spot_img
Sunday, October 1, 2023
spot_imgspot_imgspot_imgspot_img

မိုင်းနင်းမိတဲ့ ကလေးအတွက် ခြေတုတပ်ဖို့ အရေးပေါ် အလှူငွေလိုအပ်နေ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည် ဖားဆောင်းမြို့နယ်က ၁၄ နှစ်အရွယ် ကလေးတစ်ဦးဟာ မြေမြုပ်မိုင်းကြောင့် ညာခြေထောက် ဆုံးရှုံးလိုက်ရပြီး ခြေတုတပ်ဆင်ဖို့ အလှူငွေလိုအပ်နေတယ်လို့ သိရပါတယ်။

“ကလေးက ၈တန်းကျောင်းသားလေးပါ။ ဖားဆောင်း တိုက်ပွဲတွေဖြစ်ပြီးတော့ ကလေးကသူ့အဖေနဲ့ နွားပျောက်လို့သွားလိုက်ရှာရင်း ဖားဆောင်း မြို့အထွက် စေတီ နားမှာ ကလေးအဖေက ရှေ့ကသွားတာလွတ်သွားပြီး ကလေးက မိုင်းနင်းမိသွားတော့ ခြေထောက် ပြတ်ချိန်မှာ သွေးပူနေတုန်း ကလေးစိတ်က ရတယ်အဖေ လို့ပြောတော့ ဖားဆောင်း ဆေးရုံ ပဲတက်ခဲ့တယ်။ ကုမရတော့ ဖားဆောင်းကနေ လွိုင်ကော် ကို ကားနဲ့လာဖို့ခက်တော့ စစ်တပ်က ကလေးကို ပို့ခ မယူပဲ လွိုင်ကော် ဆေးရုံကို ဟတ်စကီးနဲ့လာပို့ လို့ ဆေးရုံ တပတ်တက်တယ်။ ခြေဖြတ် ပြီးဆင်းခိုင်းတယ်။ ပြီး တရက်ခြား ဆေးရုံပြနေရတယ်။”လို့ အဆိုပါကလေး မိသားစုရဲ့ နီးစပ်ရာဆွေမျိုးတစ်ဦးက ပြောပါတယ်။

အဆိုပါ ကလေးဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ဒုတိယပတ်မှာ နွားပျောက်ရှာရင်းနဲ့ မိုင်းနင်းမိတာဖြစ်ပြီး ညာ ခြေထောက်တစ်ဖက်ကို ဖြတ်ထားလိုက်ရတာဖြစ်ပါတယ်။ မိသားစုဝင် ၅ဦးအနက် ဒုတိယမြောက်သားဖြစ်တယ်လို့သိရပါတယ်။

လက်ရှိမှာ အဆိုပါ ကလေးနဲ့ မိဘတွေဟာ လွိုင်ကော်မြို့မှာ စစ်ရှောင်ရင်း လွိုင်ကော်ဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေတယ်လို့ သိရပါတယ်။

ဆေးကုသမှုကုန်ကျစရိတ်တွေကို တစ်ယောက်နည်းနည်းဆီ လာလှူကြတာရှိတယ်လို့ ထိခိုက်သွားတဲ့ အဆိုပါကလေးရဲ့ အစ်မတော်စပ်သူထံကနေ သိရပါတယ်။

“သူတို့က ဖားဆောင်းမှာနေတာပါ။ ဖားဆောင်းဖက်မိုင်းနင်းမိပြီး ဖားဆောင်းဆေးရုံကို ၄ရက်တက်ပြီးမှ လွိုင်ကော်ဖက်ကိုယူတက်လာတာပါ။ ဆေးကုသမှုက အဖွဲ့လိုက်တော့မရှိဘူး။ တစ်ယောက်နည်းနည်းလှူကြတယ်”လို့ ဆိုပါတယ်။

အဆိုပါကလေးဟာ ခြေထောက် တဖက်ဖြတ်လိုက်ရတဲ့အပြင် နောက်ခြေတဖက်နဲ့ လက်တွေပါ ဒဏ်ရာရရှိထားတယ်လို့ သိရပါတယ်။

Recent posts