spot_img
Monday, March 27, 2023
spot_img

မိုးဗြဲမှာ ဖေဖော်ဝါရီလလယ်ပိုင်း ကစပြီး နေ့စဉ်နီးပါး ပစ်ခတ်မှုဖြစ်ပွားနေ

spot_imgspot_imgspot_imgspot_img

ကန္တာရဝတီတိုင်း( မ် )

ရှမ်း-ကရင်နီနယ်စပ် မိုးဗြဲမြို့မှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၃ ရက်နေ့ကစပြီး စစ်ကောင်စီဘက်က စစ်ကြောင်းထိုးလာတာတွေ၊ တပ်အပြောင်းအလဲလုပ်တာတွေရှိတဲ့အတွက် နေ့စဉ်နီးပါး ပစ်ခတ်မှုတွေ ဖြစ်ပွားနေတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် ( KNDF ) သတင်းနှင့်ပြန်ကြားရေး တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

“လက်ရှိမှာတော့ စစ်ကောင်စီကတော့ မြို့ပေါ်မှာတော့ တပ်အင်အားတွေဖြည့်ထားတယ်ပေါ့နော။ ပြီးတော့ လက်ရှိဒီ သူတို့ တိုက်ပွဲဖြစ်နေတဲ့ စက်တော်ကျေးရွာ အဲဒီဘက်မှာတော့ ဟိုဟာ စစ်ကောင်စီတွေက ရှိနေသေးတယ်ပေါ့နော။ ထိတွေ့တိုက်ပွဲတွေကတော့ နေ့တိုင်းဖြစ်တယ်ပေါ့နော။ ဒါပေမယ့် တိုက်ပွဲကြီးကြီးမားမားတော့ မဟုတ်ဘူး။ တိုက်ပွဲအငယ်လေးတွေ။ သူ့ဘက်က ချောင်းပစ်တယ်။ ကိုယ့်ဘက်က ချောင်းပစ်တာတွေတော့ ရှိတယ်ပေါ့နော။” လို့ သူက ပြောပါတယ်။

စစ်ကောင်စီက မိုးဗြဲမြို့ရှိ စက်တော်ရာစေတီ၊ ညောင်ဝိုင်းရပ်ကွက်၊ ဝါရီဆူးပလိုင်ကျေးရွာနဲ့ လွိုင်ကော်မြို့ရှိ ပီကင်းကောခူကျေးရွာ၊ ဆောင်ကန်းကျေးရွာတွေမှာ တပ်စွဲနေရာယူထားတယ်လို့ ဆိုပါတယ်။ စစ်ရေးအရ အချက်အချာကျတဲ့နေရာတွေကို စစ်ကောင်စီက တပ်စွဲပြီး မြို့တွေကို ထိန်းချုပ်ဖို့ကြိုးစားနေတာဖြစ်တယ်လို့ သူက သုံးသပ်ပါတယ်။

ဒီးမော့ဆိုမြို့မှာလည်း တိုက်ပွဲငယ်တွေဖြစ်ပွားနေသလို ရှားတောမြို့နယ်ဘက်မှာလည်း ပြီးခဲ့တဲ့ ၃ရက်ဝန်းကျင်က ပစ်ခတ်မှုတွေလည်း ရှိခဲ့တယ်လို့ ဆိုပါတယ်။

ဖေဖော်ဝါရီလ ၁၉ ရက်နေ့မှာ ဒီးမော့ဆိုမြို့ ကုန်းသာကျေးရွာက စစ်ကောင်စီတပ်စွဲထားတဲ့နေရာတွေကို သွားရောက်တိုက်ခိုက်ခဲ့ပြီး လက်နက်ခဲယမ်းတချို့ကို ရရှိခဲ့တယ်လို့ ကယား(ကရင်နီ)တော်လှန်ရေးတပ်ပေါင်းစု ( KRU ) က ထုတ်ပြန်ခဲ့ပါတယ်။

အလားတူ ဖေဖော်ဝါရီလ ၁၉ ရက်နေ့မှာလည်း ဖယ်ခုံမြို့နယ် ခမရ (၄၂၁) ကင်းပုန်းစခန်းကို KNDF B-11 နဲ့ SSRY တို့ သွားရောက်ပစ်ခတ်ခဲ့တယ်လို့ KNDF B-11 က ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှာလည်း ဖယ်ခုံမြို့က စစ်ကောင်စီတပ်စွဲထားတဲ့ ပင်ပုံစခန်းကုန်းတောင်ပေါ်ကို KNDF၊ UAV၊ SSRY တို့ သွားရောက်တိုက်ခိုက်ခဲ့ပြီး နေ့ဝက်ကြာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ KNDF B-11 က ထုတ်ပြန်ခဲ့ပါတယ်။

စစ်ကောင်စီတပ်ဟာ ကရင်နီပြည်က မြို့နယ်အချို့ကို စစ်အုပ်ချုပ်ရေးကြေညာပြီးတဲ့နောက်ပိုင်းမှာ စစ်ရေးအရှိန်တွေ ပိုပြီး တိုးမြှင့်ထားတယ်လို့ KNDF သတင်းနှင့်ပြန်ကြားရေး တာဝန်ရှိသူ တစ်ဦးက ဆက်ပြောပါတယ်။

“စစ်အုပ်ချုပ်ရေး ကြေညာပြီးနောက်ပိုင်းပေါ့။ ဒိဖေဖော်ဝါရီလအတွင်းမှာပေါ့။ ဆိုတော့ သူတို့ က ဒီဟာပေါ့နော။ စစ်အင်အားတွေ ပိုပြီးတော့ တိုးချဲ့လာတာပေါ့နော။ ဆိုတော့ ဒီကျနော်တို့ ပြည်နယ်ဘက်ကို ဒါစစ်အင်အားထပ်တိုးတာကို ကျနော်တို့ ကြားသိရတယ်ပေါ့နော။ ဆိုတော့ ဖယ်ခုံဘက်ကနေ သူတို့ စစ်အင်အားကတော့ ကားယာဉ်တန်းတွေကတော့ ဖယ်ခုံဘက်ကို ရောက်နေတယ်လို့ ကျနော်တို့ ကြားသိရတယ်ပေါ့နော။ ဆိုတော့ ဒီဘယ်လိုပြောရမလဲ အရေးပေါ်ကာလကြေညာတဲ့အနေအထားမှာ သူတို့ စစ်ရေးပိုမြှင့်တဲ့ အနေအထားမှာ ကျနော်တို့ တွေ့ရတယ်ပေါ့နော။” လို့ သူက ပြောပါတယ်။

စစ်ကောင်စီဘက်က စစ်ရေးအရှိန်တိုးမြှင့်လာတဲ့အတွက် တိုက်ပွဲအချိန်မရွေးဖြစ်ပွားနိုင်ပြီး အရပ်သားပြည်သူတွေအနေနဲ့ စစ်ရေးအရ အသွားအလာ ကန့်သတ်ထားတဲ့နေရာတွေကို မသွားလာကြဖို့နဲ့ လုံခြုံရေးကို သတိပြုပေးကြဖို့ KNDF က တိုက်တွန်းထားပါတယ်။

spot_imgspot_imgspot_imgspot_img

More from the blog

ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းကို စစ်ကောင်စီတပ်မှ လက်နက်ကြီးတွေ အမြောက်အများ ပစ်ခတ်နေ

ကန္တာရဝတီ တိုင်း(မ်) ကရင်နီပြည် ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းကို ဒီးမော့ဆို အခြေစိုက် ခလရ ၁၀၂ တပ်မှ (၁)မိနစ် (၁) လုံးနုန်းနဲ့ လက်နက်ကြီးတွေ အမြောက်အများ ပစ်ခတ်နေတယ်လို့ သိရပါတယ်။ ယနေ့ ( မတ်လ ၂၆ ) ရက်နေ့ မနက် ၉ နာရီလောက်ကစပြီး...

စစ်ရှောင်ပြည်သူတွေကို ရိက္ခာဝေမယ်လို့ပြောဆိုပြီး ဓါတ်ပုံရိုက်ပြီးနောက် ဝေထားတဲ့ရိက္ခာတွေကို ပြန်သိမ်းယူသွား

ကန္တာရဝတီတိုင်း(မ်) လွိုင်ကော်မြို့ နမ့်ဘော်ဝမ် ရပ်ကွက်အတွင်းရှိ စစ်ဘေးရှောင်ပြည်သူတွေကို စစ်ကောင်စီ က ရိက္ခာဝေပေးမယ်လို့ပြောဆိုကာ ဒီကနေ့ (မတ်လ ၂၅ ရက်နေ့ ) မှာ စုရုံးခေါ်ဆောင်ပြီး ဓါတ်ပုံမှတ်တမ်းရယူခဲ့ပေမဲ့ ဝေငှထားတဲ့ ရိက္ခာထုပ်တွေကို ပြန်လည်တောင်းယူခဲ့တယ်လို့ စစ်ရှောင်တွေဆီကနေ သိရပါတယ်။ နမ့်ဘော်ဝမ်ရပ်ကွက်အတွင်းမှာ ရှိတဲ့ဘုရားကျောင်းမှာ စစ်ဘေးရှောင်တွေကို ခေါ်ယူစုရုံးပြီး ကုလားပဲထုပ်...

ဒီးမော့ဆိုအနောက်ဘက်ခြမ်းမှာ လက်နက်ကြီးကျပြီး ဒေသခံထိခိုက်မှုရှိခဲ့၊ ဖရဲသီးစိုက်ခင်းလည်းပျက်စီး

ကန္တာရဝတီတိုင်း( မ် ) ယမန်နေ့ မတ်လ ၂၄ရက်နေ့ မနက် ၁၀နာရီကျော်အချိန်မှာ ကရင်နီပြည် ဒီးမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်းကို စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တဲ့အတွက် ဒေသခံတချို့ ထိခိုက်ခဲ့သလို ဖရဲသီးစိုက်ခင်းလည်း ပျက်စီးခဲ့တယ်လို့ ဒီးမော့ဆိုအနောက်ဘက်ခြမ်းမှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။ "အိမ်ကတော့ လူနေအိမ်ပဲ မိန်းက‌လေးထိတယ်ပြောတယ်။ မိန်းကလေးနှစ်ယောက်။ ဒီကျတာက ဖရဲသီးခြံစိုက်ခင်းထဲမှာက...

ဒီမော့ဆို အရှေ့ဘက်ခြမ်းမှ ဆွေမျိုးများထံ ယာယီ ပြောင်းရွေ့လာတဲ့ စစ်ရှောင်ကလေးအချို့ ဝမ်းပျက်ဝမ်းလျောဖြစ်နေ

CJ (ကန္တာရဝတီတိုင်း(မ်)) ကရင်နီပြည် ဒီမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းမှာ မတ်လ ၁၀ ရက်နေ့ ကတည်းက ဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် အနောက်ဘက်ခြမ်းက ဆွေမျိုးတွေဆီကို ယာယီ ပြောင်းရွေ့လာတဲ့ စစ်ရှောင်တွေအထဲက ကလေးတွေဟာ ဝမ်းပျက်ဝမ်းလျောဖြစ်နေတယ်လို့ စစ်ရှောင်အမျိုးသမီးတစ်ဦးက ပြောပါတယ်။ "အကြောင်းရင်းက ဘာလဲ မသိဘူး၊ ရေရှားတဲ့ နေရာလဲ မဟုတ်ဘူး၊...