spot_imgspot_imgspot_imgspot_img
Tuesday, April 22, 2025
spot_imgspot_imgspot_imgspot_img

မလေးရှားနိုင်ငံမှာ ကရင်နီ ရိုးရာ အဲဒိုပေါ်မီ(ခေါ်) ဒီးကူပွဲပြုလုပ်

Author

Date

Category

ကန္တာရဝတီတိုင်း (မ်)

ယမန်နေ့ (စက်တင်ဘာလ ၁၇ ရက်နေ့) က မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာ ကရင်နီတို့ရဲ့ ရိုးရာပွဲတော်ဖြစ်တဲ့ အဲဒိုပေါ်မီ (ခေါ်) ဒီးကူပွဲတော်ကို မလေးရှားရောက် ကရင်နီလူငယ်တွေ ဦးဆောင်ပြီး ကျင်းပ ပြုလုပ်ခဲ့ ကြပါတယ်။

အခုလို အဲဒိုပေါ်မီပွဲတော်ကို ကျင်းပရခြင်းဟာ ကရင်နီလူငယ်တွေအနေနဲ့ အဲဒိုပေါ်မီရဲ့ နောက်ခံသမိုင်းအကြောင်း သိရှိဖို့ ရည်ရွယ်တာဖြစ်တယ်လို့ မလေးရှားရောက် ကရင်နီလူငယ် ဥက္ကဌ ခူးဂျိုးဇက်ထျားရုက အခုလိုပြောပါတယ်။

“ပြည်တွင်းမှာ သူတို့ဒီလိုမျိုး ကျင်းပဖို့ အခွင့်အခါမရှိဘူးပေါ့နော်။ သွားပြီးတော့ပါဝင်ခဲ့တယ် ဆိုသော်ငြားလဲ ဒီအတိုင်းပဲ သွားလည်တယ်။ သွားပြီးပြန်လာတယ်။ ဒီပွဲကျင်းပရတဲ့ နောက်ခံသမိုင်း အကြောင်းကို တော်တော်များများက မသိခဲ့ဘူး၊ နားမလည်ခဲ့ဘူး။ ဆိုတော့ တချို့လူငယ်တွေရဲ့ အမြင်မှာ အဲဒိုပေါ်မီ၊ ဒီးကူပွဲက ကယားတွေနဲ့ပဲ သက်ဆိုင်တယ်ဆိုတဲ့ အမြင် ခံယူချက်တွေ ရှိကြတယ်ပေါ့နော်။ ဆိုတော့ ဒီအမြင်တွေကို အားလုံးနဲ့ဆိုင်ပါတယ် ဆိုပြီးတော့မှ အမြင်မျိုးပေါ့လေ ပြန်လည် သိရှိနိုင်အောင် ဆိုပြီးတော့မှ ကျနော်တို့ အဓိက ရည်ရွယ်တာဖြစ်တယ်” လို့ သူက ပြောပါတယ်။

မလေးရှားမှာ အဲဒိုပေါ်မီပွဲတော်မှာ အခမ်းအနားအစီအစဉ်တွေ အပြင် ဘောလုံးပြိုင်ပွဲ၊ ဈေးရောင်းပွဲတော် နဲ့ လက်မှတ်ရောင်းပွဲတွေကို ပြုလုပ်ပြီး ရရှိလာတဲ့ ရံပုံငွေတွေကို တော်လှန်ရေးအတွက်နဲ့ ကရင်နီစစ်ရှောင်တွေ အတွက် ပြန်လည်လှူဒါန်းသွားမှာဖြစ်တယ်လို့ ခူးဂျိုးဇက်ထျားရုက ဆက်ပြောပါတယ်။

“ ဒီပွဲမှာ ကနော်တို့ ဈေးရောင်းရတဲ့ အမြတ်ငွေတွေ နဲ့ ဘောလုံးပွဲက ရတဲ့ငွေကြေးတွေ အဲဒီအတွက်တော့ ကျနော်တို့ ၈၀ ရာခိုင်နှုန်းလောက်ကို ပြန်လှူဖို့ရှိတယ်။ အဓိကက ဗျူဟာ (၆) ကပြုလုပ်တဲ့ ပရောဂျက်မှာ အများစု ထည့်ဖြစ်မယ်။ နောက်တခြားသော တော်လှန်ရေးတပ်ဖွဲတွေလည်း ကျနော်တို့ဆီမှာ တရာဝင် အကူအညီတောင်းထားတဲ့ ဟာတွေလည်း ရှိတယ်၊ ဒီစစ်ရှောင်တွေ အတွက်ကောပဲ ဒီရံပုံငွေကနေ ရလာတဲ့ အကျိုးအမြတ်တွေကို အဲဒီထဲမှာပဲ အကုန်လုံး ပြန်လှူမယ်” လို့ သူက ပြောပါတယ်။

အဆိုပါ ကျင်းပတဲ့ အဲဒိုပေါ်မီပွဲတော်မှာ ကရင်နီတိုင်းရင်းသားတွေအပြင် တခြားသော ဗမာတိုင်းရင်းသားများနဲ့အတူ ကရင် ၊ ပအိုဝ့် နဲ့ မွန် စတဲ့ တိုင်းရင်းသားတွေ တက်ရောက်အားပေးခဲ့ကြပါတယ်။

တက်ရောက်လာတဲ့ ဧည့်သည်တော်တွေကို ရိုးရာအကတွေနဲ့ ဖျော်ဖြေပေးတာတွေ ၊ အဲဒိုပေါ်မီနောက်ခံသမိုင်း ဖတ်ကြားတာနဲ့ ဒီးကူနဲ့ ဧည့်ခံတာတွေပြုလုပ်ခဲ့ပြီး လူဦးရေ ၁၀၀၀ ဝန်းကျင် ပါဝင်ဆင်နွဲခဲ့ကြတယ်လို့ သိရပါတယ်။

spot_img
spot_img
spot_img

Recent posts