spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

မိုးဗြဲ-လွိုင်ကော် လမ်းတလျောက် မောင်းနှင်လာတဲ့ စစ်ကောင်စီကားပေါ်မှ ပစ်ခတ်မှုကြောင့် အရပ်သား ၃ ဦးသေဆုံး၊

Author

Date

Category

လေးမြာ/ကန္တာရဝတီတိုင်း(မ်)

ယနေ့ (ဇွန်လှိုင်လ ၁၁) နံနက်ပိုင်းမှာ မိုးဗြဲကနေ လွိုင်ကော်မြို့ကို မောင်းနှင်လာတဲ့ စစ်ကောင်စီတပ်ရဲ့ စစ်ကားတွေပေါ်ကနေ လမ်းမကြီးတစ်လျှောက် လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့တာကြောင့် အပြစ်မဲ့ ပြည်သူ ၃ ဦးသေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူတွေရှိတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

အဆိုပါ သေဆုံးခဲ့ရတဲ့ ပြည်သူ ၃ ဦးမှာ လွိုင်ကော်မြို့နယ် ကုန်းသာကျေးရွာမှ အသက်မပြည့်သေးတဲ့ (၁၇) နှစ် အရွယ် အမျိုးသားတစ်ဦး၊ နွားလဝိုးဈေးမှ အမျိုးသားတစ်ဦး နဲ့ အမျိုးသမီး တစ်ဦးတို့ ဖြစ်ကြတယ်လို့ တိုးတက်သောကရင်နီ ပြည်သူ့အင်အားစု (PKPF) မှ တာဝန်ရှိသူတစ်ဦး ကပြောပါတယ်။

“ ကုန်းသာမှာ သေတဲ့တစ်ယောက်ကတော့ ယောင်္ကျားလေး ၁၇ နှစ် ပဲရှိသေးတယ်။ သူက လက်နက်ကြီး လက်နက်ငယ်သံတွေ ကြားတော့ သူကအုတ်တံတိုင်းနားမှာ သွားကပ်ခိုပုန်းနေတယ်။ အဲလို ပုန်းနေရင်းနဲ့ လက်နက်ကြီးသူ့ဘေးမှာ ကျပြီးတော့ ပွဲချင်းပြီးသေဆုံးသွားတယ်။ နောက်ထပ် နွားလဝိုးဈေးက နှစ်ယောက်က အမျိုးသား တစ်ယောက်နဲ့ အမျိုးသမီးတစ်ယောက်ပေါ့၊ ဈေးက လမ်းမကြီးဘေးမှာပဲလေ။ သူတို့ခါကျတော့ ကားပေါ်ကနေ ပစ်ချလာတာ ပြောတယ်။” လို့ တိုးတက်သောကရင်နီ ပြည်သူ့အင်အားစု (PKPF) မှ တာဝန်ရှိသူတစ်ဦး ကပြောပါတယ်။

စစ်ကောင်စီတပ်ဟာ မိုးဗြဲမှ လွိုင်ကော်ကို မသွားမီ မိုးဗြဲ အမြှောက်တပ်နဲ့ လွိုင်ကော်အမြှောက်တပ်ကနေပြီး လက်နက်ကြီးတွေနဲ့ ကြိုတင် ပစ်ခတ်ခဲ့ပါတယ်။ စစ်ကောင်စီတွေဟာ မကြာခဏဆိုသလို ကြားဖြတ် တိုက်ခိုက်ခံရတာကြောင့် အခုလို လမ်းမပေါ်သွားလာစဉ်မှာ ရမ်းသမ်း ပစ်ခတ်ခဲ့တာ ဖြစ်နိုင်တယ်လို့ (PKPF) မှ တာဝန်ရှိသူတစ်ဦးက ဆက်ပြောပါတယ်။

“ထင်တာက‌တော့ လူအင်အား၊ လက်နက်အင်အားတွေ ဖြည့်တင်းတာပေါ့နော်။ သူတို့က မကြာခဏ လမ်းမှာဖြတ်တိုက်ခံရတယ်ကော ကားတွေ ပစ်ခံရတော့ ဒီတခေါက်လည်း သူတို့ (စကစ) ထပ်ပစ်ခံရမယ်လို့ ယူဆတော့ သူတို့ (စကစ) အရင်ဆုံး ပတ်ရမ်းတာပေါ့။ သူတို့(စကစ) အရင်ဆုံး ဦးအောင်အရင်ပစ်တယ်၊ ရွာထဲမှာ သေနတ်တွေလျှောက်ပစ်တာပေါ့နော်။ သူတို့ (စကစ) တွေက ထင်ယောင်ထင်မှားတွေဖြစ်ပြီး ပစ်တယ်လို့တော့ ကျတော်တို့က ထင်တာပေါ့နော်။”လို့ သူက ပြောပါတယ်။

မိုးဗြဲမှ လွိုင်ကော်သို့ မောင်းနှင်လာတဲ့ စစ်ကားမှာ ၁၅ စီး ရှိတယ်လို့ ပြောဆိုကြပေမယ့် မျက်မြင်တစ်ချို့က စစ်ကား (၅) စီးကိုသာ တွေ့မြင်ရတယ်လို့ ဆိုပါတယ်။

တိုက်ပွဲပြင်းထန်နေတဲ့ ကရင်နီပြည် မှာ စစ်ကောင်စီမှ အရပ်သားတွေရှိတဲ့နေရာနဲ့ စစ်ရှောင်စခန်းတွေကို လေယာဉ်နဲ့ ဗုံကျဲတိုက်ခိုက်တာတွေ၊ လက်နက်ကြီး ပစ်ခတ်တာတွေ နေ့စဉ်ရက်ဆက် လုပ်ဆောင်နေပါတယ်။

spot_img
spot_img

Recent posts