spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

မိုးဗြဲရဲစခန်းကို PDF သိမ်းပိုက်

Author

Date

Category

PDFနှင့် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များက မိုးဗြဲရဲစခန်းကို မွန်းလွဲ၁နာရီခွဲမှာ သိမ်းပိုက်နိုင်ခဲ့တယ်လို့ တိုက်ပွဲမှာပါဝင်သူ တစ်ဦးက ကန္တာရဝတီတိုင်းမ်ကို အတည်ပြုပြောကြားပါတယ်။

” စခန်းကိုသိမ်းပိုက်လိုက်နိုင်ပါပြီ။ မိုးဗြဲရဲစခန်း တစ်နာရီခွဲမှာ စခန်းသိမ်းပိုက်လိုက်နိုင်ပါတယ်။ “

ဒီက‌ေန့နံနက်ပိုင်းမှာ PDFနှင့် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တို့ မိုးဗြဲရဲစခန်းမှာ စစ်ကောင်စီတပ်နှင့် လေးနာရီကြာတိုက်ပွဲဖြစ်ပွားပြီး ဒေသခံတွေလည်းတိမ်းရှောင်နေရပါတယ်။

လက်ရှိမှာတော့ တိုက်ပွဲမဖြစ်တော့ပဲ PDF နှင့် တိုင်းရင်းသားလက်နက်ကိုင်တို့ဖက်က သေဆုံးသူမရှိ ၆ဦးဒဏ်ရာရရှိပြီး မစိုးရိမ်ရဘူးလို့ သိရပါတယ်။

ရဲတပ်ဖွဲ့ဝင် ၄ဦး ကိုလည်းဖမ်းဆီးနိုင်ခဲ့ပါတယ်။

spot_img
spot_img

Recent posts