spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

မဟာမိတ်ဖွဲ့ထားတဲ့ဒေသခံနှစ်ပါတီတွင် အမျိုးသမီးကိုယ်စားလှယ်လောင်းပါဝင်မှု ၃၂ ရာခိုင်းနှုန်းကျော်ရှိ

Author

Date

Category

နော်ဒွေးအယ်ခူ

၂၀၂၀ ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်မယ့် အခြေစိုက်ပါတီ ကယားပြည်နယ်အခြေစိုက် နှစ်ပါတီဖြစ်တဲ့ ကယန်းအမျိုးသားပါတီ (KNP) နဲ့ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ (KySDP) ပါတီ၊ နှစ်ပါတီပေါင်းမှာ အမျိုးသမီးကိုယ်စားလှယ်လောင်း ၃၂ရာခိုင်နှုန်းကျော် ပါဝင်ပါတယ်။

နှစ်ပါတီပေါင်း ကိုယ်စားလှယ်လောင်း ၄၀ ဦး ရှိတဲ့ အထဲမှာ အမျိုးသမီးကိုယ်စားလှယ်လောင်း ၁၃ ဦးပါဝင်ပြီး ရာခိုင်နှုန်းနဲ့ဆိုရင် ၃၂ ရာခိုင်နှုန်းဖြစ်ပါတယ်။

ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီ (KySDP) မှာ အမျိုးသမီးကိုယ်စားလှယ်လောင်း ၈ ဦး၊နဲ့ ကယန်း အမျိုးသားပါတီမှာ ၅ ဦးပါဝင်တာဖြစ်ပါတယ်။

“ကိုယ်စားလှယ်လောင်း(၁၀)ဦးထဲမှာ အမျိုးသမီးက ၅ဦးပါ ပါတယ်။ ရှေ့နေအသင်းကတချို့ပါသလို တစ်ဖက်မှာကတော့ CsO, NGO မှာလုပ်ခဲ့တဲ့ လူငယ်အသင်းအဖွဲ့တွေကလူတွေပါတယ်။ ကျတော်တို့ကတော့ ဒီရွေးကောက်ပွဲမှာ အရည်အချင်းရှိတဲ့ကိုယ်စားလှယ်လောင်းတွေနဲ့အများဆုံးထည့်ထားပြီးမှ ကျား/မ မတူကွဲပြားမှုကို ပါနိုင်အောင်ထည့်ထားတယ်”လို့ ကယန်းအမျိုးသားပါတီ (KNP) ဥက္ကဌ ခွန်းဘီထူးက ပြောပါတယ်။

KNP ပါတီရဲ့ အမျိုးသမီးကိုယ်စားလှယ်လောင်းတွေကတော့ ကယန်းလူမျိုးအများစုနေထိုင်ကြတဲ့ တောင်ကြီးခရိုင် အမျိုးသားလွှတ်တော်အမှတ်(၄)မဲဆန္ဒနယ်၊ ဖယ်ခုံမြို့နယ် ပြည်နယ်လွှတ်တော်အမှတ်(၁)မဲဆန္ဒနယ်၊ မယ်စဲ့မြို့နယ် ပြည်နယ်လွှတ်တော်အမှတ်(၁)မဲဆန္ဒနယ်၊ ဒီမော့ဆိုမြို့နယ် အမျိုးသားလွှတ်တော် အမှတ်(၂)မဲဆန္ဒနယ်၊ သံတောင်ကြီးမြို့နယ် ပြည်နယ်လွှတ်တော်အမှတ်(၂)မဲဆန္ဒနယ် တွေမှာ ဝင်ရောက်ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။

KySDP ပါတီဝင်အမျိုးသမီးကိုယ်စားလှယ်လောင်းတွေကတော့ ကယားပြည်နယ်အတွင်းက အမျိုးသားလွှတ်တော်မဲဆန္ဒနယ်မှ ၄ ဦး၊ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မှ ၂ဦး၊ ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်မှ ၂ဦး ပါဝင်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။

“အမျိုးသမီးပါဝင်ဖို့အတွက်ကတော့ ကျတော်တို့အမြဲစည်းရုံးနေတယ်ပေါ့နော။ အခုပြောနေကြတဲ့ အမျိုးသမီး ၃၀%ပါရမယ်ဆိုတဲ့ဟာက ကျတော်တို့ကဒီထက်မက ပါစေချင်တာပေါ့။အမျိုးသမီးကို ဘာဖြစ်လို့လဲဆိုရင် ကျတော်တို့ပြည်နယ်ပဲကြည့်ကြည့် တစ်နိုင်ငံလုံးပဲကြည့်ကြည့်၊ အမျိုးသမီးလူဦးရေဟာ အမျိုးသားထက်ပိုပြီးတော့ များတယ်လေ။ အဲ့တော့ အမျိုးသမီး ပိုပြီးတော့ဝင်လာလေလေ ပါတီမှာအားကောင်းလေလေပေါ့။ကျတော်တို့အစကတည်းက အဲလိုမျိုး ရည်ရွယ်ထားတာရှိပါတယ်။ သို့သော်လည်းပဲ ကျတော်တို့ပြည်နယ်မှာက အမျိုးသမီးက နိုင်ငံရေးနယ်ပယ်မှာလုပ်ရှားတာအင်မတန်နည်းတယ်ပေါ့။အကြောင်းအမျိုးမျိုးကြောင့် ဖြစ်လည်းဖြစ်ပါလိမ့်မယ်ပေါ့။” လို့ ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီ ဥက္ကဌ ခူးဖိုးရယ်က ပြောပါတယ်။

ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီကနေ ပြည်သူ့လွတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်မဲ့ နော်မားကရက်စိန်က “ကျမခံယူချက်က ကယားပြည်နယ်မှာရှိတဲ့မျိုးနွယ်စုအားလုံးနဲ့ ကျမပူးပေါင်းလုပ်မယ်ဆိုရင်တော့ ကျမဒေသဖွ့ံ့ဖြိုးဖို့ အဖက်ဖက်တိုးတက်ဖို့ဆိုရင်တော့ ကျမ ကယားဒီမိုကရက်တစ်မှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့အသင့်တော်ဆုံးဖြစ်မယ်။အဲဒါကြောင့် ကျမဝင်ပြိုင်ခြင်းဖြစ်တယ်ပေါ့။” လို့ပြောပါတယ်။

ဒေသအခြေစိုက် တိုင်းရင်းသားပါတီဖြစ်တဲ့ ကယန်းအမျိုးသားပါတီ(KNP) ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ(KySDP)တို့ က ပူးပေါင်းမဟာမိတ်ဖွဲ့ထားပြီး ကယားတစ်ပြည်နယ်လုံး မဲဆန္ဒနယ်မြေ (၃၄)နေရာကို ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပြီး
KySDP က (၃၀)နေရာနဲ့ KNP က(၄)နေရာ ဝင်ရောက်ယှဉ်ပြိုင်သွားဖို့သဘောတူညီထားကြောင်း သိရပါတယ်။

spot_img
spot_img

Recent posts