spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

မိုးဗြဲတိုက်ပွဲတွင် MBPDF မှ တစ်ဦး ကျဆုံး၊ တိုက်ပွဲပြင်းထန်နေဆဲ

Author

Date

Category

ကန္တာရဝတီတိုင်း (မ်)

ယနေ့ ဇွန်လ ၅ ရက်နေ့တွင် ရှမ်း – ကယား နယ်စပ်ရှိ မိုးဗြဲမြို့မှာ ပြည်သူ့ကာကွယ်ရေးတပ် (MBPDF) နဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တို့ အပြန်အလှန် ပစ်ခတ်မှု ပြင်းထန်နေပြီး MBPDF တပ်ဖွဲ့ဝင်တစ်ဦး ကျဆုံးသွားတယ် လို့ သိရပါတယ်။

” နှစ်ဖြတ်ပစ်နေကြတယ်။ မနက်တစ်ဖြတ်။ ၂နာရီကနေစပီး အခု၅နာရီထိုးခါနီးအထိ ပစ်နေကြတာ။” လို့ ​ဒေသခံတစ်ဦးက ပြောပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်မှ မိုးဗြဲ ၄၂၂ တပ်ရင်းနှင့် လွိုင်ကော် ၂၆၁ တပ်ရင်းတို့မှ လက်နက်ကြီးတွေနဲ့ အဆက်မပြတ် ပစ်ခတ်မှုတွေ ရှိနေပြီး လက်ရှိ (ညနေ ၅ နာရီ )အချိန်ထိ MBPDF တပ်ဖွဲ့ဝင်တစ်ဦး ကျဆုံးကာ ဒဏ်ရာရရှိတဲ့ အရပ်သားပြည်သူတချို့ လည်း ရှိနေပြီး ပစ်ခတ်မှုပြင်းထန်နေဆဲလို့ ကရင်နီအမျိုးသား ကာကွယ်ရေးတပ် KNDF က ညနေ ၅ နာရီမှာ ထုတ်ပြန်ထားပါတယ်။

ဇွန်လ ၄ ရက်နေ့မှာလည်း နှစ်ဖက် ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး ဖမ်းဆီးခံထားရတဲ့ ပြည်သူတွေလည်း ရှိနေပါတယ်။

spot_img
spot_img

Recent posts