spot_img
Saturday, April 1, 2023
spot_img

မိုးဗြဲ PDF ရဲဘော် ၃ဦးရဲ့ရုပ် အလောင်းကို တစ်ပတ်အကြာမှာ ရေတွင်းထဲပြန်လည်တွေ့ရှိခဲ့

spot_imgspot_imgspot_imgspot_img

ကန္တာရဝတီတိုင်း(မ်)

စက်တင်ဘာလ ၂၃ ရက်နေ့ မိုးဗြဲ လွယ်ယင်းမင်္ဂလာကျေးရွာတိုက်ပွဲမှာ ပျောက်ဆုံးသွားပြီးနောက် စစ်ကောင်စီရဲ့သတ်ဖြတ်ခြင်းခံရတဲ့ မိုးဗြဲPDFရဲဘော် ၃ဦးရဲ့ ရုပ်အလောင်းကို တစ်ပတ်အကြာမှ ရေတွင်းထဲ ပြန်လည်တွေ့ရှိခဲ့တယ်လို့ မိုးဗြဲPDF လင်းယုန်တပ်ခွဲ- ထောက်ပို့ ရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ဒီကနေ့ ( စက်တင်ဘာလ ၃၀ ရက်နေ့)မှာ ထုတ်ပြန်ဖော်ပြထားချက်အရ သိရပါတယ်။

“ သေဆုံးရဲဘော်ရုပ်အလောင်းအား ပြန်လည်စစ်ဆေးချက်အရ အကြမ်းဖက် စ.က.စ ရဲ့ ပစ်ခတ်မှုကြောင့် ရဲဘော် ၂ဦး သည်ပွဲချင်းပြီး သေဆုံးသည်ဟု ယူဆရပြီး ကျန်ရဲဘော်တစ်ဦးသည် ညာဘက်ခြမ်း ပေါင် သားတွင် သေနတ်ကျည်ထိမှန်ကာ လှုပ်ရှား၍မရသည့်အနေအထားကြောင့် စ.က.စရဲ့ မသေမချင်း ရက်စက်မှုမျိုးစုံနေအောင် ခံစားခဲ့ရပြီးမှ သေဆုံးသည်ဟုယူဆရပါသည် “ လို့ ရဲဘော် ၃ဦး ကျဆုံးမှုနဲ့ ပတ်သက်ပြီး မိုးဗြဲPDF လင်းယုန်တပ်ခွဲ- ထောက်ပို့ ရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ရေးသားဖော်ပြထားပါတယ်။

ရုပ်အလောင်းကို ယမန်နေ့ (စက်တင်ဘာလ ၂၉ရက်) မှာ ပေ (၃၅) အနက်ရှိတဲ့ ရေတွင်းတစ်တွင်းထဲ ပြန်လည်ဆည်ယူခဲ့ရတာဖြစ်ပါတယ်။ ကျဆုံးသွားတဲ့ ရဲဘော် ၃ဦးရဲ့ ရုပ်အလောင်းကို ဆယ်ယူပြီး ကောင်းမွန်စွာ သဂြိုလ်ခဲ့တယ်လို့ သိရပါတယ်။

စက်တင်ဘာလအတွင်းမှာဆိုရင် ကန္တာရဝတီတိုင်း(မ်)ရဲ့လက်လှမ်းမှီသလောက် စာရင်းပြုစုချက်အရ လွိုင်ကော်၊ ဒီးမော့ဆို၊ မိုးဗြဲ တိုက်ပွဲတွေအတွင်း ကျဆုံးသွားခဲ့ရတဲ့ တော်လှန်ရေးတပ်ဖွဲ့ရဲဘော် ၁၇ ဦး ရှိနေတာဖြစ်ပါတယ်။

ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)ရဲဘော် (၅)ဦး၊ ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆိုမြို့နယ် DMO-PDFရဲဘော် (၄)ဦး၊ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် ရဲဘော် (၄)ဦး၊ ဖယ်ခုံမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ် ရဲဘော် (၂)ဦး ၊ မြို့ပြတော်လှန်ရေးတပ်ဦး ရဲဘော် (၁)ဦး၊ ကရင်နီဒီမိုကရက်တစ်တပ်ဦး ရဲဘော် (၁) ဦး တို့ ကျဆုံးသွားခဲ့ရတာဖြစ်ပါတယ်။

spot_imgspot_imgspot_imgspot_img

More from the blog

လူထုထောက်ခံမှုရှိနေသ၍ ပါတီဆက်ရှိနေအုံးမယ်လို့ KySDP ပြော

ကန္တာရဝတီတိုင်း( မ် ) ကရင်နီပြည်နယ်အခြေစိုက် တိုင်းရင်းသားပါတီအပါအဝင် တိုင်းရင်းသားပါတီ ၄၀ ကို ဖျက်သိမ်းကြောင်း စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင် ( UEC ) က မတ်လ ၂၈ ရက်နေ့မှာ ကြေညာခဲ့ပေမယ့် လူထုထောက်ခံမှုရှိနေသ၍ ကတော့ ပါတီဆက်လက်ရှိနေအုံးမှာဖြစ်တယ်လို့ ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီ ( KySDP...

နှစ်ရက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ (၁၅)ဦးသေဆုံး၊ လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့

ကန္တာရဝတီတိုင်း(မ်) ကရင်နီပြည် ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်း ဒေါလျားခူကျေးရွာအနီးရှိ ညေးဘူးခူတောင်ပေါ် ဖက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ကရင်နီတပ်မတော်(KA)၊ KNDF ပူးပေါင်းတပ်ဖွဲ့နဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ ၁၅ ဦးသေဆုံးခဲ့သလို လက်နက်ခဲယမ်းအသုံးအဆောင်ပစ္စည်းတွေ သိမ်းဆည်းမိခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) က ဒီကနေ့ မတ်လ ၃၁ ရက်နေ့မှာ...

တစ်လကျော်ကြာတိုက်ပွဲပြင်းထန်နေတဲ့ ဖယ်ခုံ-ပင်လောင်း နယ်စပ်မှာ လေကြောင်းတိုက်ခိုက်မှုပြင်းထန်စွာ အသုံးပြုနေ

ကန္တာရဝတီတိုင်း(မ်) ပင်လောင်းမြို့နယ်ဖက် စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားနေတာ တစ်လကျော်ကြာရှိနေပြီဖြစ်ပြီး စစ်ကောင်စီဖက် လေကြောင်းတိုက်ခိုက်မှု ပြင်းထန်စွာ သုံးနေတယ်လို့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက ဆိုကြပါတယ်။ မတ်လ (၂၉)ရက်နေ့ ဖယ်ခုံ-ပင်လောင်းနယ်စပ်တစ်နေရာမှာ ဖြစ်တဲ့ တိုက်ပွဲမှာ စစ်ကောင်စီဖက် တိုက်လေယာဉ် (၄)စင်းနဲ့ အပြင်းအထန် တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီရက်တိုက်ပွဲမှာ...

ဂျာမာန်ခရီးသွား ဆုရရှိထားတဲ့ ဟွေပူးကဲရွာ

ကန္တာရဝတီတိုင်း(မ်) နှစ်ပေါင်း ၃၀ကျော်တည်ရှိနေပြီဖြစ်ပြီး ထိုင်းနိုင်ငံ၊ မယ်ဟောင်ဆောင်မြို့ အနောက်တောင်ဖက်မှာရှိတဲ့ ဟွေပူးကဲရွာကတော့ ကရင်နီမျိုးနွယ်စုတွေ နေထိုင်တဲ့ ကျေးရွာပါ။ အများစုကတော့ ကြေးကွင်းပတ် ကယန်းလူမျိုးတွေ နေထိုင်ပါတယ်။ ဟွေပူးကဲရွာကတော့ မတ်လ ၇ရက်နေ့က ဂျာမနီနိုင်ငံမှာ Community Based Touring (CBT) ဆုကို ရရှိခဲ့ပါတယ်။ ဆုရရှိတာနဲ့ ပတ်သက်ပြီးတော့...