spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

မိုးဗြဲအနီးရှိ စစ်ရှောင်တစ်နေရကို လက်နက်ကြီးကျရောက်ပေါက်ကွဲပြီး တစ်ဦးပွဲချင်းပြီးသေဆုံး၊ နှစ်ဦး ဒဏ်ရာပြင်းထန်

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ယမန်နေ့(ဇန်နဝါရီ ၁၆ရက်) ည ၈နာရီ ၁၅မိနစ် ဝန်းကျင်မှာ စစ်ကောင်စီမှ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး မိုးဗြဲမြို့အနီးရှိ စစ်ရှောင်တစ်နေရာကို လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့ပြီး စစ်ရှောင်အမျိုးသမီးတစ်ဦး ဖြစ်တဲ့ အသက်၃၃နှစ်အရွယ် ဒေါ်မူလင်း ပွဲချင်းပြီးသေဆုံးခဲ့ပြီး ၂ဦးမှာ ပြင်းထန်တဲ့ ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

“ သူတို့ဖယ်ခုံကနေ လက်နက်ကြီးတွေထုတယ်။ ဒီစစ်ဘေးရှောင်ရှိတဲ့နေရာကို ထုတာပေါ့နော။ လက်နက်ကြီး လေးချက်၊ငါးချက်ကျတာ တစ်ချက်က ပြည်သူကို မိသွားတာပေါ့နော။ ဒဏ်ရာအသေးအမွှားတော့ များတယ်။ ဒဏ်ရာအပြင်းအထန် နှစ်ယောက်ရှိတယ်။ တစ်ယောက်က တစ်ခါတည်း ပွဲချင်းပြီး ဆုံးတယ်ပေါ့နော။ “ လို့ မိုးဗြဲ PDF တာဝန်ရှိသူတစ်ဦး ကပြောပါတယ်။

ဖယ်ခုံမြို့ရှိ စစ်ကောင်စီအမြောက်တပ်မှ နှစ်ဆင့်ကွဲအမြောက် နဲ့ ရမ်းသမ်းပစ်ခတ်ခဲ့တာဖြစ်ပါတယ်။ လက်နက်ကြီး ကျရောက်မှုကြောင့် စစ်ရှောင်တွေ တခြားတစ်နေရာ ထပ်မံ တိမ်းရှောင်နေကြရတာတွေလည်း ရှိနေတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ဟာ တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ လူထုတွေရှိရာကို လက်နက်ကြီးတွေ ပစ်ခတ်နေတာ ဖြစ်ပါတယ်။

“ ကျနော်တို့ အထင်ကတော့ လက်နက်ကြီး အဲ့လောက်ထုတာ သူတို့က စစ်ကြောင်းထိုးဖို့ရှိမယ်ထင်တယ်။ ဒါပေမယ့် သူတို့ ထိုးလာမယ်ဆိုရင်တော့ ဘယ်လိုဖြစ်ဖြစ် စစ်ပွဲအကြီးကျယ်ဖြစ်ပြီသေချာတယ်ပေါ့နော။” လို့ မိုးဗြဲ PDFတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကြား စစ်ရေးတင်းမာနိုင်သလို စစ်ကောင်စီဖက်က လက်နက်ကြီး ရမ်းသမ်းထုနေတာတွေလည်း ရှိနေတဲ့အတွက် ပြည်သူလူထုတွေအနေနဲ့ လုံခြုံရေး သတိနဲ့ နေထိုင်ကြဖို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက တိုက်တွန်းထားပါတယ်။

၂၀၂၃ခုနှစ် ဇန်နဝါရီလ ၁ရက်နေ့ကနေ ၁၆ရက်နေ့အထိ ကန္တာရဝတီတိုင်း( မ် ) ရဲ့ လက်လှမ်းမှီသလောက် ကောက်ယူထားတဲ့ စာရင်းအရ ကရင်နီပြည်နဲ့ ရှမ်း-ကရင်နီနယ်စပ်တွေမှာ လက်နက်ကြီးထိမှန်မှုကြောင့် အရပ်သား ၄ဦးသေဆုံးပြီး အနည်းဆုံး ၈ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

spot_img
spot_img

Recent posts