spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

မိုးဗြဲမြို့ထဲက စစ်ကောင်စီတပ်တွေ လုံခြုံရေးအတွက် နင်းမိုင်းအများအပြားထောင်ထားဟုဆို

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီနဲ့ ရှမ်းပြည် နယ်စပ်၊ မိုးဗြဲမြို့ မှာ တပ်စွဲထားတဲ့ စစ်ကောင်စီဟာ သူတို့စခန်းနဲ့ အနီးတဝိုက်ကို တော်လှန်ရေးအင်အားစုတွေ ဝင်ပစ်လို့မရအောင်နဲ့၊ ပြည်သူတွေနေရပ်မပြန်နိုင်အောင် နင်းမိုင်းအများအပြား ထောင်ထားတယ်လို့ မိုးဗြဲ PDF သတင်းနှင့်ပြန်ကြားရေး တာဝန်ရှိသူတဦးက ပြောပါတယ်။

“ရပ်ကွက်ထဲမှာတွေကော တပ်စွဲထားတာရှိတယ်။ နောက် ဒီမိုးဗြဲဆို ဒီဖယ်ခုံကနေဆင်းလာရင် လမ်းမကြီးရဲ့ ညာဖက်မှာဆို လူဦးရေတော့ သိပ်မရှိတော့ဘူး ။ လမ်းမကြီးရဲ့ ဘယ်ဖက်မှာပဲ ရှိတာပေါ့နော်။ ဒီညာဖက်မှာဆို တချို့က ကင်းပုန်းပြီး တပ်စွဲထားတာတော့ ရှိတာပေါ့နော်။ သူတို့ တပ်ချထားတဲ့ အနီးတဝိုက်မှာလည်း ကျနော်တို့ တော်လှန်ရေးတပ်သားတွေ လာပစ်လို့ မရအောင် အဲ့တာ နင်း မိုင်းတွေလည်း အများကြီးထောင်ထားတာရှိတယ်ပေါ့နော်။ “ လို့ မိုးဗြဲ PDF သတင်းနှင့်ပြန်ကြားရေး တာဝန်ရှိသူတဦးက ပြောပါတယ်။

တိုက်ပွဲ မကြာခဏ ဖြစ်ပွားခဲ့တဲ့ မိုးဗြဲမှာ အခုလက်ရှိမှာတော့ တိုက်ပွဲမဖြစ်ဘဲ စစ်‌ရေး ငြိမ်နေ‌တာ နှစ်လကျော် ရှိနေပြီလို့ သိရပါတယ်။ စစ်ကောင်စီဘက်က စစ်ကြောင်းဆက်လက်ထိုးလာတာမရှိပေမဲ့ စစ်ကြောင်းထိုးလာရင်တော့ တိုက်ပွဲက အချိန်မရွေးဖြစ်ပွားနိုင်တယ်လို့ မိုးဗြဲ PDF အဖွဲ့ဝင်တဦးက ပြောပါတယ် ။

“စစ်ကောင်စီဖက်ကလည်း ငြိမ်နေတယ် ဆိုတာကလည်း သူတို့ရဲ့ လမ်းကြောင်းပေါ့နော်၊ ထိုးတဲ့ စစ်ကြောင်းက ဒီဖက်မရောက်သေးလို့ပေါ့နော်၊ မထိုးနိုင်တော့လို့ပေါ့နော်၊ သူတို့ ဒီလမ်းကြောင်းကို မထိုးနိုင်တော့လို့ ငြိမ်နေတယ်၊ မြို့ထဲမှာ နေရာယူတယ် အဲ့တာတော့ ရှိတယ်ဗျ” လို့ ဆိုပါတယ်။

မိုးဗြဲမြို့အတွင်းမှာ နင်းမိုင်း ထောင်ထားတဲ့အပြင် စစ်ကောင်စီတပ်တွေရဲ့ တပ်စွဲထားမှုကြောင့် ဒေသခံအများစုက နေအိမ်မပြန်ရဲကြသေးပါဘူး။ လိုအပ်ချက်အရ ဒေသခံတချို့ကတော့ နေရပ်ပြန်ပြီး ပစ္စည်းယူတာတွေရှိပေမဲ့ အနည်းစုသာဖြစ်တယ်လို့ သိရပါတယ်။

“ငါတို့ဆို နည်းနည်းပဲ ပြန်နေရတယ်။ တချို့ကျတော့ ပစ္စည်းပြန်ယူတာထင်တယ် ။အကြာကြီးပြန်မနေရဲဘူး။ အကြာကြီးနေဖို့ဆို ပြန်ရင် စစ်တပ်ကတွေ့တာနဲ့ ဖမ်းတာကော အဲ့ကြောင့်”လို့ မိုးဗြဲစစ်ရှောင်ပြည်သူတဦးက အခုလိုပြောပါတယ်။

လက်ရှိမှာလည်း တောင်ယာ၊ လယ်ယာ လုပ်ငန်း ကာလဖြစ်တဲ့အတွက် မိုးဗြဲမြို့ပေါ် မှာ နေထိုင်ဆဲဖြစ်တဲ့ ဒေသခံတောင်သူတွေဟာ စိုးရိမ်ထိတ်လန့်စွာနဲ့ နေထိုင်ကြရတာရှိသလို စစ်ရှောင်ကြတဲ့ ဒေသခံအများစုကတော့ လက်ရှိအချိန်ထိ နေရပ်ပြန်လာခြင်းမရှိကြသေးပါဘူး။

spot_img
spot_img

Recent posts