spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

မိုးဗြဲမြို့ကို ထိန်းသိမ်းရေးလုပ်ပြီး ပြန်လည်အခြေချနိုင်ဖို့ ”မြို့သိမ်း မြို့ထိန်း ကျည်ကမ်ပိန်း” ပြုလုပ်

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

မိုးဗြဲမြို့ပေါ်မှာ တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းသိမ်းနိုင်ခဲ့တဲ့ နေရာတွေအပြင် ကျန်ရှိနေသေးတဲ့ နေရာတွေကို ဆက်လက်ထိန်းနိုင်ပြီး မြို့ပေါ် ပြန်လည် အခြေချနေထိုင်နိုင်ဖို့အတွက် မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် တပ်ရင်း – ၁ ကနေ ”မြို့သိမ်း မြို့ထိန်း ကျည်ကမ်ပိန်း” ပြုလုပ်နေတယ်လို့ သိရပါတယ်။

ကိုယ့်မြို့ကို ထိန်းသိမ်းနိုင်ပြီး ပြန်လည်အခြေချနိုင်ဖို့က လူထုတွေရဲ့ ဆန္ဒဖြစ်သလို တိုက်ပွဲအောင်မြင်နိုင်ဖို့အတွက် ကျည်တွေလိုအပ်နေတာကြောင့် ”မြို့သိမ်း မြို့ထိန်း ကျည်ကမ်ပိန်း” ပြုလုပ်ခြင်းဖြစ်တယ်လို့ မိုးဗြဲPDF တပ်ရင်း(၁)ရဲ့ ကမ်ပိန်းတာဝန်ခံ ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။

“ဒီအာဏာရှင်တွေ ပြုတ်ကျဖို့ဆိုတဲ့ ခေါင်းစဉ်တစ်ခုအောက်မှာဘဲ ကျနော်တို့ သွားနေတဲ့အတွက် ဘယ်စခန်းဘဲဖြစ်ဖြစ်၊ ဘယ်နေရာဘဲဖြစ်ဖြစ်၊ ဘယ်အခြေချတဲ့နေရာဖြစ်ဖြစ် ကျနော်တို့ ရအောင်သိမ်းနိုင်ရင် ဒါဟာ ကျနော်တို့ရဲ့ တော်လှန်ရေးအောင်မြင်မှုတစ်ခုပေါ့နော။ ပြီးတော့ ဘာတွေလိုအပ်လဲဆိုရင် ကျည်တွေလိုအပ်တယ်။ ကျနော်တို့ လက်ရှိအချိန်ကာလတုန်းကဆိုရင် လက်လုပ်တွေနဲ့ဘဲ တိုက်ရတာတွေရှိတယ်။ လေးခွ တွေနဲ့ဘဲ ပစ်ခဲ့ရတာတွေရှိတယ်။ တုတ်တွေ၊ ဓားတွေနဲ့ဘဲ သုံးခဲ့တာတွေရှိတယ်။ အခုနောက်ပိုင်း ပြည်သူလူထုထောက်ခံပါဝင်မှု အားကောင်းတာကြောင့် ကျနော်တို့ အခုချိန်ထိ ကိုယ့်မြို့၊ ကိုယ့်နယ်ကို ဆက်ပြီးထိန်းသိမ်းနိုင်တယ်၊ ဆက်ပြီး တိုက်ခိုက်နိုင်တယ် အောင်မြင်မှုတွေ ဆက်ရနေတယ်။ ဒါကြောင့် ကျနော်တို့ ကျည်တွေ ပိုလိုအပ်တယ်။ ဒီလို စခန်းသိမ်းတွေ များများလုပ်ဆောင်နိုင်ဖို့ ကျည်လည်းများများ ပိုလိုအပ်တဲ့အတွက်ကြောင့် “မြို့သိမ်း မြို့ထိန်း ကျည်ကမ်ပိန်း” ပြုလုပ်ရတဲ့အကြောင်း ဖြစ်တာပေါ့။”လို့ မိုးဗြဲ PDFတပ်ရင်း(၁)ရဲ့ ကမ်ပိန်းတာဝန်ခံ က ဆိုပါတယ်။

မိုးဗြဲမြို့ဟာ လွိုင်ကော်မြို့ ၁လေးလုံး စစ်ဆင်ရေးနဲ့တဆက်တည်း ဆင်နွဲနေတဲ့ စစ်ဆင်ရေးမြို့တစ်ခုဖြစ်ပြီး စစ်ကောင်စီ တပ်စခန်း ၈ ခုထက်မနည်းကိုလည်း တော်လှန်ရေး တပ်ဖွဲ့၀င်တွေက သိမ်းပိုက်ထားတဲ့မြို့ ဖြစ်ပါတယ်။

မိုးဗြဲ PDFတပ်ရင်း(၁)အနေနဲ့ မိုးဗြဲမြို့ကို ဆက်လက်ထိန်းသိမ်းပြီး အခြေချနိုင်ဖို့ ကြိုးစားသွားမှာဖြစ်သလို စစ်ကောင်စီရဲ့တပ်စခန်းတွေကို ဆက်လက် ထိုးစစ်ဆင်သွားနိုင်ဖို့လည်း လက်ရှိပြုလုပ်နေတဲ့ ကျည်ကမ်ပိန်း ဟာ အရေးပါတယ်လို့ ကမ်ပိန်းတာဝန်ခံက အခုလို ဆက်ပြောပါတယ်။

“ဒီကျည်ကမ်ပိန်းဘယ်လောက်ထိ အရေးပါလဲဆိုရင် ကျနော်တို့နောက်ထပ် စခန်းသိမ်းများများ ပိုလုပ်ဆောင်နိုင်ဖို့၊ ဆုံးရှုံးမှုတွေနည်းအောင်၊ ကျနော်တို့ရဲ့ ရဲဘော်တွေ စိတ်ဆန္ဒပြည့်ဝအောင်၊ ရှေ့မှာရောက်ရင်လည်း ကျနော်တို့ ကျည်မရှိဘူး၊ ကျည်မလောက်ဘူးပြောရင် ရဲဘော်တွေက စိတ်အားငယ်တာတွေရှိတယ်။ စိတ်အားငယ်တာကြောင့် တိုက်ခိုက်ရေးကာလမှာလည်း အရမ်းကြီး အဆင်ပြေတဲ့အထဲမှာ မပါဘူးပေါ့နော။ အဲ့ဒါကြောင့် ကျနော်တို့ ဒီကမ်ပိန်း ပြုလုပ်ရခြင်းဖြစ်တယ်” လို့ သူကဆိုပါတယ်။

”မြို့သိမ်း မြို့ထိန်း ကျည်ကမ်ပိန်း”ဟာ မေ (၂၀)ရက်နေ့ကနေ ဇွန်လ(၂၀)ရက်နေ့အထိ ရက်ပေါင်း ၃၀ ကြာပြုလုပ်မှာဖြစ်ပြီး မျှော်မှန်းငွေ ကျပ်သိန်း ၁၅၀၀ ဖြစ်ပါတယ်။

လက်ရှိမှာတော့ ကမ်ပိန်းကနေ ၁ ရာခိုင်နှုန်းသာ ရရှိသေးတာဖြစ်ပြီး ကမ်ပိန်းမှာ ပါဝင်ကူညီလိုသူအနေနဲ့ K pay, NUG pay , Singapore pay now, Thai Bank , Malaysia Bank , Japan Bank, Korea Bank နဲ့ USD စတဲ့ Banks နဲ့ ပါဝင်ကူနိုင်သလို ပေ့စ်မှာလည်း https://www.facebook.com/mobyepdf/posts/pfbid02pfaVnrajFocReEgJe86rHxe6z3Svk7paWeCZUBCxHrsW6zn1NJix5QEo3G5KtcApl တိုက်ရိုက်လာဆက်သွယ်မေးမြန်းလှူဒါန်းလို့ရကြောင်း ကမ်ပိန်းတာဝန်ခံက ပြောဆိုထားပါတယ်။

လက်ရှိ မိုးဗြဲမြို့ပေါ်မှာ တိုက်ပွဲကြီးကြီးမားမားဖြစ်ပွားမှုတွေမရှိဘဲ စစ်ကောင်စီ အခြေစိုက် တပ်ရင်း ဖြစ်တဲ့ ခမရ ၄၂၂ တပ်ကိုတော့ တော်လှန်ရေးတပ်ဖွဲ့တွေက ပြီးခဲ့တဲ့ ဧပြီလအတွင်းမှာ ဝင်ရောက်တိုက်ခိုက်ခဲ့ပေမယ့် သိမ်းပိုက်နိုင်ခြင်းတော့ မရှိခဲ့ပါဘူး။

spot_img
spot_img

Recent posts