spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

မိုးဗြဲမှာ စစ်ကောင်စီရဲ့ပစ်ခတ်မှုကြောင့် ပြည်သူတစ်ဦး ဦးခေါင်းထိမှန်ခဲ့

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ဒီကနေ့ ( အောက်တိုဘာလ ၁၄ရက်) နေ့လည် ၁၂နာရီခွဲအချိန် ဆိုင်ကယ်မောင်းနှင်လာတဲ့ ခရီးသွားပြည်သူ အမျိုးသား ၂ဦးကို မိုးဗြဲမြို့ ၊ စက်တော်ရာတောင်ထိပ် မှာ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်က လက်နက်နဲ့ ပစ်ခတ်ခဲ့တဲ့အတွက် တစ်ဦး ဦးခေါင်းထိမှန်ပြီး စိုးရိမ်ရတဲ့ ဒဏ်ရာရရှိခဲ့တယ်လို့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်က ဒီကနေ့ ညနေပိုင်းမှာ သတင်းထုတ်ပြန်ထားပါတယ်။

ထိမှန်ဒဏ်ရာရရှိခဲ့တဲ့ ပြည်သူတစ်ဦးကို ပူးပေါင်းတပ်ဖွဲ့တွေကနေပြီး ကယ်ထုတ်ရင်း စစ်ကောင်စီနဲ့ ဒီကနေ့ ထိတွေ့ပစ်ခတ်မှု အနည်းငယ် ရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဒီကနေ့ မနက်ပိုင်း နံနက် ၈ နာရီအချိန်မှစ မိုးဗြဲမြို့မှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်ကနေ လမ်းသွားခရီးသွားပြည်သူတွေကို ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

အောက်တိုဘာလ ၈၊ ၉ ရက်နေ့ ကတည်းက စက်တော်ရာတောင်ထိပ် မှာ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်ကနေပြီး လမ်းသွားလမ်းလာ ခရီးသွားပြည်သူတွေကို ပစ်မှတ်ထား ပစ်ခတ်တာတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

မိုးဗြဲမြို့မှာ လက်ရှိ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခြင်းမရှိပေမယ့်လည်း စစ်ရေးအခြေအနေ တင်းမာလျက်ရှိနေတာကြောင့် မိဘပြည်သူအနေနဲ့ တိုက်ပွဲဖြစ်ပွားရာအနီးတစ်ဝိုက်ကို အသွားအလာမပြုလုပ်ကြဖို့ နဲ့ သတိထားသွားလာကြဖို့ အသိပေးထားပါတယ်။

spot_img
spot_img

Recent posts