spot_imgspot_imgspot_imgspot_img
Saturday, July 20, 2024
spot_imgspot_imgspot_imgspot_img

မိုင်းကြောင့် ဘယ်ခြေဆုံးရှုံးခဲ့ရပေမယ့် ဘဝကို အရှုံးမပေးသူ ဆေးတပ်သား ရဲဘော် မောင်ဂျူးအောင်

အသက် ၁၈ နှစ် အရွယ်သာရှိသေးပြီး ကရင်နီအမျိုးသားများကာကွယ်ရေးတပ် တပ်ရင်း (၁) တပ်ခွဲ(၃) မှာ ဆေးတပ်သားအဖြစ်တာဝန်ထမ်းဆောင်နေတဲ့ ရဲဘော် မောင်ဂျုးအောင်တစ်ယောက် မိုင်းကြောင့် ဘယ်ခြေတစ်ဖက်ကို ဆုံးရှုံးခဲ့ရပါတယ်။

“ ထိတဲ့နေ့ကတော့ ၂လပိုင်း ၁၀ရက်နေ့ တုန်းက ဒီးမော့ဆိုတိုက်ပွဲ တစ်နေရာမှာ အဲ့မှာ ကျနော် ခြေထောက်ထိခဲ့တယ်ပေါ့နော။ မိုင်းထိခဲ့တယ်။ အဲ့ဒါ ဘယ်လိုထိလဲဆိုတော့ ကျနော် ဒီ မနက်ပိုင်းအချိန်မှာ ကျနော်တို့ တိုက်ပွဲစဖြစ်တယ်။ ပြီးတော့ နှစ်ဖက်ပြန်လှန်ပစ်ခတ်ကြရင်းနဲ့ ကျနော်တို့ ရဲဘော်တစ်ယောက် လက်နက်ကြီး ထိမှန်ခဲ့တာပေါ့။ ကျနော်တို့ အဲ့မှာ သွားပြီးတော့ ကူညီကယ်ဆယ်ခဲ့တယ်ပေါ့။ ကူညီကယ်ဆယ်ပြီးတော့ ကျနော်ကတော့ အပြန်လမ်းမှာမှာ မိုင်းပြန်နင်းမိတာပေါ့။ ဘယ်ခြေတစ်ဖက် ဆုံးရှုံးခဲ့တယ်ပေါ့။ “

အာဏာသိမ်းပြီးနောက် စစ်အာဏာရှင်ကို ဆန့်ကျင်ဖို့အတွက် လက်နက်ကိုင်လာခဲ့ကြတဲ့ သူတွေအထဲမှာ အများစုက လူငယ်တွေဖြစ်ပါတယ်။ အဲ့ဒီအထဲ မောင်ဂျူးအောင်ကလည်း တော်လှန်ရေးမှာ ဆေးတပ်သားအဖြစ်တာဝန်ထမ်းဆောင်ခဲ့ရတဲ့ အကြောင်းရင်းကို အခုလိုပြောပြပါတယ်။

“ ကျနော်တို့ ရဲဘော်တချို့ဆိုလို့ရှိရင် မဖြစ်စလောက် အစနည်းနည်း ကျည်ဆံနည်းနည်းလေးနဲ့ မသေသင့်ပဲနဲ့ သေခဲ့တယ်။ တချို့ ဆို လက်တွေ ခြေတွေပဲထိတယ် ဒါပေမယ့် သွေးထွက်လွန်ပြီး သေသွားတာတို့ အဲ့မှာ ဆေးဖက်ဆိုင်ရာ မကျွမ်းကျင်တဲ့လူလည်း ရှိလို့ပေါ့။ အဲ့လိုမျိုးတွေရှိတော့ အဆုံးရှုံးတွေလည်း များခဲ့တယ်ပေါ့။ အဲ့ဒီနောက် ပိုင်းမှာ ကျနော်လည်း ကိုယ့်ရဲဘော်ရဲဖက်တွေ ကျနော်နိုင်သလောက် ကယ်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဝင်ခဲ့တယ်။ ကျနော်က ဒေါက်တာအဆင့်တို့ လောက် မဟုတ်ပဲနဲ့ တတ်နိုင်သလောက် ကိုယ်ကယ်ရမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကျနော် ဆေးတပ်သားဝင်ခဲ့တယ်။ “

သူကတော့ ရဲဘော် ဖြစ်ပြီး ၇လအကြာမှာ မိုင်းနင်းမိခဲ့တာဖြစ်ပါတယ်။ အရွယ်နဲ့ မမျှတဲ့ ဆုံးရှုံးမှု တစ်ခုကို ကြုံခဲ့ရပေမယ့် လက်ရှိတော်လှန်ရေးမှာလည်း ပါဝင်ဖို့ကြိုးစားဦးမယ်လို့ ဆိုပါတယ်။

“ ကျနော်တို့ မိုင်းထိတာကတော့ ထုံးစံအတိုင်းပဲလေ ထိတဲ့သူက ဘယ်သူဖြစ်ချင်မှာတုန်း စိတ်ဓါတ်တွေ ကျကြမှာပဲလေ။ ကျနော်တို့ ဟိုးဖက်ရောက်သွားတယ်။ ဟိုးဖက် ရောက်သွားတော့ စိတ်ဓါတ်ကျတာရှိတယ် ကိုယ့် စိတ်ကိုပြန်ပြီးတော့ အားမွေးတယ်။ ငါ ဒီ အလုပ်တွေ ပြန်လုပ်နိုင်ရမယ်။ အနည်းဆုံး အရင်လို ရှေ့တန်း မသွားနိုင်တော့ဘူးဆိုရင်တောင်မှ အနည်းဆုံး ဒီစစ်ဇုန်မှာ ဖြစ်ဖြစ် Danger Zoneမှာ ဖြစ်ဖြစ် လုပ်နိုင်ရမယ် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ အားတင်းထားခဲ့တယ်။ “

လက်ရှိမှာဆိုရင်တော့ အွန်လိုင်းကနေ ၁၀ တန်းပြန်လည် ဖြေဆိုဖို့အတွက် ပညာပြန်လည်သင်ကြားနေပါတယ်။ မောင်ဂျုးအောင် ဟာဆိုရင် ဘဝကို အရှုံးမပေးတတ်တဲ့ လူငယ်ပီပီ ဖြစ်ချင်တဲ့ ရည်ရွယ်ချက်ကို ကြိုးစားအကောင်အထည်ဖော်လျက်ရှိနေပါတယ်။

“ ဒီအခြေအနေတွေပြီးရင်ပေါ့ ဒီတော်လှန်ရေးတွေ ပြီးသွားရင် အားလုံးကလက်နက်တွေပဲဆက်ကိုင်ကြမှာမဟုတ်ဖူး ကျွန်တော်တို့ဒီ ကိုယ့် ဘဝကိုယ် ဆက်ပြီးလျှောက်လှမ်းကြမဲ့ လူတွေလဲရှိတာပေါ့ အဲ့မာ ကျွန်တော်တို့ကလဲ ပညာသင်မယ် သင်ပြီးတာနဲ့ ပညာတတ်တစ်ယောက်ဖြစ်တဲ့အခါကျရင် ကျွန်တော် ဒီ ဆရာဝန် သို့မဟုတ် အင်ဂျင်နီယာ တို့ဖြစ်ဖြစ် ကျွန်တော် လုပ်မယ်လို့တော့ ရည်ရွယ်ချက်တော့ရှိတာပေါ့ “

spot_img
spot_img