spot_imgspot_imgspot_imgspot_img
Friday, April 18, 2025
spot_imgspot_imgspot_imgspot_img

မိုးဗြဲမြို့ပေါ် မှာ ၃ ရက်ဆက်တိုက် နေအိမ် မီးလောင်နေ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ရှမ်း -ကရင်နီပြည် နယ်စပ်၊ မိုးဗြဲမြို့ပေါ်မှာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၉ရက်နေ့ကစပြီး ၁၂ ရက်နေ့အထိ ၃ရက်ဆက်တိုက် နေအိမ်တွေ မီးလောင်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

အောက်တိုဘာလ ၉ ရက်နေ့ မနက်၆ နာရီကစလို့ ၈နာရီအထိ မိုးဗြဲမြို့ပေါ် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ထိုနေ့မှာပဲ အိမ်မီးလောင်တာတွေ့ရတယ်လို့ မိုးဗြဲဒေသခံတစ်ဦးက ပြောပါတယ်။

“တိုက်ပွဲဖြစ်တဲ့ရက်ပေါ့ ။ ၉ရက်နေ့ မနက်ခင်း ၆နာရီ စဖြစ်တယ်။ အဲ့မှာ ၈ နာရီလောက်ဆို မီးထလောင်တာတွေ့တယ်။ နောက် တိုက်ပွဲဖြစ်ပြီးနောက်ရက် နှစ်ရက်သုံးရက် ဆက်တိုက် အိမ်မီး ဝေးဝေး တစ်လုံးလောင်တာ တွေ့နေရတယ်ပေါ့” လို့ မိုးဗြဲဒေသခံတစ်ဦးက ပြောပါတယ်။

အိမ်မီးလောင်တဲ့နေရာ၊ ရပ်ကွက်ကိုတော့ အတိအကျ ခန့်မှန်းလို့မရဘူးလို့ သူကဆက်ပြောပါတယ်။ လက်ရှိစစ်ရေးအခြေအနေအရ မီးလောင်ရတဲ့အကြောင်းရင်းကို မသိသေးဘူးလို့ အဆိုပါ ဒေသခံက ဆိုပါတယ်။

ယမန်နေ့ အောက်တိုဘာလ ၁၂ ရက်နေ့က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ညောင်ဝိုင်းရပ်ကွက်အတွင်းက နေအိမ်တချို့ကို စစ်ကောင်စီက မီးရှို့ဖျက်ဆီးနေတယ်လို့ မိုးဗြဲ PDF က ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီတပ်က ဒေသခံတွေရဲ့ နေအိမ်တွေကို မီးရှို့နေတာဖြစ်ပြီး ပြည်သူတွေအနေနဲ့ သတိရှိစွာ သွားလာ နေထိုင်ဖို့ မိုးဗြဲ PDF ရဲ့ သတင်းနဲ့ ပြန်ကြားရေးတာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

“ကျနော့်တစ်ယောက်အနေနဲ့ ကြည့်ရတာတော့ သူတို့ရဲ့ ခြေကုပ်ယူထားတဲ့ နေရာ လုံခြုံရေးအတွက်လို့ပဲ ကျနော်ထင်တယ်ပေါ့နော။ ဆိုတော့ ကျနော်တို့ အ့လိုပဲ သုံးသပ်မိတယ်ပေါ့နော။ ဘာလို့လဲဆိုရင် သူတို့ ခြေကုပ်ယူထားတဲ့ နေရာတစ်၀ိုက်ကို သူတို့အနေနဲ့ ပစ်ကွင်းကောင်းအောင် လုံခြုံရေးအရ ပိုပြီးတော့မှ အဆင်ပြေအောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ရှိ့တာလားပေါ့နော အဲလိုမျိုးပဲ ကျနော်သုံးသပ်မိတယ်ပေါ့နော။”လို့ မိုးဗြဲ PDF ရဲ့ သတင်းနဲ့ ပြန်ကြားရေးတာဝန်ရှိသူ တစ်ဦးကပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၉ ရက်နေ့က မိုးဗြဲမြို့ပေါ်မှာ တော်လှန်ရေးတပ်ပေါင်းစုတွေနဲ့ စစ်ကောင်စီကြား တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး မိုးဗြဲPDF ရဲဘော်တစ်ဦး ကျဆုံးခဲ့ပါတယ်။

spot_img
spot_img
spot_img

Recent posts