spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

မိုးဗြဲမြို့မှာ WY မူးယစ်ဆေးဝါး အလုံး ၅၀၀ ကျော်ဖမ်းဆီးရမိ

Author

Date

Category

ကန္တာရဝတီတိုင်း( မ် )

မိုးဗြဲမြို့မှာ WY မူးယစ်ဆေးဝါး အလုံး ၅၀၀ ကျော်ကို မူးယစ်ဆေးဝါးသုံးစွဲသူအပါအဝင် ရောင်းချသူတွေနဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ မိုးဗြဲ PDF တပ်ရင်း ၂ က ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၁ ရက်နေ့မှာ သွားရောက်ဖမ်းဆီးခဲ့တာဖြစ်ပြီး ရောင်းချသူတွေကို ဒဏ်ငွေ ၃ ဆ ပေးဆောင်စေခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီဒဏ်ငွေတွေကို ရပ်ရွာအတွင်းက လိုအပ်နေတဲ့ ကျန်းမာရေးနဲ့ ပညာရေးတွေကို ဆောင်ရွက်ဖို့ ကျေးရွာ မိဘပြည်သူတွေထံ ပြန်လည်အပ်နှံခဲ့တယ်လို့ သိရပါတယ်။

မူးယစ်ဆေးဝါးသုံးစွဲသူတွေကို ခံဝန်လက်မှတ်ထိုးခိုင်းပြီး ပြန်လွှတ်ပေးခဲ့တယ်လို့ ဆိုပါတယ်။ မိုးဗြဲမြို့မှာ WY မူးယစ်ဆေးဝါး ရောင်းချဖြန့်ဖြူးနေတဲ့ သတင်းတွေရရှိပါက မိုးဗြဲ PDF တပ်ရင်း ၂ ထံ သတင်းပေးပို့ဖို့လည်း တိုက်တွန်းထားပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၇ ရက်နေ့မှာလည်း မိုးဗြဲမြို့မှာ WY မူးယစ်ဆေးဝါး အပြား ၁၀၀၀ ကို ရောင်းဝယ်နေသူနဲ့ သုံးစွဲနေသူ သုံးဦးနဲ့အတူ ဖမ်းဆီးရမိခဲ့ပြီး သက်ဆိုင်ရာ အုပ်ချုပ်ရေးတွေထံ လွှဲပြောင်းပေးခဲ့တယ်လို့ KNDF တပ်ရင်း ၃ က ထုတ်ပြန်ထားပါတယ်။

spot_img
spot_img

Recent posts