spot_img
Friday, March 24, 2023
spot_img

မိုးဗြဲမှာ စစ်ဆင်ရေးလုပ်နေတဲ့ ခလရ-၁၄ တပ်မှ တပ်သား ၂ဦး ဖယ်ခုံ PDFတပ်ရင်း(၂) ထံ CDMပြုလုပ်

spot_imgspot_imgspot_imgspot_img

ကန္တာရဝတီတိုင်း(မ်)

မိုးဗြဲမှာ စစ်ဆင်ရေးပြုလုပ်နေပြီး ခလရ – ၁၄ တပ် ကနေ ထွက်ပြေးလာတဲ့ စစ်ကောင်စီ တပ်သား ၂ဦး ဖယ်ခုံမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ် တပ်ရင်း(၂) ထံ CDMပြုလုပ်ခဲ့တယ်လို့ ဖယ်ခုံ PDF တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

အောက်တိုဘာလ ၁၇ ရက်နေ့မှာ CDM ပြုလုပ်ခဲ့ကြတာဖြစ်ပြီး သင်တန်းဆင်းပြီး လုပ်သက် တစ်လကျော်သာရှိသေးတယ်လို့ သိရပါတယ်။

“ အဓိက သူတို့ ဆန္ဒကတော့ စစ်တပ်ကနေ လွတ်ရင်ပြီးရော ဆိုပြီး အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ပဲ ဖိနပ်တွေဘာတွေတောင် မပါဘူးလေ သူတို့ပြေးလာတာ။ လောလောဆယ်ကတော့ စစ်တပ်ကနေ လွတ်ရင်ပြီးရောပေါ့။ လောလောဆယ်တော့ ကျနော်တို့ စားသလိုစားတယ်။ ကျနော်တို့ ဆီမှာ နေသလိုနေတယ်ပေါ့။ “ လို့ ဖယ်ခုံPDF တာဝန်ရှိသူတစ်ဦးက ပြောပြပါတယ်။

CDMပြုလုပ်တဲ့ တပ်သား၂ဦးကတော့ ခိုင်မျိုးဦးနဲ့ ချစ်ရင်ထူး ဖြစ်ပြီး အသက် ၂၀ကျော် အရွယ်ဖြစ်တယ်လို့ သိရပါတယ်။ သူတို့ ၂ ဦး ဇာတိကတော့ ဧရာဝတီတိုင်းဒေသကြီး ကဖြစ်ပြီး စစ်သားအဖြစ် ဆန္ဒမပါပဲ တာဝန်ထမ်းဆောင်ခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။

CDMပြုလုပ်ခဲ့တဲ့ တပ်သား ၂ဦးကတော့ တပ်တွင်း တာဝန်ထမ်းဆောင်နေစဉ် တပ်တွင်းတွေမှာ အုပ်ချုပ်မှုပိုင်း ယိုယွင်းတာတွေ၊ တပ်တွင်း ထွက်ပြေးသူတွေ များပြားလာတာတွေ ရှိနေတယ်လို့ သိရကြောင်း ဖယ်ခုံPDFတာဝန်ရှိသူတစ်ဦးက ပြောပြပါတယ်။

ဖယ်ခုံ PDF ကနေပြီးတော့လည်း စစ်ကောင်စီလက်အောက် တာဝန် မထမ်းဆောင်လိုတဲ့ တပ်သားများ CDMပြုလုပ်လာတဲ့ သူတွေကို ကူညီပေးသွားမှာဖြစ်သလို လက်နက်ပါCDMပြုလုပ်ပါက ငွေသား သိန်း ၅၀ ပေးအပ်တာတွေ လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။

ဖယ်ခုံPDFထံ စစ်ကောင်စီတပ်သားတွေ CDMပြုလုပ်တာတွေရှိပြီး တပ်ခွဲတွေမှာ PDFအနေနဲ့ ပြန်လည်တာဝန်ထမ်းဆောင်နေတာတွေ၊ နည်းပြအဖြစ် ပြန်လည်တာဝန်ထမ်းဆောင်တာတွေရှိတယ်လို့ ဆိုပါတယ်။

အောက်တိုဘာလ ၁၆ရက်နေ့မှာလည်း ဖယ်ခုံ -မိုးဗြဲ -လွိုင်ကော် လမ်းမကြီးပေါ် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို ပူးပေါင်းတပ်ဖွဲ့တို့ ကြားဖြတ်တိုက်ခဲ့ပြီး စစ်ကောင်စီ ၄ဦးသေဆုံးခဲ့သလို MA 1သေနတ်တစ်လက်နဲ့ လက်နက်ခဲယမ်းတချို့ သိမ်းဆည်း ရမိခဲ့တယ်လို့ သိရပါတယ်။

ဓာတ်ပုံ – ဖယ်ခုံမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ် တပ်ရင်း ( ၂ )
spot_imgspot_imgspot_imgspot_img

More from the blog

ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းကို လေကြောင်းတိုက်ခိုက်ပြီး နေအိမ် ( ၁၀၀ ) ဝန်းကျင် မီးလောင်ပျက်စီး

ကန္တာရဝတီ တိုင်း(မ်) ဒီကနေ့ မတ်လ ၂၄ ရက်နေ့ ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်း တစ်နေရာကို စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် တိုက်ခိုက်မှု ပြုလုပ်ခဲ့တယ်လို့ ကန္တာရဝတီတိုင်း(မ်)ရဲ့ မြေပြင်သတင်းထောက်မှ သတင်းပေးပို့ချက်အရ သိရပါတယ်။ ကျေးရွာတစ်ရွာထဲကို ယနေ့ နေ့လည် ၁၂ နာရီ မိနစ် ၄၀ ဝန်းကျင်မှာ...

စစ်ကောင်စီစစ်ကြောင်းထိုးမှုကြောင့် ကရင်နီ စစ်ရှောင်ဦးရေ နှစ်သိန်းခွဲအထိ ရှိလာ

ကန္တာရဝတီတိုင်း(မ်) ကရင်နီပြည်နယ်အတွင်းမှာ စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းထိုးမှုတွေကြောင့် စစ်ရှောင်ပြည်သူ နှစ်သိန်းခွဲအထိ ရှိလာပြီလို့ ကရင်နီပြည်အတိုင်ပင်ခံကောင်စီ(KSCC) ရဲ့ လူသားချင်းစာနာထောက်ထားမှုကော်မတီ တာဝန်ခံ ဦးဗညားက ပြောပါတယ်။ “အနည်းဆုံးကတော့ ၂သိန်းခွဲရှိသွားပြီလို့ ကျနော်တို့က ယတိပြတ်ပြောလို့ရသွားပြီပေါ့နော။ ဘာဖြစ်လို့ အဲ့လိုပြောရတာလဲဆိုရင်တော့ အရင်က ၂ သိန်းဝန်းကျင် ရှိတယ်လို့ ခန့်မှန်းခဲ့ကြတယ်။ ဒီလိုမျိုးခန့်မှန်းချက်ကလည်း မြို့နယ်အလိုက်...

ဒီးမော့ဆိုအရှေ့ဘက် (၂)ပတ်ကျော် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ တစ်ရာဝန်းကျင် သေဆုံးပြီး ပူးပေါင်းတပ်မှ (၄)ဦးကျဆုံး

ကန္တာရဝတီတိုင်း(မ်) ဒီးမော့ဆိုအရှေ့ဘက်ခြမ်းမှာ မတ်လ ဒုတိယအပတ်ကနေစပြီး စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်နဲ့ ကရင်နီဒေသခံကာကွယ်ရေးပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားနေတာ ၂ပတ် ကျော် ရှိလာပြီဖြစ်ပါတယ်။ အဲဒီတိုက်ပွဲတွေအတွင်းမှာ နှစ်ဖက် ထိခိုက်ကျဆုံးမှုတွေ ရှိနေပြီး စစ်ကောင်စီဖက် တစ်ရာဝန်းကျင်သေဆုံးပြီး ပူးပေါင်းတပ်မှ (၄)ဦး ကျဆုံးခဲ့တယ်လို့ သိရပါတယ်။ “ အရေအတွက်တော့ မသိဘူး။ ဒါပေမယ့် အကျအဆုံးတော့...

ဒီးမော့ဆိုအရှေ့ဘက်ခြမ်းတိုက်ပွဲအတွင်း KNDF တပ်ရင်း (၁၀)မှ ရဲဘော်နှစ်ဦးကျဆုံး

ကန္တာရဝတီတိုင်း(မ်) တိုက်ပွဲနေ့စဉ်ဖြစ်ပွားနေတဲ့ ကရင်နီပြည် ဒီးမော့ဆိုအရှေ့ဘက်ခြမ်းရှိ ဒေါညေးခူ၊ ဒေါတမကြီးကျေးရွာတိုက်ပွဲအတွင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် ( KNDF ) တပ်ရင်း (၁၀)မှ ရဲဘော်နှစ်ဦး ကျဆုံးခဲ့တယ်လို့ KNDF တပ်ရင်း (၁၀)က ဒီကနေ့ ( မတ်လ ၂၄ ရက်နေ့) မှာ သတင်းထုတ်ပြန်ပါတယ်။ စစ်ကြောင်းသုံးကြောင်းနဲ့ ထိုးစစ်ဆင်လာတဲ့...