spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

မိုးဗြဲမြို့ မွေတော်ဘုရားဘုန်းကြီးကျောင်းမှာ ပိတ်မိခဲ့သူထဲက ပြန်လွှတ်မြောက်လာသူတစ်ဦးနဲ့ ဆက်သွယ်မေးမြန်းချက်

Author

Date

Category

မိုးဗြဲမြို့မှာ စစ်ကောင်စီတစ်ကျော့ပြန် စစ်ကြောင်းထိုးလာတဲ့ စက်တင်ဘာလ ၁၉ရက်နေ့မှာ အရပ်သားတချို့ကို မွေတော်ဘုရားဘုန်းကြီးကျောင်းနဲ့ စက်တော်ရာဘုန်းကြီးကျောင်းတွေမှာ ထွက်ခွင့်မပေးပဲ ပိတ်ထားတာတွေရှိပါတယ်။

စက်တင်ဘာလ ၂၆ရက်နေ့အထိ ပိတ်မိနေတဲ့ ပြည်သူတွေရှိနေပြီး မွှေတော်ဘုရားဘုန်းကြီးကျောင်းမှာ ပိတ်မိနေတဲ့ ပြည်သူတွေထဲကပြန်လည်လွှတ်မြောက်လာနိုင်ခဲ့သူတစ်ဦးကို သူကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်နဲ့ပတ်သက်ပြီး ပြန်လည်ပြောပြထားတာကို တင်ဆက်ပေးလိုက်ပါတယ်။

မေး။ ။ ဘယ်လိုကြောင့် ပိတ်မိခဲ့ရတာလဲ စက်တင်ဘာလ ၁၉ ရက်နေ့ ဖြစ်စဉ် ပြန်ပြောပြပေးလို့ရမလာ။

ဖြေ။ ။ ကျနော်တို့ဘယ်လိုပိတ်မိနေလည်းဆို အိမ်မှာလည်းမအိပ်ရဲတဲ့ချိန် သူတို့လက်နက်ကြီးတအားကျတော့ ဘုန်းကြီးကျောင်းထဲဝိုင်းထဲလည်းကျတော့ တချို့လူတွေကြရှောင်ကြတယ်။ အဲ့ဒါကျနော်တို့က စစ်ကြောင်းထိုးမယ် ကြားလည်းကြားတယ် ဒါပေမယ့် ဒီဖက်မလာလောက်ဘူးထင်ပြီးတော့ အဲ့ဒါကျနော်တို့က အဒေါ်အိမ်တစ်အိမ်မှာသွားစုအိပ်ကြတာ အဲ့ဒါ၄၊၅၊၁၀ယောက်လောက်ရှိမယ်ဗျ။ အဲ့မှာသွားစုအိပ်နေကြပြီးတော့ အဲ့သူတို့လက်နက်ကြီးသံကြားတယ်ဗျ။ မနက်၂နာရီချိန်မှာ ၂နာရီချိန်မှာ သူတို့ပစ်ပြီးတော့ အဲ့ဒါသူတို့နာရီဝက်လောက်ပဲကြာမယ်ထင်တယ် အဲ့ဒါသူတို့အိမ်ကို အိမ်မှာတောင်ရောက်နေပြီ အဲ့ချိန်က။ အိမ်ကြီးအိမ်ကောင်းမလို့ သူတို့ဝင်တာ။ လူဘယ်ယောက်လောက်ဆို သေချာတာကကျနော်ခန့်မှန်းခြေက ခန့်မှန်းခြေတော့ အယောက်၂၀တော့ အိမ်ထဲဝင်လာတယ်ဗျ။ ကျနော်တို့အိမ်မှာရှိနေတဲ့ချိန်မှာပေါ့ဗျ။ အိမ်ကြီးအိမ်ကောင်းတွေအရင်ဝင်တယ်ဗျ။ ပိတ်မိနေတဲ့ချိန်မှာ အဲ့ဒီအိမ်ထဲမှာပဲ အိမ်ထဲမှာသူတို့ဝင်လာတဲ့ချိန်သူတို့ ဖုန်းတွေစစ်တယ် ပြီးတော့ အိတ်တွေစစ်တယ် အကုန်လုံးတော့ အစုံ စစ်တယ်။ သေနတ်တွေက အကုန်လုံးချိန်ထားကြတာတော့ ကျနော်တို့လည်း သက်သောက်သက်သာနဲ့ လက်သမားတွေပါလို့တောင်းပန်ပြီးတော့ သူတို့ကလက်မြောက်ခိုင်းတယ် ပြီးတော့ မှောက်အိပ်ခိုင်းတယ် သူတို့ကဖုန်းတွေစစ်တယ်။ အဲ့ဒါပဲ လူကိုတော့မထုမရိုက်ဘူး။ အဒေါ်တွေလည်း ပါတယ်လေ။

မေး။ ။ နောက်တော့ ဘာဆက်ဖြစ်လဲ။ ဘယ်နေရာမှာ ပိတ်မိနေခဲ့တာလဲ။

ဖြေ။ ။ ပိတ်မိပြီးတော့ ဘုန်းကြီးကျောင်းပေါ်ကိုသွားခိုင်းတယ်ဗျ။ ရွာထဲမှာ မနေနဲ့ပေါ့။ ပြီးတော့ ကျနော်တို့ကိုအဲ့မှာ ဘုန်းကြီးကျောင်းထဲဝိုင်းထဲခေါ်သွားတာဗျ။ မွေတော်ဘုန်းကြီးကျောင်းထဲ ဝိုင်းထဲကိုဗျ။ သူတို့ဝင်လာတဲ့ချိန်တော့ မနက်၂နာရီခွဲဗျ။ ကျနော်တို့ကို ဘုန်းကြီးကျောင်းသွားခိုင်းတဲ့ချိန်က မနက်၅နာရီ ၅နာရီ လင်းခါစလေ အဲ့မှာသွားခိုင်းတာဗျ။

မေး။ ။ ဘုန်းကြီးကျောင်းခေါ်သွားတာဆိုတော့ ဘုန်းကြီးကျောင်းမှာ တခြားသူတွေရှိပြီးသားလာ မဟုတ်ရင် အရင်ဆုံး ခေါ်သွားခံရတာလာ။

ဖြေ။ ။ တခြားလူတွေလည်းရှိတယ်ဗျ။ အဲ့မှာကျောင်းလာစောင့်ပေးတဲ့ အဖွဲ့လည်းရှိတယ်ဗျ။ အဲ့ချိန် သူတို့လည်း အဲ့မှာရောက်နေပြီ။ မွေတော်ဘုရားထဲမှာ ကျနော်တို့ပါတယ် ပါပါဆိုရင် အယောက်၁၀၀နီးပါးလောက်ရှိတယ်ဗျ။

မေး။ ။ စစ်ကောင်စီတပ်ဖက်ကနေပြီး ခြိမ်းခြောက်ပြောဆိုတာမျိုးတွေရှိလား။ ဘယ်လိုနေရလဲ။

ဖြေ။ ။ အဲ့လိုတော့မရှိဘူးဗျ။ ဒါပေမယ့်ရွာထဲတော့မဆင်းခိုင်းဘူးဗျ။ ကျနော်တို့ရွာထဲကို မဆင်းခိုင်းဘူး။ ဘုန်းကြီးကျောင်းမှာပဲ နေရမယ် ဘုန်းကြီးကျောင်းမှာပဲစားရမယ် အဲ့လိုတော့လုပ်တယ်ဗျ။ အဲ့လိုပဲတူတူ အဲ့မျိုးသူတို့နဲ့တူတူ စားရမယ် တူတူချက်အဲ့လိုမျိုးစားရတယ်ဗျ။ ဟိုအရင်စစ်ရှောင်တဲ့လူတွေရဲ့ ဆန်တွေစားစရာတွေအဲ့မှာ ကျန်ခဲ့တဲ့ကျနော်တို့အဲ့ဒါကို ယူပြီးတော့ချက်ရတယ်။ ကျနော်တို့လည်းအဲ့မှာရှိတဲ့ဟာပဲစားရတယ်။ ကျနော်တို့နေတဲ့နေရာမှာဆိုရင်တော့ သူတို့ကအဲ့လို ချက်ခိုင်းတာတို့ကတော့ ဆွမ်း ကပ်ဖို့ဘာဖို့အဲ့တာတွေပဲချက်ခိုင်းတယ်။ သူတို့စားဖို့ဆိုပြီးတော့ ချက်ခိုင်းတာတို့တော့ မရှိဘူးဗျ။ သူတို့လည်းသူတို့ဟာ သူတို့ချက်တယ်။ ကျနော်တို့လည်းကျနော်တို့ဟာ ချက်တယ် အဲ့မျိုးတွေလုပ်တယ်ဗျ။ သူတို့ကမချက်ခိုင်းဘူး။ မချက်ခိုင်းဘူးဆိုတာ သူတို့လည်းကြောက်လို့ထင်တယ်။ အဆိပ်တွေဘာတွေခပ်မှာကြောက်လို့ဖြစ်မယ်။

မေး။ ။ စစ်သားတွေကကော ဘယ်လိုနေရာယူထားတာကိုတွေ့ရလဲ။

ဖြေ။ ။ ဘယ်လိုနေရာမျိုးသွားလည်းဆို ရွာထဲမှာကင်းပုန်းတွေဝပ်တယ်။ ပြီးတော့ရွာရဲ့အရှေ့ဖက်ကမ်းမှာ လည်းကင်းပုန်းရှိတယ်။ ပြီးတော့ ဘုန်းကြီးကျောင်းဝိုင်းထဲမှာလည်း နေရာတော်တော် အနှံ့ချထားတယ်ဗျ။ မွေတော်ကျောင်းထဲမှာဆိုရင်တော့ အယောက်၅၀လောက်ရှိမယ်ထင်တယ်ဗျ။ ရွာထဲမှာတော့ အယောက်၂၀၊၃၀လောက်တော့ရှိတယ်ဗျ။

မေး။ ။ ပိတ်မိနေတဲ့လူက ဘယ်လိုလူတွေဖြစ်မလဲ အရပ်သားတွေပဲလာ။ ဒါမှမဟုတ်ကလေးတွေကော ပါလားနော။

ဖြေ။ ။ လူအိုတွေလည်းပါတယ်ဗျ။ လူအိုတစ်ယောက်ရယ် ရောဂါသည်တွေပဲပေါ့ ရောဂါသည်တွေ တချို့ကပိုက်ဆံမရှိလို့ မပြေးနိုင်တာအဲ့မှာ ပိတ်မိနေခဲ့ကြတာပေါ့ ရွာထဲမှာကော။ ရောဂါသည်တွေ တချို့လည်းဟိုဟာတွေပေါ အသက်ကြီးပိုင်းတွေပေါ။ မပြေးနိုင်တဲ့လူတွေ အဲ့တာတွေကျန်ခဲ့သေးတယ်ဗျ။ ကျနော်ကြားမိသလောက်တော့ စက်တော်ရာမှာလည်း ပိတ်မိနေတယ်လို့တော့ ကြားမိနေတယ်ဗျ။ အဲ့မှာလည်းအယောက်၁၀၀ ဝန်းကျင်လောက်ပိတ်မိနေတယ်ပြောတယ်ဗျ။

မေး။ ။ လက်ရှိမှာကော ပိတ်မိနေတဲ့သူတွေရှိရှိသေးလား။

ဖြေ။ ။ ပိတ်မိတဲ့လူက ကျန်သေးတယ်ဗျ။ ကျန်သေးတယ်ဆိုတာ အကုန်ထွက်လို့လည်း အဆင်မပြေဘူး။ အဆင်မပြေလောက်ဘူးဖြစ်နေတယ်။ ဘာလို့ဆို သူတို့ရွာကိုလည်း တခုခုလုပ်မှာကိုကြောက်တယ်။ ပြီးတော့လူကြီးတွေလည်း လာပြောထားပြီးပြီ။ အဲ့ဒါသူတို့လည်းဘာမှမလုပ်ဘူး။ လူတော့ မထုမရိုက်ဘူးဗျ။ ကျနော်က ၃ရက်လောက် ပိတ်မိတယ်ဗျ။ အရင်ထွက်တဲ့လူတွေရှိတယ်ဗျ။ အကုန်တော့ အကုန်နီးပါးတော့ထွက်ပြီပဲ ဒါပေမယ့်အခုကျန်တာက ၃၀၊၄၀လောက်တော့ကျန်သေးတယ်ဗျ။

မေး။ ။ လက်ရှိ မိုးဗြဲမြို့က ကျေးရွာတွေမှာကော အခြေအနေဘယ်လိုရှိလဲ။

ဖြေ။ ။ ရွာထဲမှာတော့ အိမ်တွေဖောက်ပြီးပြီဗျ။ အိမ်တိုင်းလိုလို ဖောက်ပြီးတော့မှ ခိုးယူကြတာပေါ့ဗျ။ ကြက်တွေလည်း အကုန်လုံးပစ်သေပြီးတော့မှ စားလည်းမစားဘူး ဒီတိုင်း ရွာထဲမှာ ပေးပုတ်တာ။ တော်တော်လေးမွှေထားပြီဗျ။ မွှေတိုင်းဆို ပစ္စည်းတွေ လိုက်ရိုက်ခွဲထားတယ်ဗျ။ ပစ္စည်းတွေလည်း ရိုက်ခွဲထားတယ် အိမ်တွေလည်းဖွတယ် အဲ့လိုတွေလုပ်ထားတယ်ဗျ။

spot_img
spot_img

Recent posts