spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

မိုးဗြဲမြို့နဲ့ ဖားဆောင်းမြို့မှာ တိုက်ပွဲပြင်းထန်နေ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ရှမ်း-ကရင်နီနယ်စပ် မိုးဗြဲမြို့မှာ တိုက်ပွဲ ပြင်းထန်နေပြီး စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုတွေ အသုံးပြုနေတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) သတင်းနဲ့ပြန်ကြားရေးတာ၀န်ရှိသူတစ်ဦးဖြစ်တဲ့ တာအယ်စိုးက ပြောပါတယ်။

“မိုးဗြဲမှာက တိုက်ပွဲတွေ ပြင်းထန်နေဆဲပဲပေါ့နော။ စစ်ကောင်စီဖက်ကတော့ လေကြောင်းတိုက်ခိုက်မှုတွေ လက်နက်ကြီးနဲ့ တိုက်ခိုက်မှုတွေ ရှိတယ်ပေါ့နော။ ” လို့ (KNDF) ဗဟိုသတင်းနဲ့ပြန်ကြားရေးတာ၀န်ရှိတစ်ဦးဖြစ်တဲ့ တာအယ်စိုးက ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၃ ရက်နေ့ကစ ဒီကနေ့ အထိ တိုက်ပွဲတွေ ဖြစ်ပွားနေဆဲဖြစ်ပြီး အခြေအနေ အသေးစိတ်ကိုတော့ ပြောလို့မရသေးဘူးလို့ သူက ပြောပါတယ်။ တိုက်ပွဲအတွင်း တော်လှန်ရေးတပ်ဖွဲ့ ဘက်က အကျအဆုံးတွေ ရှိနေတယ်လို့ မြေပြင် သတင်းအရင်းအမြစ်တွေရဲ့ ပြောပြချက်အရ သိထားပေမဲ့ အသေးစိတ်အချက်အလက်တွေ မရရှိသေးပါဘူး။

လွိုင်ကော်မြို့ ၁လေးလုံး စစ်ဆင်ရေးနဲ့တဆက်တည်း မိုးဗြဲမြို့မှာလည်း ဆင်နွဲလျက်ရှိပြီး စစ်ကောင်စီ တပ်စခန်း ၈ ခုထက်မနည်းကို တော်လှန်ရေး တပ်ဖွဲ့၀င်တွေက သိမ်းပိုက်ထားတဲ့မြို့ဖြစ်ပါတယ်။

အလားတူ ဖားဆောင်းမြို့ပေါ်မှာလည်း တိုက်ပွဲတွေဖြစ်ပွားနေပြီး စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရသူရှိနေတယ်လို့ သိရပါတယ်။

ဖားဆောင်းတိုက်ပွဲအခြေအနေနဲ့ ပတ်သက်ပြီး ကရင်နီ လူမျိုးပေါင်းစုံပြည်သူ့လွှတ်မြောက်ရေးတပ်ဦး ( KNPLF ) ရဲ့ တွဲဖက် အထွေထွေ အတွင်းရေးမှူး လောရင်းစိုးကို ကန္တာရဝတီတိုင်း( မ် ) အနေနဲ့ ဆက်သွယ် မေးမြန်းခဲ့ပြီး လတ်တလော စစ်ရေးအခြေအနေကြောင့် အသေးစိတ် ဖြေကြားလို့ မရသေးဘူးလို့ ပြန်လည်ဖြေကြားပါတယ်။

spot_img
spot_img

Recent posts