီခွဲမှာပြီးတော့ ၆နာရီလောက်မှာ လေယာဉ်က ၄စီးနဲ့ လာကြဲတာ။ မယ်စဲ့ ပင်မစခန်း မယ်စဲ့ရှေ့နားက ကုန်းရှိတယ်လေ ပင်မကုန်းပေါ့ ။ မယ်စဲ့မှာ တောင်လှတို့ ဆောင်ဟီတို့ ၁၄တို့ မယ်တနွယ်တို့ နောက်ပြီးတော့ မြောက်ဖက်မှာက နမ့်ပေါင်တို့ နယ်စပ်တစ်ကြောမှာရှိတဲ့ တပ်စခန်းကို အဆက်သွယ်လုပ်တဲ့ ပင်မစခန်းပေါ့နော အဲ့ဒီဖက်က။” လို့ ကရင်နီတပ်မတော်(KA) စစ်ရေးချုပ် ဗိုလ်မှူးကြီးဘုန်းနိုင်က ပြောပါတယ်။

မယ်စဲ့မြို့နယ်အတွင်းနဲ့ ထိုင်းနယ်စပ်အနီးက စစ်ကောင်စီတပ်စခန်းတွေကို ဇွန်လ ၁၃ရက်နေ့ကစ ကရင်နီ ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းယူခဲ့ပြီး ဒီကနေ့ သိမ်းယူတဲ့ စခန်းအပါအဝင် စစ်ကောင်စီတပ်စခန်း ၄ခုကို ကရင်နီပူးပေါင်းတပ်ဖွဲ့က သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်တယ်လို့ ဗိုလ်မှူးကြီးဘုန်းနိုင်က ဆက်ပြောပါတယ်။

“၁၃ရက်နေ့ကစပြီး ဒီနေ့အချိန်ထိ တပ်ရင်းစခန်းတော့ ၃ခု အပြီးပိုင် သိမ်းထားတယ် အခု ဒီမယ်စဲ့ပါပါ ၄ခုရှိပြီပေါ့နော။ ပထမက တောင်လှပေါ့၊ မယ်တနွယ်၊ ၁၄၊ အခု မယ်စဲ့ပေါ့နော ၄ခုတော့ သိမ်းရပြီးပြီ။ စစ်ကောင်စီပြန်လာထိုင်တာတော့မရှိပါဘူး။” လို့ ဗိုလ်မှူးကြီးဘုန်းနိုင်က ပြောပါတယ်။

အဆိုပါ သိမ်းယူထားတဲ့ စခန်းတွေကို စစ်ကောင်စီဘက်က ပြန်လည် ရယူနိုင်ခြင်းမရှိသေးဘူးလို့ သိရပါတယ်။ မယ်စဲ့မြို့နယ်ဟာ စစ်ကောင်စီအပြင် ကရင်နီပူးပေါင်းတပ်ဖွဲ့တွေအတွက် အရေးကြီးတဲ့နယ်မြေဖြစ်တာကြောင့် စစ်ကောင်စီက မယ်စဲ့တိုက်ပွဲအတွင်း လေယာဉ်အသုံးပြုတိုက်ခိုက်တာ၊ ရဟတ်ယာဉ်နဲ့ လူအင်အား၊ ရိက္ခာဖြည့်တင်းတာတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

“အရေးကြီးတယ်ဆိုတာ နှစ်ဖက်လုံးက အရေးကြီးတယ်။ သူတို့(စစ်ကောင်စီ) အတွက်က တစ်သက်လုံးအာဏာတည်မြဲဖို့က အရေးကြီးတယ်။ ကျနော်တို့အတွက်လည်း အရေးကြီးတယ်ဆိုတာက နယ်မြေပြန်ရယူဖို့ သိမ်းရမှာပဲလေ။” လို့ ဗိုလ်မှူးကြီးဘုန်းနိုင်က ဆက်ပြောပါတယ်။

မယ်စဲ့မြို့နယ်က ဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေအတွင်း ကရင်နီပူးပေါင်းတပ်ဖွဲ့ဖက်ကနေ (၁၂၀) မမ လက်နက်ကြီးအပြင် လက်နက်ငယ်မျိုးစုံ ကို ရရှိထားတယ်လို့ သိရပါတယ်။ စစ်ကောင်စီဖက်က သေဆုံးမှု ဆယ်ဂဏန်းရှိနေပြီး စခန်းစွန့်ထွက်ပြေးတဲ့စစ်ကောင်စီတပ်သားတွေလည်း များပြားတယ်လို့ ဗိုလ်မှူးကြီးဘုန်းနိုင်က ပြောပါတယ်။

spot_img
spot_img

Recent posts