spot_img
Sunday, April 2, 2023
spot_img

မိုးဗြဲတိုက်ပွဲအတွင်း လက်နက်ခဲယမ်းတွေကို ပူးပေါင်းတပ်ဖွဲ့ သိမ်းဆည်းရမိ

spot_imgspot_imgspot_imgspot_img
ပူးပေါင်းတပ်ဖွဲ့မှ သိမ်းဆည်းရမိသည့် လက်နက်ခဲယမ်းများ။ (Photo – MBPDF)

ကန္တာရဝတီတိုင်း( မ် )

မိုးဗြဲမြို့အတွင်း စစ်ကြောင်းထိုးလာတဲ့  စစ်ကောင်စီတပ်ကို ကရင်နီဒေသခံ ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ ယမန်နေ့ ( စက်တင်ဘာလ ၈ ) ရက်နေ့က ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီရဲ့ လက်နက်ခဲယမ်းတွေကို သိမ်းဆည်းရမိသလို တပ်သား (၁၀)ဦးထက်မနည်း ထိခိုက်သေဆုံးမှုရှိတယ်လို့ မိုးဗြဲ PDF က ဒီကနေ့ စက်တင်ဘာလ ၉ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။  

စစ်ကောင်စီရဲ့  MA1 – ၂ လက်၊ MA2 – ၃ လက်၊ MA3 – ၄ လက်၊ ငါးကြင်းမှီး – ၁ လက်၊ ကျည်ဘောက် ၂၃ ဘောက်၊ 79 အသီး – ၁၂ လုံး၊ လက်ပစ်ဗုံး – ၅ လုံး၊ နင်းမိုင်း – ၂ လုံး၊ ၆၀မမ – ၃၃ လုံး၊ RPGအသီး -၁၀ လုံး၊ ငါးကြင်းမှီးကျည် – ၃၂၆ ထောင့်၊ M16 ကျည် – 2080 ထောင့်၊ ဖုန်း – ၄ လုံး၊ Keypetဖုန်း – ၁ လုံး၊ Taplet – ၁ လုံး၊ ပိုက်ဆံ – ၆၇၀၀၀ ကျပ် ကို သိမ်းဆည်းရမိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပူးပေါင်းတပ်ဖွဲ့မှ သိမ်းဆည်းရမိသည့် လက်နက်ခဲယမ်းများ။ (Photo – MBPDF)

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၁၀ဦးထက်မနည်း သေဆုံးသလို ၁၂ဦးထက်မနည်း ထိခိုက်ဒဏ်ရာရနိုင်တယ်လို့ ဆိုပါတယ်။ ကရင်နီဒေသခံ ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဘက်က ၃ဦး အသေးစား ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

စက်တင်ဘာလ ၈ ရက်နေ့ မနက် ၈နာရီ ၄၅ မိနစ်ကနေ ညနေ ၆နာရီ ဝန်းကျင်အထိ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဒီကနေ့ စက်တင်ဘာလ ၉ ရက်နေ့မှာလည်း တိုက်ပွဲဖြစ်ပွားနေပါတယ်။ တိုက်ပွဲအတွင်း ကရင်နီဒေသခံကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဘက်က မိုးဗြဲ PDF၊ ဖယ်ခုံ PDF၊  KNDF၊ KA၊ URF၊ နေပြည်တော် PDF၊ KGZ စတဲ့အဖွဲ့တွေ ပါဝင်ခဲ့ပါတယ်။

ဝါရီဆူးပလိုင်ကျေးရွာကနေ မိုးဗြဲမြို့တွင်းကို အင်အား ( ၁၀၀ ) ဝန်းကျင်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပြီး အခုလို စစ်ကြောင်းထိုးလာတာနဲ့ ပတ်သက်ပြီး ဖယ်ခုံ PDF တာဝန်ရှိသူ တစ်ဦးက အခုလို ပြောပါတယ်။

“ဒီမိုးဗြဲကနေ သူတို့ယူပြီးတော့ ဒီမိုးဗြဲကနေ ဝါရီဆူးပလိုင်ဘက်ကို ဒီဝါရီဆူးပလိုင်ကနေ ဟိုးဘက် နန်းမယ်ခုံတို့ ဒီးမောဆို ဘက်တို့ကို ဆက်ဆင်းမယ်လို့တော့ ယူဆရတယ်။ နောက်တစ်ချက်ကတော့ ဝါရီဆူးပလိုင်ဘက်ကလည်း သူတို့ တပ်ပြောင်းမယ်လို့တော့ ယူဆရတယ်။ အဲ့ဒီဘက်အတက် ဟိုးဘက်အဆင်း နဲ့ လူချိန်းတဲ့ပုံစံလုပ်တယ်လို့ ယူဆရတယ်။” လို့ ဖယ်ခုံ PDF တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။  

လက်ရှိမှာတော့ တိုက်ပွဲဖြစ်ပွားတဲ့နေရာအနီးက ဒေသခံတွေဟာ နီးစပ်ရာ ဘုန်းကြီးကျောင်းတွေမှာ သွားရောက်ခိုလှုံနေတယ်လို့ Mobye PDF Rescue Team-MPRT တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

“အရပ်သားပြည်သူတွေကတော့ မနေ့ကတည်းက သေနတ်သံကြားပြီဆိုတာနဲ့ လုံခြုံတဲ့နေရာမှာ လုံခြုံတဲ့ ဘုရားကျောင်းမှာဖြစ်ဖြစ် သွားရောက်ခိုလှုံကြတယ်ပေါ့နော။ အဲ့ဒီမှာပဲ ရှိနေကြတုန်းပေါ့။ အခုလောလောဆယ် ပြောရမယ်ဆိုရင် ပြီးတော့ ထိခိုက်ဒဏ်ရာရတယ်လို့ ဆက်သွယ်လာတာတွေတော့ မရှိသေးဘူးပေါ့နော။ ဘေးကင်းတယ်လို့တော့ ယူဆရပါတယ်။” လို့ ၎င်းက ပြောပါတယ်။

ပူးပေါင်းတပ်ဖွဲ့မှ သိမ်းဆည်းရမိသည့် လက်နက်ခဲယမ်းများ။ (Photo – MBPDF)

ပြီးခဲ့တဲ့ စက်တင်ဘာလ ၃ ရက်နေ့မှာလည်း ကုန်းဆုံကျေးရွာအုပ်စု ထိုင်တော်မူဘုရားတောင်ပေါ်မှာ စခန်းချထားတဲ့ စစ်ကောင်စီတပ်နဲ့ ကရင်နီတပ်မတော် (KA)၊ KNDF/B03၊ BO9၊ B11 တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီက  (၁) ဦးသေဆုံးခဲ့တယ်လို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် ( KNDF ) က စက်တင်ဘာလ ၈ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

spot_imgspot_imgspot_imgspot_img

More from the blog

လူထုထောက်ခံမှုရှိနေသ၍ ပါတီဆက်ရှိနေအုံးမယ်လို့ KySDP ပြော

ကန္တာရဝတီတိုင်း( မ် ) ကရင်နီပြည်နယ်အခြေစိုက် တိုင်းရင်းသားပါတီအပါအဝင် တိုင်းရင်းသားပါတီ ၄၀ ကို ဖျက်သိမ်းကြောင်း စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင် ( UEC ) က မတ်လ ၂၈ ရက်နေ့မှာ ကြေညာခဲ့ပေမယ့် လူထုထောက်ခံမှုရှိနေသ၍ ကတော့ ပါတီဆက်လက်ရှိနေအုံးမှာဖြစ်တယ်လို့ ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီ ( KySDP...

နှစ်ရက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ (၁၅)ဦးသေဆုံး၊ လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့

ကန္တာရဝတီတိုင်း(မ်) ကရင်နီပြည် ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်း ဒေါလျားခူကျေးရွာအနီးရှိ ညေးဘူးခူတောင်ပေါ် ဖက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ကရင်နီတပ်မတော်(KA)၊ KNDF ပူးပေါင်းတပ်ဖွဲ့နဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ ၁၅ ဦးသေဆုံးခဲ့သလို လက်နက်ခဲယမ်းအသုံးအဆောင်ပစ္စည်းတွေ သိမ်းဆည်းမိခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) က ဒီကနေ့ မတ်လ ၃၁ ရက်နေ့မှာ...

တစ်လကျော်ကြာတိုက်ပွဲပြင်းထန်နေတဲ့ ဖယ်ခုံ-ပင်လောင်း နယ်စပ်မှာ လေကြောင်းတိုက်ခိုက်မှုပြင်းထန်စွာ အသုံးပြုနေ

ကန္တာရဝတီတိုင်း(မ်) ပင်လောင်းမြို့နယ်ဖက် စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားနေတာ တစ်လကျော်ကြာရှိနေပြီဖြစ်ပြီး စစ်ကောင်စီဖက် လေကြောင်းတိုက်ခိုက်မှု ပြင်းထန်စွာ သုံးနေတယ်လို့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက ဆိုကြပါတယ်။ မတ်လ (၂၉)ရက်နေ့ ဖယ်ခုံ-ပင်လောင်းနယ်စပ်တစ်နေရာမှာ ဖြစ်တဲ့ တိုက်ပွဲမှာ စစ်ကောင်စီဖက် တိုက်လေယာဉ် (၄)စင်းနဲ့ အပြင်းအထန် တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီရက်တိုက်ပွဲမှာ...

ဒီးမော့ဆိုအရှေ့ဘက်ခြမ်းရှိ အထက်တန်းစာသင်ကျောင်း လေကြောင်းတိုက်ခိုက်ခံရ

ကန္တာရဝတီတိုင်း(မ်) ဒီကနေ့ မတ်လ ၃၀ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန်မှာ ဒီးမော့ဆိုမြို့နယ်အရှေ့ဘက်ခြမ်းကို စစ်ကောင်စီ လေကြောင်းအသုံးပြုတိုက်ခိုက်ခဲ့တဲ့အတွက် အထက်တန်း စာသင်ကျောင်းတစ်ကျောင်း ထိမှန်ပျက်စီးခဲ့ရပါတယ်။ “၁ နာရီ ၁၆မိနစ်မှာ တိုက်လေယာဉ် နှစ်ပတ် ပတ်ပြီးဝဲတာ ဝဲပြီးတော့ ၁၈မိနစ်လောက်မှာ တစ်ခါတည်းတန်းပစ်တာ။ ၈ခေါက်တိတိပစ်တယ်။ လေယာဉ်ဒုံးနဲ့လည်းပစ်တယ် ရွာတစ်လျှောက်...