spot_imgspot_imgspot_imgspot_img
Thursday, February 20, 2025
spot_imgspot_imgspot_imgspot_img

မိုးဗြဲကျေးရွာအုပ်စုအတွင်း လက်နက်ကြီးကျတဲ့အတွက် အသက်(၅၀)ကျော် အမျိုးသားတစ်ဦး ပွဲချင်းပြီးသေဆုံး၊ (၄)ဦး ဒဏ်ရာရ

ကန္တာရဝတီတိုင်း(မ်)

မိုးဗြဲအခြေစိုက် ခမရ (၄၂၂) တပ်ကနေ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ယမန်နေ့(ဧပြီ ၂ရက်)က မိုးဗြဲကျေးရွာအုပ်စု အရှေ့ဖက်ကမ်း ကျေးရွာတွေထဲ လက်နက်ကြီး ကျရောက်ခဲ့ပြီး အသက်(၅၀) ကျော် အမျိုးသားတစ်ဦး ပွဲချင်းပြီးသေဆုံးခဲ့ပြီး လူငယ်တစ်ဦးနဲ့ လူကြီးလေးဦး ထိခိုက်ဒဏ်ရာပြင်းထန် ရရှိခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) တပ်ရင်း (၃) က ယမန်နေ့က သတင်းထုတ်ပြန်ပါတယ်။

ဧပြီ(၂)ရက်နေ့ မနက်(၇)နာရီဝန်းကျင်လောက်မှာ လက်နက်ကြီးရမ်းသမ်းပစ်ခတ်နေခဲ့တာဖြစ်ပြီး ကျေးရွာတွေထဲ လက်နက်ကြီး (၅) လုံးထက်မနည်း ကျရောက်ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။

လက်နက်ကြီးပစ်ခတ်မှုကြောင့် ကျေးရွာဘုရားကျောင်းတစ်ကျောင်း နဲ့ လူနေအိမ်တချို့ လက်နက်ကြီးစ ထိမှန်ပျက်စီးခဲ့ပါတယ်။

စစ်ကောင်စီတပ်မှ စစ်ကြောင်းထိုးဖို့ ပြင်ဆင်တဲ့အနေနဲ့ ကျေးရွာတွေထဲကို တဖက်သတ်လက်နက်ကြီး ရမ်းသမ်းပစ်ခတ်နေတာဖြစ်တယ်လို့ KNDFတပ်ရင်း(၃)က ဆိုပါတယ်။ ပြည်သူလူထုတွေအနေနဲ့လည်း သတိထားသွားလာနေထိုင်ကြဖို့ တိုက်တွန်းထားပါတယ်။

ကန္တာရဝတီတိုင်း(မ် ) ရဲ့ လက်လှမ်းမီသလောက် ကောက်ယူထားတဲ့ စာရင်းအရ မတ်လ တစ်လအတွင်း ကရင်နီပြည်မှာ လက်နက်ကြီးကြောင့် ထိခိုက်ဒဏ်ရာရရှိတဲ့ အရပ်သား ၁၄ ဦးရှိနေပါတယ်။ လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရသူ ရှိသလို သေဆုံးသူ ၅ ဦး ရှိခဲ့ပါတယ်။ အရပ်သား၃ဦးဟာလည်း စစ်ကောင်စီရဲ့ ဖမ်းဆီး သတ်ဖြတ်ခြင်း ခံခဲ့ရပါတယ်။

spot_img
spot_img