spot_img
Monday, March 27, 2023
spot_img

မိုးဗြဲမြို့ မွေတော်ဘုရားဘုန်းကြီးကျောင်းမှာ ၈ရက်ကြာ ပိတ်မိနေတဲ့ ပြည်သူတွေရှိနေသေး

spot_imgspot_imgspot_imgspot_img

ကန္တာရဝတီတိုင်း( မ် )

ရှမ်း-ကရင်နီနယ်စပ် မိုးဗြဲမြို့ မွေတော်ဘုရား ဘုန်းကြီးကျောင်းမှာ စက်တင်ဘာလ ၁၉ရက်နေ့ကနေ ဒီကနေ့ ၂၆ရက်နေ့အထိ ပြည်သူတချို့ ပိတ်မိနေတာ ၈ ရက်မြောက်ရှိပြီဖြစ်တယ်လို့ ကယ်ဆယ်ရေးဆောင်ရွက်နေကြတဲ့ အဖွဲ့ဆီကနေ သိရပါတယ်။

“မြို့တွင်းက မွေတော်ဘက်မှာတော့ အဲ့ဒီဘက်မှာတော့ ညီမတို့လည်း ဝင်လို့မရဘူး။ စစ်ကောင်စီမြို့ထဲမှာ အကုန်လုံး ထိုင်ထားတယ်ဆိုတော့ ညီမတို့လည်း ဝင်လို့မရဘူး။ အဲ့ဒီဘက်အခြေအနေကတော့ ညီမတို့ မသိရဘူးပေါ့နော။ သူတို့(စစ်ကောင်စီ)ထိုင်ထားတဲ့ မြို့တွင်းက ဘုန်းကြီးကျောင်းတို့ အဲ့ဒီလို မြို့တွင်းက လူတွေက အခုအချိန်အထိ မြို့တွင်းမှာရှိနေကြသေးတယ်ပေါ့နော။” လို့ ကယ်ဆယ်ရေးဆောင်ရွက်ပေးသူတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၈ ရက်နေ့မှစ ၅ရက်ဆက်တိုက် မိုးဗြဲမြို့ ကတ်သလစ်ဘုရားကျောင်းအနီးတစ်ဝိုက်၊ ပွဲကုန်းရပ်ကွက်တွေမှာ နှစ်ဖက်ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့တာပါ။ စက်တင်ဘာလ ၁၂ရက်နေ့မှာ စစ်ကောင်စီတပ် ပြန်ဆုတ်ခဲ့ပေမယ့် တစ်ပတ်အကြာ စက်တင်ဘာလ ၁၉ရက်နေ့ကစပြီး တစ်ကျော့ပြန် မိုးဗြဲမြို့ကို ထိုးစစ်ဆင်တပ်ပြန်စွဲထားတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။

စစ်ကောင်စီတပ်စွဲပြီးနောက် စက်တော်ရာဘုန်းကြီးကျောင်းနဲ့ မွေတော်ဘုရားဘုန်းကြီးကျောင်းတွေမှာ ခိုလှုံနေတဲ့ ပြည်သူ ၁၀၀ခန့် ပိတ်မိနေတယ်လို့ မိုးဗြဲ PDF က စက်တင်ဘာလ ၁၉ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

စက်တင်ဘာလ ၂၀ ရက်နေ့မှာ ပိတ်မိနေတဲ့ ပြည်သူတစ်ဝက် ပြန်လွှတ်ခဲ့ပေမယ့် တစ်ဝက်ကတော့ လက်ရှိအချိန်အထိ ပိတ်မိနေသေးတယ်လို့ သိရပါတယ်။

“ တိုက်ပွဲဖြစ်တာနဲ့မင်းတို့ကို သတ်မယ်ဆိုပြီးတော့မှ အဲ့လိုမျိုး ခြိမ်းခြောက်ထားတာတွေရှိတယ်လို့ အဲ့ဒီသတင်းအချက်အလက်တွေ သိရတယ်။ ဒါကတော့ သူတို့ရဲ့ ညှင်းပမ်းနှိပ်စက်မှုပေါ့နော် သူတို့ရဲ့ကြပ်ကိုင်မှုက အဲ့လိုမျိုးအမှန်တော့ စစ်ဖြစ်တာက လက်နက်ကိုင်တဲ့လူနဲ့ပဲဆိုင်တယ်။ လူထုနဲ့တော့ ဘာမှမဆိုင်ဘူး။ ဒါကသူတို့ရဲ့လုပ်ရိုးလုပ်စဉ်တစ်ခုပဲ ပြောလို့လည်းရပါတယ်။ ဒါကအခုမှလုပ်တာမဟုတ်ဘူး။ နှစ်ပေါင်းအများကြီး သူတို့ဒီလိုမျိုး ကျင့်သုံးလာတာရှိတယ်။ အဲ့တော့အခုလောလောဆယ်ကတော့ ကျန်တဲ့လူတွေ ဘယ်လိုဖြစ်နေလည်းအတိကျမသိရတော့ဘူး။ “ လို့ ကရင်နီပြည် ကာကွယ်ရေး ဒု-ဝန်ကြီး ခူဒယ်နီယာယ် က စစ်ကောင်စီရဲ့ လုပ်ရပ်နဲ့ ပတ်သက်ပြီး ပြောပါတယ်။

လက်ရှိအချိန်အထိ မိုးဗြဲမြို့တွင်း တချို့နေရာတွေမှာ စစ်ကောင်စီက အရပ်ဝတ်တွေနဲ့ နေထိုင်တာရှိသလို စက်တော်ရာဘုရားတောင်ပေါ်နဲ့ လွယ်ယင်းမင်္ဂလာကျေးရွာ ကာလာဝါရီတောင်ပေါ်မှာ တပ်စွဲထားတယ်လို့ မိုးဗြဲPDF ထုတ်ပြန်ချက်အရ သိရပါတယ်။

မိုးဗြဲမြို့တွင်းမှာ စစ်ကောင်စီတစ်ကျော့ပြန် စစ်ကြောင်းထိုးလာတဲ့ စက်တင်ဘာလ ၁၉ ရက်နေ့ကစပြီး ၂၄ရက်နေ့အထိ တိုက်ပွဲအတွင်း စစ်ကောင်စီက တင့်ကား၊ လက်နက်ကြီးပစ်ကူအမြောက်အများသုံးပြီး တိုက်ခိုက်နေတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ထံကနေ သိရပါတယ်။

“ အခုအများဆုံးဖြစ်တာက မိုးဗြဲရဲ့ အနောက်ပဒေါင်သွားတဲ့ ဘက်ခြမ်းပေါ့နော။ မိုးဗြဲရဲ့ လွိုင်ကော်သွားတဲ့ဘက်ခြမ်းကတော့ အခုလက်ရှိအခြေအနေအထိတော့ ဟိုးအစကတည်းက အခုထိ မဖြစ်သေးဘူးပေါ့နော။ ” လို့ KNDF B-03 တာဝန်ရှိသူတစ်ဦး က စက်တင်ဘာလ ၂၅ရက်နေ့မှာ ဖြေကြားထားပါတယ်။

ဒီကနေ့မနက်ပိုင်းမှာလည်း မိုးဗြဲမြို့တွင်းမှာ လက်နက်ကြီးပစ်ခတ်တာတွေရှိနေပြီး ထိတွေ့တိုက်ပွဲဖြစ်ပွားခြင်း မရှိသေးပေမယ့် စစ်ရေးတင်းမာနေတဲ့အနေအထားမှာရှိနေတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။

MBPDF 1001၊ MBPDF 1007၊ ဖယ်ခုံ PDF B-01၊ လွိုင်ကော် PDF၊ အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေးတပ်ဖွဲ့၊ DMO 1102 တပ်ရင်း၊ နေပြည်တော် PDF၊ KNDF၊ KGZ၊ URF စတဲ့ ပူးပေါင်းတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားနေတာပါ။ တိုက်ပွဲအတွင်း နှစ်ဖက်အထိအခိုက် အကျအဆုံးတွေ ရှိနေပေမယ့် အတိအကျကိုတော့ သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။

ဓာတ်ပုံ – မိုးဗြဲ PDF တပ်ရင်း ( ၂ )
spot_imgspot_imgspot_imgspot_img

More from the blog

ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းကို စစ်ကောင်စီတပ်မှ လက်နက်ကြီးတွေ အမြောက်အများ ပစ်ခတ်နေ

ကန္တာရဝတီ တိုင်း(မ်) ကရင်နီပြည် ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းကို ဒီးမော့ဆို အခြေစိုက် ခလရ ၁၀၂ တပ်မှ (၁)မိနစ် (၁) လုံးနုန်းနဲ့ လက်နက်ကြီးတွေ အမြောက်အများ ပစ်ခတ်နေတယ်လို့ သိရပါတယ်။ ယနေ့ ( မတ်လ ၂၆ ) ရက်နေ့ မနက် ၉ နာရီလောက်ကစပြီး...

စစ်ရှောင်ပြည်သူတွေကို ရိက္ခာဝေမယ်လို့ပြောဆိုပြီး ဓါတ်ပုံရိုက်ပြီးနောက် ဝေထားတဲ့ရိက္ခာတွေကို ပြန်သိမ်းယူသွား

ကန္တာရဝတီတိုင်း(မ်) လွိုင်ကော်မြို့ နမ့်ဘော်ဝမ် ရပ်ကွက်အတွင်းရှိ စစ်ဘေးရှောင်ပြည်သူတွေကို စစ်ကောင်စီ က ရိက္ခာဝေပေးမယ်လို့ပြောဆိုကာ ဒီကနေ့ (မတ်လ ၂၅ ရက်နေ့ ) မှာ စုရုံးခေါ်ဆောင်ပြီး ဓါတ်ပုံမှတ်တမ်းရယူခဲ့ပေမဲ့ ဝေငှထားတဲ့ ရိက္ခာထုပ်တွေကို ပြန်လည်တောင်းယူခဲ့တယ်လို့ စစ်ရှောင်တွေဆီကနေ သိရပါတယ်။ နမ့်ဘော်ဝမ်ရပ်ကွက်အတွင်းမှာ ရှိတဲ့ဘုရားကျောင်းမှာ စစ်ဘေးရှောင်တွေကို ခေါ်ယူစုရုံးပြီး ကုလားပဲထုပ်...

ဒီးမော့ဆိုအနောက်ဘက်ခြမ်းမှာ လက်နက်ကြီးကျပြီး ဒေသခံထိခိုက်မှုရှိခဲ့၊ ဖရဲသီးစိုက်ခင်းလည်းပျက်စီး

ကန္တာရဝတီတိုင်း( မ် ) ယမန်နေ့ မတ်လ ၂၄ရက်နေ့ မနက် ၁၀နာရီကျော်အချိန်မှာ ကရင်နီပြည် ဒီးမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်းကို စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တဲ့အတွက် ဒေသခံတချို့ ထိခိုက်ခဲ့သလို ဖရဲသီးစိုက်ခင်းလည်း ပျက်စီးခဲ့တယ်လို့ ဒီးမော့ဆိုအနောက်ဘက်ခြမ်းမှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။ "အိမ်ကတော့ လူနေအိမ်ပဲ မိန်းက‌လေးထိတယ်ပြောတယ်။ မိန်းကလေးနှစ်ယောက်။ ဒီကျတာက ဖရဲသီးခြံစိုက်ခင်းထဲမှာက...

ဒီမော့ဆို အရှေ့ဘက်ခြမ်းမှ ဆွေမျိုးများထံ ယာယီ ပြောင်းရွေ့လာတဲ့ စစ်ရှောင်ကလေးအချို့ ဝမ်းပျက်ဝမ်းလျောဖြစ်နေ

CJ (ကန္တာရဝတီတိုင်း(မ်)) ကရင်နီပြည် ဒီမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းမှာ မတ်လ ၁၀ ရက်နေ့ ကတည်းက ဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် အနောက်ဘက်ခြမ်းက ဆွေမျိုးတွေဆီကို ယာယီ ပြောင်းရွေ့လာတဲ့ စစ်ရှောင်တွေအထဲက ကလေးတွေဟာ ဝမ်းပျက်ဝမ်းလျောဖြစ်နေတယ်လို့ စစ်ရှောင်အမျိုးသမီးတစ်ဦးက ပြောပါတယ်။ "အကြောင်းရင်းက ဘာလဲ မသိဘူး၊ ရေရှားတဲ့ နေရာလဲ မဟုတ်ဘူး၊...