spot_img
Monday, May 29, 2023
spot_imgspot_imgspot_imgspot_img

မားခရော်ရှေ့ ကျေးရွာနဲ့ ထားလဲကျေးရွာအကြားမှာ တိုက်ပွဲဖြစ်ပွားခဲ့

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ယမန်နေ့ မေလ ၃ရက်နေ့က ဖရူဆိုမြို့နယ် မားခရော်ရှေ့ကျေးရွာနဲ့ ထားလဲကျေးရွာအကြားမှာ စစ်ကောင်စီနဲ့ ကရင်နီဒေသခံ ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တို့ ၁နာရီကြာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံ တစ်ဦးဆီကနေသိရပါတယ်။

တိုက်ပွဲအပြီး စစ်ကောင်စီက ၁၂၀မမ၊ ၆၀မမ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တဲ့အတွက် တိုက်ပွဲဖြစ်ပွားတဲ့နေရာအနီးက ဒေါပိုရှေ့ကျေးရွာကို ကျရောက်ခဲ့ပြီး နေအိမ်နှစ်လုံး ပျက်စီးသွားတယ်လို့ ၎င်းကဆက်ပြောပါတယ်။

“ လက်နက်ကြီးတွေနဲ့ လှမ်းပစ်တာပေါ့နော။ ဒါပေမယ့် ရွာထဲမှာ ကျတာကတော့ တော်တော်များသွားတယ်။ နေအိမ်တစ်လုံး နှစ်လုံးတော့ ပျက်စီးသွားတယ်ပေါ့။ လက်နက်ကြီး ကျထိတယ်လို့ ပြောရမှာပေါ့။ အိမ်ဘေးမှာကျတော့ ရွာထဲကို သူတို့ကလည်း ခန့်မှန်းတယ်လေ။
အဲ့တာခန့်မှန်းတော့ အနီးဆုံးရွာကိုပဲ လှမ်းပစ်ကြတာပေါ့။ အဲ့လို ပုံစံမျိုးပါပဲ။” လို့ ဖရူဆို ဒေသခံ တစ်ဦးက ပြောပါတယ်။

စစ်ကောင်စီနဲ့ KA၊ KNDF B-15တို့ မနက် ၁၀နာရီ ၄၀ မိနစ်ကနေ တိုက်ပွဲစတင်ဖြစ်ပွားခဲ့တာဖြစ်ပြီး စစ်ကောင်စီဘက်က ၂ဦးထက်မနည်း သေဆုံးသွားတယ်လို့ KNDF B-15 ထုတ်ပြန်ထားပါတယ်။

ကရင်နီပြည်မှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီနဲ့ ကရင်နီဒေသခံ ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ နေ့စဉ်နီးပါး တိုက်ပွဲဖြစ်ပွားနေပါတယ်။

တိုးတက်သောကရင်နီပြည်သူ့အင်အားစု ( PKPF )ရဲ့ ၂၀၂၂ခုနှစ် ဧပြီလ ( ၃၀ )ရက်နေ့အထိ ကောက်ယူထားတဲ့ စာရင်းအရ တိုက်ပွဲပေါင်း ၂၇၄ကြိမ်ဖြစ်ပွားပြီး စစ်ကောင်စီဘက်က ၁၀၆၅ဦးသေဆုံးသလို ကရင်နီဒေသခံ ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဘက်က ၁၁၆ဦး ကျဆုံးသွားတယ်လို့ ထုတ်ပြန်ထားပါတယ်။

Recent posts