spot_img
Thursday, June 8, 2023
spot_imgspot_imgspot_imgspot_img

မိုးဗြဲတိုက်ပွဲ နှစ်ဖက်အကျအဆုံးရှိ၊ လက်နက်ခဲယမ်း ပူးပေါင်းတပ်ဖွဲ့သိမ်းဆည်းရမိ

ကန္တာရဝတီတိုင်း(မ်)

ဒီကနေ့ စက်တင်ဘာလ ၁၁ရက်နေ့ မနက်ပိုင်း ၇နာရီအချိန်မှစ ပွဲကုန်း (၃)ရပ်ကွက် ဘုရားကျောင်းဝန်းအနီး တပ်စွဲဖို့ ကြိုးစားနေတဲ့ စစ်ကောင်စီတပ်နဲ့ ကရင်နီပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ နှစ်ဖက်အကျအဆုံးရှိခဲ့တယ်လို့ KNDF သတင်းနှင့်ပြန်ကြားရေးဌာနက ဒီကနေ့ စက်တင်ဘာလ ၁၁ရက်နေ့ ညပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီဖက်မှ ၂၀ဦးကျော် သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူများပြားခဲ့သလို ပူးပေါင်းတပ်ဖွဲ့ဖက်မှ ရဲဘော်နှစ်ဦး ကျဆုံးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

သေဆုံးခဲ့တဲ့ စစ်ကောင်စီတပ်သားအချို့ ကိုင်ဆောင်ခဲ့တဲ့ လက်နက်တွေထဲက MA-1 သေနတ် (၁)လတ် ၊ MA-3 သေနတ် (၂)လက် ၊ RPG သီးများ ၊ (၆၀)မမအသီးများ ၊ ဆက်သွယ်ရေး အထိုင်စက် (၁)လုံး ၊ ကျည်ဆံများနဲ့ အသုံးအဆောင်များကိုသာ သိမ်းဆည်းရခဲ့တယ်လို့ ဆိုပါတယ်။

စက်တင်ဘာလ ၈ရက်နေ့မှ ၁၁ရက်နေ့အထိ ၄ရက်ဆက်တိုက် တိုက်ပွဲပြင်းထန်ခဲ့တဲ့ မိုးဗြဲမြို့ကို စစ်ကောင်စီဖက်က လက်နက်ကြီးအလွန်အကျွံအသုံးပြုပစ်ခတ်ခဲ့သလို ညနေပိုင်း ၃နာရီကျော်အချိန်မှာလည်း တိုက်လေယာဉ်နဲ့ နှစ်ကြိမ်တိတိ လာရောက်ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီဖက်က ပစ်ခတ်တိုက်ခိုက်မှုကြောင့် ပြည်သူလူထုနေအိမ် အများအပြားထိခိုက်ပျက်စီးခဲ့ရပြီး အရပ်သားသေဆုံးမှု၊ ထိခိုက်ဒဏ်ရာရသူ ရှိခဲ့ပါတယ်။ ဒေသခံအများအပြားကလည်း ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

နှစ်ဖက် ထိတွေ့တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်တာကြောင့် မိုးဗြဲမြို့အနီး ဖြတ်သန်းသွားလာခြင်းမပြုလုပ်ကြသေးလို့ ကာကွယ်ရေးတပ်ဖွဲ့အသီးသီးက အသိပေးထားတာရှိပါတယ်။မိုးဗြဲတိုက်ပွဲအတွင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF B-03 ၊ B-11 ၊ ကရင်နီတပ်မတော် KA ၊ မိုးဗြဲ PDF ၊ ဖယ်ခုံ PDF ၊ KRU တို့ပူးပေါင်းပြီး စစ်ကောင်စီတပ်ကို တစ်နေကုန်နီးပါး ခုခံတိုက်ခိုက်ခဲ့တယ်လို့ KNDF က ထုတ်ပြန်ထားပါတယ်။