spot_imgspot_imgspot_imgspot_img
Monday, October 14, 2024
spot_imgspot_imgspot_imgspot_img

မိုးဗြဲမြို့ပေါ် မှာတိုက်ပွဲဖြစ်ပွားနေ၊ မိဘပြည်သူတွေ ကရုစိုက်သွားလာကြဖို့ မိုးဗြဲ PDF အသိပေး

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်နဲ့ ရှမ်းနယ်စပ်ဖြစ်တဲ့ မိုးဗြဲမြို့ပေါ် ရပ်ကွက်တွေမှာ ဒီမနက်က တိုက်ပွဲ ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က လက်နက်ကြီးတွေ ရမ်းသမ်းပစ်ခတ်တာတွေ ရှိနေတာကြောင့် ပြည်သူလူထုတွေအနေနဲ့ ကရုစိုက် သွားလာကြဖို့ မိုးဗြဲ PDF က ဒီကနေ့ ‌အောက်တိုဘာလ ၉ ရက်နေ့မှာ အသိပေးထုတ်ပြန်ထားပါတယ်။

ဒီကနေ့မနက် (၆)နာရီ ဝန်းကျင်ကနေစပြီး စစ်ကောင်စီကနေ မိုးဗြဲမြို့ပေါ်ရှိရပ်ကွက်အတွင်းကို လက်နက်ကြီးတွေ ပစ်ခတ်နေတယ်လို့ ဆိုပါတယ်။

“ကျနော်တို့ မကြာခဏ ထုတ်ပြန်တယ်ဆိုတာကလည်း အခုတချို့မြို့ပေါ်မှာကလည်း ပြည်သူ တွေ တချို့ရပ်ကွက်တွေမှာကလည်း ပြည်သူတွေ ရှိနေသေးတယ်။ နေထိုင်နေသေးတဲ့ အနေအထားမှာ ရှိတယ်ပေါ့နော်။ နောက်အဓိကလမ်းမှာလည်း အသွားအလာပြုလုပ်နေတဲ့ အနေအထားမှာ ရှိတယ်ပေါ့နော်။ တိုက်ပွဲလည်းမကြာခဏဖြစ်လေ့ရှိတော့ ဒီတိုက်ပွဲအခြေအနေပေါ်မူတည်ပြီးမှလည်း လက်နက်ကြီး တွေ ဘာတွေကနေပြီးမှလည်း ထိခိုက်နည်းအောင် ကျနော်တို့ ထုတ်ပြန်တာဖြစ်တယ်ပေါ့နော်။ ”လို့ မိုးဗြဲ PDF တပ်ရင်း (၁) မှ တာဝန်ရှိသူတစ်ဦးက ကန္တရဝတီတိုင်း(မ်) ကိုပြောပါတယ်။

စစ်အာဏာသိမ်းပြီးတဲ့နောက် စစ်ကောင်စီက မိုးဗြဲမြို့ကို ထိန်းချုပ်နိုင်ဖို့ ကြိုးစားနေတာကြောင့် တိုက်ပွဲတွေ မကြာခဏ ဖြစ်ပွားနေတယ်လို့ မိုးဗြဲဒေသခံတစ်ဦးကပြောပါတယ်။

“ဒီမနက်တော့ ဒုန်းဒူထန့် မှာတိုက်ပွဲဖြစ်တယ်။ စစ်တပ်တွေတော့ ထုံးစံအတိုင်းမြို့‌ရဲ့ နေရာတော်တော်များများမှာတပ်စွဲထားတယ်။ ပြည်သူတွေကို ခြိမ်းခြောက်တာ ဖမ်းဆီးတာတော့ အခုထိမကြားရသေးဘူး‌ ဒုန်းဒူထန့်ရပ်ကွက်ပေါ့နော် တိုက်ပွဲဖြစ်တာ” လို့ မိုးဗြဲဒေသခံ တစ်ဦးကပြောပါတယ်။

မိုးဗြဲမြို့ဟာ ကရင်နီ-ရှမ်း နယ်စပ်မှာ ရှိနေတာဖြစ်ပြီး စစ်ရေးအရသော်လည်းကောင်း၊ ကုန်သွယ်ရေးအရသော်လည်းကောင်း အရေးပါတဲ့မြို့ဖြစ်တာကြောင့် စစ်ကောင်စီတပ်ဟာ ထိန်းချုပ်ဖို့ကြိုးစားနေပြီး တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ မကြာခဏ ထိတွေ့တိုက်ပွဲဖြစ်ပွားလျက်ရှိနေတယ်လို့ သိရပါတယ်။

spot_img
spot_img

Recent posts