spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

မယ်စဲ့မြို့ရှိ စစ်ကောင်စီ လက်ကျန်တပ်စခန်းတစ်ခုမှာ တပ်သားထွက်ပြေးပြီး လက်နက်ချအညံ့ခံ

Author

Date

Category

ကန္တာရဝတီတိုင်း( မ် )

ကရင်နီပြည် မယ်စဲ့မြို့က စစ်ကောင်စီတပ် လက်ကျန်စခန်းဖြစ်တဲ့ နမ့်ပေါင်စခန်းမှာ တပ်သားထွက်ပြေးမှုနဲ့ လက်နက်ချအညံ့ခံတဲ့ တပ်သားတွေ ရှိနေတယ်လို့ ကရင်နီတပ်မတော် (KA) စစ်ရေးချုပ် ဗိုလ်မှူးကြီး ဘုန်းနိုင်က ဒီကနေ့ ဇွန်လ ၂၄ရက်နေ့မှာ ကန္တာရဝတီတိုင်း(မ်)ကို ပြောပါတယ်။

“သူတို့ ခေါ်တာ နမ့်ပေါင်းဂိတ်ပေါ့။ လက်နက်ကြီးတွေ ၁၂၀ မမတွေရှိတယ် အဲဒီမှာ အဲဒီကနေပြီးတော့မှ ပြေးကြတာနဲ့ တူပါတယ်။ ပြေးတော့ အဲဒီမှာ ကျနော်တို့ဆီပြေးလာတာတို့ လမ်းမှာ ဖမ်းမိတဲ့ ကိစ္စတို့ ပါမှာပေါ့။ ပြေးကုန်တယ်လို့ ပြောတယ် အဲဒီလို သတင်းကြားတယ်။ ပြေးနိုင်တယ်ပေါ့နော။ အလားအလာကတော့ ပြေးဖို့ ပိုများတယ်ပေါ့။ ဘာြဖစ်လို့လဲဆိုတော့ သူတို့ပဲ ကျန်တော့တယ်လေ။ တိုက်ရင်သေမှာလေ။ နောက်လည်းအတိုက်ခံရမှာပဲ။ စိတ်ထဲမှာ အဲဒီလို ဆုံးဖြတ်တော့ ပြေးတာပဲ များပါတယ်။ ပြေးနိုင်တယ်ပေါ့နော။” လို့ ဗိုလ်မှူးကြီး ဘုန်းနိုင်က ပြောပါတယ်။

ယမန်နေ့ ဇွန်လ ၂၃ ရက်နေ့မှာလည်း မယ်စဲ့မြို့က စစ်ကောင်စီရဲ့ ပင်မကုန်းကို ထပ်မံသိမ်းပိုက်နိုင်ခဲ့ပြီး မယ်စဲ့မြို့မှာ စစ်ကောင်စီရဲ့ နမ့်ပေါင်စခန်းတစ်ခုတည်းသာ ကျန်ရှိတော့တယ်လို့ သိရပါတယ်။

မယ်စဲ့မြို့က စစ်ကောင်စီစခန်းအားလုံးနီးပါးကို သိမ်းပိုက်ထားနိုင်တဲ့အတွက် ကျန်ရှိတဲ့ တပ်စခန်းတစ်ခုက တပ်သားတွေဟာလည်း ကြောက်လန့်ပြီး ထွက်ပြေးတာဖြစ်နိုင်တယ်လို့ ဗိုလ်မှူးကြီး ဘုန်းနိုင်က ဆက်ပြောပါတယ်။

“ ၂၃ ရက်နေ့က ကျနော်တို့ သိမ်းလိုက်ပြီ အဲဒီတော့ စကစ တပ်မရှိတော့ဘူး။ ရဲတောင်မရှိတော့ဘူး။ သူတို့ပြေးကုန်ပြီ။ ကျနော်တို့ လောလောဆယ် အခု ကျနော်တို့ လက်ထဲမှာပေါ့နော။ မယ်စဲ့ တစ်မြို့လုံး ကျနော်တို့ လက်ထဲမှာပဲရှိတယ်။ အခု နမ့်ပေါင်စခန်းကလည်း သူတို့ မနေရဲတော့လို့ ပြေးတာလည်း ပါမယ်ပေါ့နော။” လို့ သူက ပြောပါတယ်။

မယ်စဲ့မြို့မှာရှိတဲ့ စစ်ကောင်စီရဲ့ မယ်စဲ့ မြို့မ ရဲစခန်း၊ ထိုင်း-မြန်မာ နယ်ခြားအမှတ် ( BP ) 14 တပ်စခန်း၊ BP ( 15 ) မယ်တနွယ်စခန်း၊ BP(  16 ) တောင်လှစခန်း တို့ကို ယခုလ ဇွန်လ ၁၃ ရက်နေ့ကစပြီး တော်လှန်ရေးတပ်ဖွဲ့ဘက်က တိုက်ခိုက်သိမ်းပိုက်ထားပါတယ်။

စစ်ကောင်စီကို အမြတ်ပြတ်တိုက်မှာ​​ဖြစ်တဲ့
အတွက် လူထုတွေအနေနဲ့ ကရုစိုက်သွားလာကြဖို့နဲ့ စစ်ကောင်စီတပ်သားတွေ လက်နက်ချဖို့ ဗိုလ်မှူးကြီး ဘုန်းနိုင်က အသိပေး ပြောဆိုပါတယ်။

spot_img
spot_img

Recent posts