spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

မယ်စဲ့မြို့နယ်အရှေ့ဘက်ခြမ်းက စစ်ရှောင် ၁၀၀၀ ကျော်အကူညီမရသေး

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည် ဘောလခဲခရိုင်အတွင်းမှာ ဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် မယ်စဲ့မြို့နယ် အရှေ့ဘက်ခြမ်းကို စစ်ရှောင်နေတဲ့ စစ်ရှောင်ပြည်သူ ၁၀၀၀ ကျော်ရှိနေပြီး ၎င်းတို့အတွက် စားနပ်ရိက္ခာ အကူအညီတွေလိုအပ်နေတယ်လို့ ကူညီကယ်ဆယ်ပေးနေသူ တစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကိုပြောပါတယ်။

ဘောလခဲ မြို့ပေါ်ရပ်ကွက်တခုနဲ့၊ ကျေးရွာ ၅ ရွာ အပြင် မယ်စဲမြို့နယ်အတွင်းက ဒေသခံတွေနဲ့ ဝန်ထမ်းတွေ လာရောက် စစ်ရှောင်နေကြတာဖြစ်ပါတယ်။

“ရွာတွေထဲမှာနေလို့မရဘူး။ အကုန်လုံး တောထဲမှာပဲနော။ ရောက်နေတာ ၂၁ ရက်ရှိပြီ။ အရေးပေါ်လိုတာက မိုးကာ၊ ဆန်၊ဆီ၊ ဆား၊အချို့မှုန့်၊ ပြီးရင် အိုးခွက်ပန်းကန်။”လို့ ကူညီကယ်ဆယ်ပေးနေသူတစ်ဦးကပြောပါတယ်။

လက်ရှိလူဦးရေ ၁ထောင်ကျော်အပြင် မယ်စဲ့မြို့နယ်ထဲမှာ တိုက်ပွဲအခြေအနေတွေကြောင့် စစ်ရှောင်တွေ ထပ်မံရောက်လာဖို့ ရှိနေသေးတယ်လို့ သူက ဆက်ပြောပါတယ်။

လက်ရှိစစ်ရှောင်နေသူတွေထဲမှာ အမျိုးသမီးနဲ့ ကလေး ငယ်တွေ အများစုဖြစ်ပြီး ရာခိုင်နှုန်းအားဖြင့် ၆၅ ရာခိုင်နှုန်းအထိရှိနေတယ်လို့ သူက ဆက်ပြောပါတယ်။ တောတောင်ထဲမှာ စစ်ဘေးရှောင်နေကြရတာကြောင့်လည်း မိုးကာ နဲ့ စောင်တွေ အဓိက လိုအပ်နေတယ်လို့ ပြောပါတယ်။

“အခုရှိနေတဲ့ ဆန်တွေရယ်၊ အရင်က အနောက်ဘက်ကမ်းကို ပို့ဖို့ ပြင်ထားတဲ့ ဆန်ပြုတ်တွေရယ် ဒါနဲ့လောလောဆယ် လဝက်၊ ၁၅ ရက်၊ ရက် ၂၀ လောက်တော့ တောင့်ခံနိုင်မယ်လို့ထင်တယ်။” လို့ ကူညီကယ်ဆယ်ပေးသူတစ်ဦးက ပြောပါတယ်။

ဇွန်လအတွင်းကစပြီး ဘောလခဲ၊ ဖားဆောင်း၊ မယ်စဲ့မြို့နယ်တွေမှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ဒေသခံတွေ ထပ်မံစစ်ရှောင်ခဲ့ရတဲ့အတွက် ကရင်နီပြည်နယ်အတွင်းမှာ စစ်ရှောင်ဦးရေ ထပ်တိုးလာတယ်လို့ သိရပါတယ်။

spot_img
spot_img

Recent posts