spot_img
Sunday, April 2, 2023
spot_img

မိုးဗြဲမြို့ တစ်နေရာမှာ မူးယစ်ဆေးဝါး တစ်သောင်းကျော်ကို ဖမ်းဆီးရမိပြီး မီးရှို့ဖျက်စီးခဲ့

spot_imgspot_imgspot_imgspot_img

ကန္တာရဝတီတိုင်း( မ် )

မိုးဗြဲ PDF တပ်ရင်း ၂ နဲ့ KNDF B-03 တို့ ပူးပေါင်းပြီး ( WY ) မူးယစ်ဆေးဝါး တစ်သောင်းတစ်ထောင့်နှစ်ရာကျော် ( ၁၁၂၀၀ ) ကို မိုးဗြဲမြို့ ဒေသတွင်းတစ်နေရာမှာ ဖမ်းဆီးရမိပြီး မီးရှို့ ဖျက်စီးခဲ့တယ်လို့ မိုးဗြဲ PDF တပ်ရင်း ( ၂ ) က ဒီကနေ့ နိုဝင်ဘာလ ၇ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

ဖမ်းဆီးရမိသူတွေဟာ မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားသူတွေဖြစ်ပြီး နိုဝင်ဘာလ ၃ ရက်နေ့မှာ အရပ်သားသတင်းပေးမှုနဲ့အတူ သွားရောက်စစ်ဆေးရင်း ဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေ နယ်မြေစိုးမိုးမှု ရှိတဲ့ဒေသတွေမှာဆိုရင်တော့ မူးယစ်ဆေးဝါးနဲ့ပတ်သက်ပြီး ထိန်းချုပ်မှုပြုလုပ်နေတာတွေ ရှိတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် တပ်ရင်း ၃ ( KNDF B-03) တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“ရောင်းချတဲ့လူကို ခေါ်ထားပြီးတော့ နောက်တစ်ခါမလုပ်ဖို့ သက်ဆိုင်ရာကို သတိပေးတယ်ပေါ့။ အဲဒီလောက် အဲဒီအဆင့်ပဲရှိပါတယ်။ နောက် သုံးစွဲတဲ့လူခါကျတော့ မူးယစ်ဆေးဝါးသုံးပြီးတော့ နည်းနည်းဟိုစာမျိုးဖြစ်တဲ့လူ အလွန်အကျွံဖြစ်တဲ့လူတွေကိုတော့ ခေါ်ပြီးတော့ ထိန်းထားတယ်။ပြီးတော့ ပြန်လွှတ်ပေးတယ်အဲလိုပေါ့။” လို့ ( KNDF B-03) တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

မိုးဗြဲဘက်မှာ မူးယစ်ဆေးဝါးသုံးစွဲမှုကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေတာတွေလည်း ရှိနေပြီး မူးယစ်ဆေးပြား သုံးလုံး ကို တစ်ထောင်ကျပ်သာပေး ပြီးဝယ်ယူသုံးစွဲနေတာတွေလည်း ရှိနေတယ်လို့ သိရပါတယ်။

ကရင်နီပြည်တချို့နေရာတွေမှာ လက်ရှိအချိန်အထိ မူးယစ်ဆေးဝါးနဲ့ပတ်သက်ပြီး ဖမ်းဆီးရမိသူတွေအများအပြားရှိနေတာကို တွေ့ရပါတယ်။

spot_imgspot_imgspot_imgspot_img

More from the blog

လူထုထောက်ခံမှုရှိနေသ၍ ပါတီဆက်ရှိနေအုံးမယ်လို့ KySDP ပြော

ကန္တာရဝတီတိုင်း( မ် ) ကရင်နီပြည်နယ်အခြေစိုက် တိုင်းရင်းသားပါတီအပါအဝင် တိုင်းရင်းသားပါတီ ၄၀ ကို ဖျက်သိမ်းကြောင်း စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင် ( UEC ) က မတ်လ ၂၈ ရက်နေ့မှာ ကြေညာခဲ့ပေမယ့် လူထုထောက်ခံမှုရှိနေသ၍ ကတော့ ပါတီဆက်လက်ရှိနေအုံးမှာဖြစ်တယ်လို့ ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီ ( KySDP...

နှစ်ရက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ (၁၅)ဦးသေဆုံး၊ လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့

ကန္တာရဝတီတိုင်း(မ်) ကရင်နီပြည် ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်း ဒေါလျားခူကျေးရွာအနီးရှိ ညေးဘူးခူတောင်ပေါ် ဖက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ကရင်နီတပ်မတော်(KA)၊ KNDF ပူးပေါင်းတပ်ဖွဲ့နဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ ၁၅ ဦးသေဆုံးခဲ့သလို လက်နက်ခဲယမ်းအသုံးအဆောင်ပစ္စည်းတွေ သိမ်းဆည်းမိခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) က ဒီကနေ့ မတ်လ ၃၁ ရက်နေ့မှာ...

တစ်လကျော်ကြာတိုက်ပွဲပြင်းထန်နေတဲ့ ဖယ်ခုံ-ပင်လောင်း နယ်စပ်မှာ လေကြောင်းတိုက်ခိုက်မှုပြင်းထန်စွာ အသုံးပြုနေ

ကန္တာရဝတီတိုင်း(မ်) ပင်လောင်းမြို့နယ်ဖက် စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားနေတာ တစ်လကျော်ကြာရှိနေပြီဖြစ်ပြီး စစ်ကောင်စီဖက် လေကြောင်းတိုက်ခိုက်မှု ပြင်းထန်စွာ သုံးနေတယ်လို့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက ဆိုကြပါတယ်။ မတ်လ (၂၉)ရက်နေ့ ဖယ်ခုံ-ပင်လောင်းနယ်စပ်တစ်နေရာမှာ ဖြစ်တဲ့ တိုက်ပွဲမှာ စစ်ကောင်စီဖက် တိုက်လေယာဉ် (၄)စင်းနဲ့ အပြင်းအထန် တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီရက်တိုက်ပွဲမှာ...

ဂျာမာန်ခရီးသွား ဆုရရှိထားတဲ့ ဟွေပူးကဲရွာ

ကန္တာရဝတီတိုင်း(မ်) နှစ်ပေါင်း ၃၀ကျော်တည်ရှိနေပြီဖြစ်ပြီး ထိုင်းနိုင်ငံ၊ မယ်ဟောင်ဆောင်မြို့ အနောက်တောင်ဖက်မှာရှိတဲ့ ဟွေပူးကဲရွာကတော့ ကရင်နီမျိုးနွယ်စုတွေ နေထိုင်တဲ့ ကျေးရွာပါ။ အများစုကတော့ ကြေးကွင်းပတ် ကယန်းလူမျိုးတွေ နေထိုင်ပါတယ်။ ဟွေပူးကဲရွာကတော့ မတ်လ ၇ရက်နေ့က ဂျာမနီနိုင်ငံမှာ Community Based Touring (CBT) ဆုကို ရရှိခဲ့ပါတယ်။ ဆုရရှိတာနဲ့ ပတ်သက်ပြီးတော့...