spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

မိုးဗြဲ-ဖယ်ခုံအင်း ရေမြင့်တက်လာတာကြောင့် ရေထဲမှာ စပါးရိတ်နေရ၊ ငါးမွေးမြူရေးလုပ်ငန်းတွေလည်း အရှုံးပေါ်

Author

Date

Category

ကန္တာရဝတီ တိုင်း (မ်)

မိုးဗြဲ – ဖယ်ခုံအင်းရေမြင့်တက်လာတာကြောင့် တောင်သူတွေ စိုက်ပျိုးထားတဲ့ စပါးတွေ ဧကထောင်ချီနဲ့ ရေမြုပ်သွားပြီး တချို့ ရိတ်သိမ်းလို့ရတဲ့ စပါးတွေကို ရေထဲမှာ ရိတ်ပြီး စက်လှေတွေနဲ့ သယ်ယူနေရတယ်လို့ သိရပါတယ်။

“တချို့ ရေမြုပ်သွားတဲ့ စပါးတွေဆိုရင် ရိတ်ပြီးတာနဲ့ စက်လှေပေါ်တင်ထားတဲ့ဟာလည်းရှိတယ်။ တချို့က မိုးကာ နဲ့ ခံပြီးတော့ သယ်သွားတာလည်းရှိတယ်ပေါ့။” လို့ ဒေသခံတောင်သူတစ်ဦးက ပြောပါတယ်။

အဆိုပါ ဒေသမှာ စပါးကို တစ်နှစ် ၂ကြိမ် စိုက်ပျိုးကြတာ ဖြစ်ပြီး ဒီနှစ်မှာတော့ ဒုတိယ အကြိမ် ပြန်လည် စိုက်ပျိုးတဲ့ စပါးတွေဟာ မရင့်မှည့်သေးတာကြောင့် ဆုံးရှုံး မှုတွေ ပိုများတယ်လို့ စပါးစိုက်ပျိုးသူတစ်ဦးက ပြောပါတယ်။

” တချို့လူတွေ တစ်နှစ်ကို နှစ်ခါ စိုက်တဲ့သူတွေ ရှိတယ်။ ဒုတိယစိုက်တဲ့ လူတွေအတွက်ဆို ဆုံးရှုံးမှု တွေ တော်တော်များမှာ။ ဘာလို့ဆို ခုချိန်မျိုးဆို သူတို့ အနှံတောင် မထွက်သေးဘူး။ သူတို့လယ်ကွက်ထဲရေတွေ ဝင်ကုန်ပြီ။” လို့ စပါးစိုက်ပျိုးသူ တစ်ဦးက ပြောပါတယ်။

အဆိုပါရေမြုပ်သွားတဲ့ ဧက ထောင်နဲ့ ချီတဲ့ စပါးခင်း တွေမှာ စစ်ရှောင်တွေ စိုက်ပျိုးထားတဲ့ စပါးခင်းတွေလည်း ပါဝင်တယ်လို့ သိရပါတယ်။

“စစ်ရှောင်ဟာတွေလည်း များတယ်။ ပေးစိုက်ထားတာတွေ ရှိတယ်။ တချို့က အမျိုးတွေ ရှိ အမျိုးတွေ ပေးစိုက်ထားတာတွေ ရှိတယ်။ စိုက်ထားတဲ့ လူတွေလည်း ပြန်ရိတ်လို့ မရဘူး။ အများကြီးကျန်တယ်။” လို့ စစ်ရှောင်တွေကို လယ်ပေးစိုက်ထားတဲ့ ဒေသခံ တစ်ဦးက ပြောပါတယ်။

တချို့ရေမမြုပ်သေးတဲ့ စပါးခင်းတွေကိုလည်း ရေမြုပ်မှာစိုးရိမ်ကြတာကြောင့် ရိတ်သိမ်းချိန်မရောက်ခင် စောပြီး သိမ်းယူကြတာတွေလည်း ရှိတယ်လို့ သိရပါတယ်။ ခုလိုစောပြီး ရိတ်သိမ်းလိုက်ရတဲ့ အတွက် အထွက်နှုန်းကတော့ သုံးပုံတစ်ပုံလောက်ပဲ ရတော့တယ်လို့ တောင်သူတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် အဆိုပါ ဒေသတဝိုက်က ငါးမွေးမြူရေးကန်တွေလည်း ရေမြုပ်ပြီး ငါးတွေ ဆုံးရှုံးသွားတာတွေ ရှိနေပါတယ်။

“ဒီနှစ်ရေတက်တာ တအားမြန်တော့ စပါးတွေ ဆုံးရှုံးတာ ရှိသလို ငါးမွေးထားတဲ့ ငါးကန်တွေလည်း ရေကြီးပြီးတော့ ငါးတွေ ထွက်ကုန်တာလည်း အများကြီး ရှိတယ်” လို့ တောင်သူတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့နှစ်တွေမှာတော့ ရေကြီးတာ ရှိပေမယ့် ပုံမှန် တစ်ဖြည်းဖြည်း ရေတက်လာတာ ဖြစ်ပြီး ဒီနှစ်ကတော့ ရေတက်တာ မြန်ဆန်ပြီး ခုလို ဆုံးရှုံးမှုတွေ ရှိနေတာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် လွိုင်ကော်မြို့ပေါ်က ဘီလူးချောင်းနဲ့ နီးတဲ့ နန်းကွတ် ရေစီးကွေ့ အနီးမှာလည်း လူနေအိမ်တွေထဲထိ ရေတွေဝင်ရောက်တာရှိပြီး ဘေးလွတ်ရာကို ကြိုတင်တိမ်းရှောင်နေသူတွေ ရှိနေတယ်လို့ သိရပါတယ်။

spot_img
spot_img

Recent posts