spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

မိုးရွာရက်တွေ ဆက်နေတာကြောင့် လယ်စပါးခင်းတွေမှာ ပိုးကျနေ

Author

Date

Category

CJ ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည် ဒီးမော့ဆိုနဲ့ ဖရူဆိုမြို့နယ်အတွင်းမှာ မိုးဆက်တိုက်ရွာသွန်းနေတာကြောင့် နေမထိတဲ့ စပါးခင်းတွေဟာ ပိုးမွှားတွေကျရောက်မှုများနေတယ်လို့ ဒေသခံတောင်သူတွေဆီကနေ သိရပါတယ်။

“ဟုတ်တယ်။ ဒီနှစ်ပိုးကျတာ အဖြူရောင်နဲ့ တစ်မျိုး၊ နှစ်မျိုးကျတယ်။ ပြီးတော့ အမြှစ်တစ်မျိုးစားတယ်၊ ဒီအမြှစ်စားတဲ့ ပိုးကျတော့ စပါးအမြှစ်တွယ်တာ ဆက်မထွက်တော့ဘူးလေး။ မြေသြဇာထည့်လိုက်တော့ ပိုသေသွားတယ်။”လို့ ဒီးမော့ဆိုမြို့နယ်က တောင်သူတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ အစောပိုင်းကစပြီး မိုးအဆက်မပြတ်ရွာသွန်းတာကြောင့် စပါးခင်းတွေဟာ နေရောင်ချည် ရရှိမှု နည်းပြီး အရင်နှစ်တွေထက် ပိုးမွှားတွေ ပိုမိုကျရောက်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

လက်ရှိစပါးခင်းတွေမှာ အပင်ဖျက်ပိုးမွှား (၅) မျိုးဖြစ်တဲ့ ဆစ်ပိုး၊ မီးလောင်ပိုး၊ ရွက်လိပ်စားပိုး၊ ပျပိုး၊ တီကောင်နီ အသေးမျိုး စတဲ့ ပိုးတွေကို တွေ့ရတယ်လို့ ဆိုပါတယ်။

တောင်သူတွေဟာ ဒီပိုမွှားတွေကို နှိမ်နှင်းဖို့ အတွက် ဓာတုဆေးဝါးတွေ ဝယ်ယူရခက်ခဲနေကြပြီး သဘာဝဆေးတွေနဲ့ အသုံးပြုနေကြပေမဲ့ ဆေးမတိုးဘူးလို့ မျိုးစပ်စပါး ပျိုးထောင်သူ ကို ဂျေနာရီ ကပြောပါတယ်။

” နုတ်ကြည့်တော့ အမြှစ်တစ်ခုလုံး နီရဲနေတယ်။ အနည်းဆုံး အကောင် သုံး၊လေးဆယ်အထိရှိတယ် အဲ့လောက်များတော့ သဘာဝနှိမ်နင်းနည်းနဲ့ မနိုင်တော့ဘူးလေး။ လောလောဆယ် ဓါတုဆေးနဲ့ပဲ သုံးတော့မယ်ဆိုပြီး ရှိတဲ့ဆေးကလည်း မတိုးပြန်ရော၊ တိုးတာက ဒီ”ဒယ်လ်တင်”ဆေးနဲ့ပဲ တိုးတော့တယ်၊ ခုလောဆယ် ဒီ “ဒယ်လ်တင်” ဆေးနဲ့ပဲတိုးတယ်၊ မှာယူလို့မရဘူး၊ တစ်ခြားဆေးဆိုင်မှာမရလို့ မတတ်နိုင်တော့လို့ ရှိတဲ့ဆေးနဲ့ ပက်ဖျန်းတော့ စိတ်မချရဘူးပေါ့” လို့ မျိုးစပ်စပါး ပျိုးထောင်သူ ကိုဂျေနာရီ က ဆိုပါတယ်။

လက်ရှိ ဒီးမော့ဆိုနဲ့ ဖရူဆိုမြို့နယ်အတွင်းက ပြည်သူတွေဟာ စစ်ရှောင်နေကြရင်းနဲ့ အဓိက ဝမ်းစာဖူလုံရေးအတွက် အသက်စွန့်ပြီး လယ်ယာလုပ်ကိုင်နေရတာဖြစ်ပါတယ်။

ယခုလို စပါးပိုးကျတာကြောင့် စစ်ရှောင်တွေ တနိုင်တပိုင် စိုက်ပျိုးထားတဲ့ စပါးခင်းတွေ အထွက်နှုန်း သိသာစွာကျဆင်းမှာကို စိုးရိမ်နေကြပါတယ်။

ဒီးမော့ဆို၊ ဖရူဆိုမြို့နယ်အတွင်း အဓိက စိုက်ပျိုးကြတဲ့ လယ်စပါးတွေကတော့ ရွှေရည်အေး၊ တရုတ်မွှေးစတဲ့ စပါးမျိုးတွေ ဖြစ်ပါတယ်။

spot_img
spot_img

Recent posts