spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

မယ်စဲ့မြို့နယ်အတွင်းက စစ်ရှောင်တွေ ငှက်ဖျားရောဂါအဖြစ်များနေ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်၊ မယ်စဲ့မြို့နယ်မှာရှိတဲ့ စစ်ဘေးရှောင်တွေဟာ မေလအတွင်းမှာ ငှက်ဖျားရောဂါ အဖြစ်များနေတယ်လို့ ကရင်နီနယ်လှည့် ကျန်းမာရေးအဖွဲ့ တာဝန်ခံတစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။

“ဒီလထဲမှာပဲ စဖြစ်တယ်။ ဗြုန်းဒိုင်း အဲ့လိုမျိုးပေါ်လာတယ်။ out break ဖြစ်တယ်လို့ ပြောရမှာပေါ့။ တခြားနေရာက အဲ့လောက်ထိ မများဘူး ဒီလအတွင်းမှာပဲ ပြီးခဲ့တဲ့ တစ်ပတ်၊ နှစ်ပတ် အတွင်းမှာပဲ သွားဖြစ်တယ်။ ဆေးပြန်ကုနေတယ်ပေါ့။ ”လို့ ကရင်နီနယ်လှည့် ကျန်းမာရေးအဖွဲ့ တာဝန်ခံတစ်ဦးက ဆိုပါတယ်။

မေလအတွင်းမှာပဲ မယ်စဲ့စစ်ရှောင်စခန်းတွေမှာ ငှက်ဖျားရောဂါဖြစ်ပွားသူ ၁၅၀ ဝန်းကျင်ရှိနေတယ်လို့ သိရပါတယ်။ လူကြီးတွေ အဖြစ်များပြီး လက်ရှိအထိတော့ အသက်အန္တရာယ် စိုးရိမ်ရတဲ့သူတွေ မရှိဘူးလို့ သိရပါတယ်။ ဆေးဝါး မှာယူရတဲ့ နေရာမှာလည်း အခက်အခဲရှိတဲ့အတွက် ဆေးဝါးလိုအပ်ချက်တွေ ရှိနေတယ်လို့ မြေပြင်မှာ ဆေးကုသမှုပေးနေတဲ့ သူတွေဆီကနေ သိရပါတယ်။

“ အခက်အခဲကတော့ ရှိတာပေါ့လေ။ စစ်ရှောင်မှာ အဲ့လိုဖြစ်ပြီဆိုလို့ရှိရင် ဥပမာ_ မယ်စဲ့ ၊ နမ့်မန်းမှာ လူဦးရေ နှစ်ထောင် မှာ ၁၅၀ မိပြီဆိုရင် တစ်ရာမှာ တစ်ယောက် နှုန်းလောက် ဖြစ်နေတယ်ဆိုတော့ ကျနော်တို့လည်း စိုးရိမ်ရတယ်ပေါ့။ ပြီးရင် ခြင်ထောင်လည်း လုံလောက် မရှိဘူး။ လောလောဆယ် အထည်တစ်ရာ ပဲပို့နိုင်တယ်။ နောက် ပိုးမိတဲ့ သူက အချိန်မရွေး မမိတဲ့သူကို ကူးစက်နိုင်တယ်ပေါ့။ ကျနော်တို့ ပညာပေးတဲ့ အစီအစဉ်တွေလည်း လုပ်တော့လုပ်တယ်။ ဒါပေမယ့် လုံးတော့ လုံးပန်းနေရတာပေါ့လေ။ နောက်တစ်ခုက ဆေးဝါးက မလုံလောက်ဘူးပေါ့နော။ “ လို့ ကရင်နီနယ်လှည့် ကျန်းမာရေးအဖွဲ့ တာဝန်ခံတစ်ဦးက ဆက်ပြောပြပါတယ်။

မိုးရာသီကာလမှာ ဖြစ်ပွားတဲ့ ငှက်ဖျားရောဂါဟာ လက်ရှိမှာ မယ်စဲ့မြို့အပြင် ဖားဆောင်း၊ ဘောလခဲ နဲ့ ဒီးမော့ဆို မြို့နယ်တွေမှာလည်း ဖြစ်ပွားမှုတွေ ရှိနေတယ်လို့ မြေပြင်ကျန်းမာရေး ဆရာဝန်တစ်ဦးက အခုလိုပြောပါတယ်။

“ကျနော်တို့ ခုတလော တွေ့ရတာကတော့ ဖားဆောင်း၊ ဘောလခဲ တကွေ့ပေါ့နော်။ မနှစ်ကလည်း အဲ့ဖက်တွေမှာ အဖြစ်များတယ်။ ဒီငှက်ဖျားဆေးတွေစုပြီးတော့ တာဝန်ရှိသူတွေ လည်းသွားကြပြီးတော့ တနိုင်တပိုင်ဆေးတွေ ကုကြတာတွေကော ခြင်ထောင်တွေ ပေးကြတာပေါ့နော်။ အဖြစ်များဆုံး ဒီငှက်ဖျားကတော့ Plasmodium Vivax(PV) အမျိုးအစားဖြစ်တာများတာ‌ပေါ့နော်။ ဖားဆောင်း၊ ဘောလခဲ တကွေပေါ့နော။ နောက်ပိုင်းက‌တော့ အဲ့ဒီဖက်ကနေပြီးတော့ ဒီးမော့ဆိုဖက် ပြန်နားပြီး တဆင့် ကူးကြတာတွေ ဒါမျိုးတွေ ဖြစ်လာကြတာပေါ့နော်”လို့ မြေပြင်ကျန်းမာရေး ဆရာဝန်တစ်ဦးက ဆိုပါတယ်။

ငှက်ဖျားရောဂါ အမျိုးအစား လေးမျိုးရှိပြီး လက်ရှိစစ်ရှောင်တွေ ဖြစ်နေကြတဲ့ ငှက်ဖျားရောဂါအမျိုးအစားကတော့ Plasmodium Vivax (P.V) နဲ့ Plasmodium falciparum (P.F)ဖြစ်ပြီး PV အမျိုးအစား အဖြစ်များတယ်လို့ သိရပါတယ်။

လက်ရှိ ဖြစ်ပွားနေတဲ့ ငှက်ဖျားရောဂါရဲ့ နောက်ဆက်တွဲ အနေနဲ့ လူထုတွေအတွက် စိန်ခေါ်မှု တစ်ခုဖြစ်လာနိုင်တာကြောင့် ကြိုတင်ကာကွယ်တဲ့အနေနဲ့ စစ်ရှောင်စခန်း၊ ကျေးရွာတွေမှာ အသိပညာပေးတာတွေ လုပ်ဆောင်ဖို့ လိုအပ်တယ်လို့ ကရင်နီနယ်လှည့် ကျန်းမာရေးအဖွဲ့ တာဝန်ခံတစ်ဦးက ဆိုပါတယ်။

spot_img
spot_img

Recent posts