ဦးမြာ
ထုိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့မှာတိုင်းရင်းသားဒေသကအမျိုးသမီးနဲ့ကလေးငယ်တွေခိုလှုံရာနေရာတစ်ခုုရှိပါတယ်။ အဲဒါကတော့Social Action for Children and Women လိုု့ခေါ်တဲ့ SAW Foundation ဖြစ်ပါတယ်။
ထိုင်း-မြန်မာနယ်စပ်မဲဆောက်မြို့ကအမျိုးသမီးနဲ့ကလေးစောင့်ရှောက်ရေးဂေဟာ SAW Foundation ဟာဆိုရင်မိဘမဲ့၊စွန့်ပစ်ခံ၊ထောင်လွှဲ၊လူကုန်ကူးခံရတဲ့ကလေးနဲ့အမျိုးသမီးတွေကိုကူညီစောင့်ရှောက်ပေးနေတာအခုဆို၁၉နှစ်ရှိပါပြီ။
အဲဒီမှာရောက်လာတဲ့ ကလေးတွေကို သူတို့ဘဝရေရှည်ရပ်တည်နိုင်ဖို့အတွက် ပညာရေးဆက်လက်သင်ယူနိုင်ဖို့ အဓိက စီစဉ်ပေးနေတယ်လို့ Advocacy fundraising Coordinator ဦးမင်းမင်းက ပြောပါတယ်။
“ကျနော်တို့ဆီရောက်လာတဲ့မိဘမဲ့ကလေးအားလုံးကို ထိုင်းကျောင်းပို့တယ်။ အသက်ကြီးမှရောက်လာတဲ့ ကလေးတွေကိုတော့ ကျနော်တို့ SAW ကဖွင့်ထားတဲ့ Migrant ကျောင်းမှာထားတယ်။ ဆိုတော့အခြေခံအချက်အလက်က ဘာလဲဆိုတော့ ကျနော်တို့ဆီမှာ မိဘမဲ့အဖြစ်ရောက်လာတဲ့သူတွေက သူတို့ကိုကျနော်တို့ပေးနိုင်တာက ပညာရေးတစ်ခုပဲရှိတယ်။” လို့ ဦးမင်းမင်းကပြောပါတယ်။
ကလေးတွေဟာဆိုရင် မြန်မာစကားတွေပြောနေပေမဲ့ မြန်မာနိုင်ငံသားဖြစ်ခွင့်မရသလိုထိုင်းနိုင်ငံသားအဖြစ်လည်းမရရှိသေးပါဘူး။
ကျောင်းသူတစ်ဦးဖြစ်တဲ့ ယမင်းလှိုင်က “ဗမာပြည်ကိုလည်းသွားကြည့်ချင်တယ်။ မြန်မာစကားသေချာမတတ်သေးဘူး။ပျော်တယ်။ ကိုယ့်ဘာသာစကားပြောရတယ်။မြန်မာလို့ခံယူတယ်ကိုယ့်ကိုယ်ကိုု။” လို့ပြောပါတယ်။
အဓိကထုတ်ပေးခဲ့တဲ့အကြောင်းအရာကတော့ နံပါတ်၁က မိဘမဲ့ကလေးဖြစ်ရမယ်။ ထိုင်းနိုင်ငံထဲကဆေးရုံသို့မဟုတ်ဆေးခန်းမှာမွေးရမယ်။ အဲဒီကလေးတွေဟာထိုင်းကျောင်းတက်ရမယ်။ ထိုင်းကျောင်းတက်တဲ့ကလေးတွေကထိုင်းနိုင်ငံကထုတ်ပေးထားတဲ့ဂဏန်း၁၃လုုံးပါအထောက်အထားကတ်ကလေးရှိရမယ်။ အဲဒီအချက်၄ချက်ပါရင်နိုင်ငံသားလျှောက်ခွင့်ရှိတယ်လို့ သိရပါတယ်။
ထိုင်းဥပဒေအရကိုက်ညီတဲ့ SAW က ကလေး၄၆ယောက်ကိုမဲဆောက်မြို့နယ်အဆင့်ကနေဖေဖော်ဝါရီလ ၄ရက်နေ့မှာပထမဆုံးနိုင်ငံသားအဖြစ်သတ်မှတ်ပေးခဲ့ပါတယ်။
“အထောက်အထားရှိတဲ့ကလေးတွေကိုနိုင်ငံသားလျှောက်ပေးခဲ့တယ်။”လို့ ဦးမင်းမင်းက ပြောပါတယ်။
မြန်မာနိုင်ငံသားအဖြစ်မှတ်ပုံတင်ဖို့လည်းအထောက်အထားမရှိတဲ့အတွက်ခက်ခဲနေပါတယ်။နေပြည်တော်အဆင့်ညွှန်ကြားရေးမှူးတွေကလာရောက်လည်ပတ်တာရှိပေမဲ့နောက်ဆက်တွဲအခြေအနေမထူးသေးဘူးလို့ပြောပါတယ်။
ကိုမင်းမင်း “နောက်တစ်ခုက သူတို့တွေဟာမိဘမဲ့ဖြစ်တယ်။ ကျနော်တို့ပဲအဖေ၊ အမေ၊ သူတို့မိသားစုပေါ့။ ဒီလိုပဲသဘောထားတယ်။ ပရိုဂမ်တစ်ခုက ပိုက်ဆံမရှိရင်ရပ်ပစ်လိုက်လု့ိရတယ်။ ဒီကလေးတွေကိုကျတော့ ကျနော်တို့ရပ်ပစ်လိုက်လို့မရဘူး။ ဆိုတော့ ဒီကလေးတွေကိုနေ့စဉ်ထမင်း၂နှပ်၃နှပ်ကျွေးဖို့ ကျနော်တို့မှ ာတာဝန်ရှိတယ်။ နေ့စဉ်သူတို့အသိပညာ ဖွံ့ဖြိုးဖို့တာဝန်ရှိတယ်။ဒါ့အပြင်သူတို့ဘဝ သူတို့ရပ်တည်ဖို့တာဝန်ရှိတယ်။ အဲဒီတာဝန်တွေဟာကျနော်တို့ပေါ်မှ ာမူတည်တယ်။” လို့ ပြောပါတယ်။
အစိုးရတွေမှာတော့ Education for all, Education freedom for all ဆိုပေမဲ့တချို့ကုန်ကျစရိတ်တွေကရှိနေသေးတော့ အလှူရှင်တွေစိတ်ပါဝင်စားတဲ့ သူငယ်ချင်းမိတ်ဆွေတွေမှာထပ်ပြီးအကူအညီတောင်းဖြည့်ရတယ်လို့ဆိုပါတယ်။ ကျောင်းသားတစ်ယောက်ကတစ်နှစ်မှာပျှမ်းမျှ ထိုင်းဘတ်ငွေ ၆,၀၀ဝ ပတ်ဝန်းကျင်လောက်ကုန်တယ်လို့သိရပါတယ်။
SAW Foundation မှာ HIV ရောဂါကူးစက်ခံရတဲ့ အမျိုးသမီးတွေကိုလည်းသီးသန့်ပြုစုထားတာရှိပါတယ်။မသန်စွမ်းကလေးငယ်တွေကိုလည်းပြုစုစောင့်ရှောက်ပေးပါတယ်။
မသန်စွမ်းစောင့်ရှောက်သူ အဘွားဌေးက ” စဝင်ကတည်းကအဘွားဌေးကမသန်စွမ်းအတွက်ပဲဝင်တာ။အဘွားထိန်းရတာဆို၅ယောက်။၅ယောက်ထဲမှာဒီတစ်ယောက်ပဲကျန်ခဲ့တယ်။အကုန်လုံးဆုံးကုန်ပြီ။” လို့ ပြောပါတယ်။
SAW မှာလက်ရှိကလေး၂၀ဝခန့်ရှိပြီးအယောက် ၈ဝကတော့ထိုင်းကျောင်းမှာပညာသင်ယူနေပါတယ်။ကျန်တဲ့ကလေးတွေကတော့ SAW တည်ထောင်ထားတဲ့ကျောင်းမှာပဲပညာသင်ကြားနေကြတာဖြစ်ပါတယ်။