spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

မိုးဗြဲ ပစ်ခတ်မှုမှာ စစ်ကောင်စီဘက် ၁၅ဦးသေဆုံး

Author

Date

Category

ဒီကနေ့ မိုးဗြဲမှာ PDF နှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တို့ ပူးပေါင်းပြီး စစ်ကောင်စီတပ်နှင့် တိုက်ပွဲ ဖြစ်ပွားရာမှာ စစ်ကောင်စီဘက်က ၁၅ဦး သေဆုံး တယ်လို့ တိုက်ပွဲမှာပါဝင်သူတစ်ဦးက ကန္တာရဝတီတိုင်းမ်ကို အတည်ပြုပြောပါတယ်။

PDFနှင့် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တို့ ဘက်က ကျဆုံးသူမရှိဘဲ ၆ဦး ဒဏ်ရာရရှိခဲ့ပြီး နှစ်ဦး က စိုးရိမ်ရတယ်လို့ သိရပါတယ်။ PDFနှင့် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့ဘက်က မိုးဗြဲ ရဲစခန်းကို မွန်းလွဲ၁နာရီခွဲမှာ သိမ်းပိုက်နိုင်ခဲ့ပါတယ်။

မိုးဗြဲရဲစခန်းမှာ လေးနာရီကြာတိုက်ပွဲဖြစ်ပွားခဲ့ပြီး ရဲတပ်ဖွဲ့ဝင် ၄ဦး ကိုလည်းဖမ်းဆီးနိုင်ခဲ့ပါတယ်။

spot_img
spot_img

Recent posts