spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

မိုးဗြဲမြို့ ကက်သလစ်ဘုရားကျောင်းမှာ တပ်စွဲခဲ့တဲ့ စစ်ကောင်စီ ယမန်နေ့က တပ်ပြန်ဆုတ်ခဲ့

ကန္တာရဝတီတိုင်း(မ်)

ဇူလိုင်လ ၁၈ ရက်နေ့က မိုးဗြဲမြို့မှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီ အင်အား ၃၀ ဝန်းကျင်ဟာ ပွဲကုန်း (၂) “ ဘုရား၏သန့်ရှင်းသောမယ်တော် “ ကက်သလစ်ဘုရားကျောင်းမှာ ၂ ရက် စခန်းချ တပ်စွဲနေခဲ့ပြီး ယမန်နေ့ (ဇူလိုင် ၂၀) ရက်မှာ ခမရ ၄၂၂ တပ်ထဲ တပ်ပြန်ဆုတ်ခဲ့တယ်လို့ မိုးဗြဲ PDF တပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

“ သူတို့ ဆုတ်တာက သူတို့ အနောက်ကနေ စစ်ကူမပေးနိုင်လို့ ပြန်ဆုတ်တာလည်း ဖြစ်နိုင်တယ်။ နောက်တစ်ခု အရာရှိတစ်ယောက် ၊ ခေါင်းဆောင် တစ်ယောက် ကျသွားလို့လည်း ပြန်ဆုတ်တာလည်း ဖြစ်နိုင်တာပေါ့နော။ သူတို့ မထိန်းနိုင်တော့လို့ သူတို့ဆက်မနေရဲတော့လို့ ပြန်ဆုတ် တာလည်း ဖြစ်နိုင်တာပေါ့။ အဲ့လိုပေါ့နော။ “ လို့ မိုးဗြဲ PDF တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ဘုရားကျောင်းမှာ တပ်စွဲခဲ့တဲ့ ၂ရက်အတွင်း ကရင်နီဒေသခံကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့နဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဖက်က ကျဆုံးတာတွေ အနည်းဆုံး ၈ဦးရှိတယ်လို့ ဆိုပါတယ်။

တပ်စွဲနေထိုင်တဲ့တစ်လျှောက် အရပ်သားပြည်သူပိုင်ပစ္စည်းကို ဖျက်ဆီးတာ၊ ခိုးယူတာ၊ အရပ်သားရှိရာ နေရာတွေကို လက်နက်ကြီးပစ်ခတ်တာကို ကျူးလွန်ခဲ့တယ်လို့ မိုးဗြဲ PDF က ဇူလိုင်လ ၂၀ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

တိုက်ပွဲအတွင်း ပစ်ခတ်မှုကြောင့် ဘုရားကျောင်း လက်နက်ငယ် စင်ထိတာတွေ ရှိခဲ့ပါတယ်။ ဇူလိုင်လ ၂၀ရက်နေ့ စစ်ကောင်စီတပ်ဆုတ်ပြီးနောက်မှာတော့ နယ်မြေရှင်းလင်းရေး လုပ်ဆောင်ခဲ့ရာ တပ်စွဲခဲ့တဲ့ ဘုရားကျောင်းမှာ ထမင်းဟင်းချက်တာတွေ ၊ ပစ္စည်းမွှေနှောက်တာတွေ လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

ဘုရားကျောင်းမှာ ၂ရက်တပ်စွဲနေထိုင်တာနဲ့ပတ်သက်ပြီး “ သူတို့ရဲ့ ရည်ရွယ်ချက်ကတော့ ဘုရားကျောင်းကို ဘာလို့ တပ်စွဲလဲဆိုတော့ ဂဃနဏ မသိဘူးပေါ့။ ကျနော်ထင်တယ် ဒီ မိုးဗြဲ ဘုရားကျောင်းမှာ သူတို့ တပ်စွဲနိုင်မယ်ဆို သူတို့ ဖလိုင်နဲ့ ၄၂၂ တပ်နဲ့ ဘုရားကျောင်း နဲ့ တစ်ဆက်တည်းဆိုတော့ သူတို့ စစ်ကူသွားဖို့လည်း လွယ်ကူအောင် သူတို့ ထိုင်ဖို့ ရည်ရွယ်ချက်နဲ့ လာတာလည်း ဖြစ်နိုင်တာပေါ့နော။ “ လို့ အဲ့ဒီတပ်ဖွဲ့ဝင်တစ်ဦးက ဆက်ပြောပါတယ်။

မိုးဗြဲမြို့ တိုက်ပွဲအတွင်း လက်နက်ကြီးပစ်ခတ်မှုကြောင့် စည်ကား (၁) ရပ်ကွက် နေအိမ်တစ်လုံး မီးလောင်ပျက်စီးခဲ့သလို ဒေသခံ အမျိုးသားတစ်ဦး လက်နက်ကြီး စ ထိမှန်တာ ရှိခဲ့ပါတယ်။

ဓါတ်ပုံံ- မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်
ဓါတ်ပုံံ- မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်
ဓါတ်ပုံံ- မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်
ဓါတ်ပုံံ- မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်
ဓါတ်ပုံံ- မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်
ဓါတ်ပုံံ- မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်
spot_img
spot_img