spot_imgspot_imgspot_imgspot_img
Saturday, July 12, 2025
spot_imgspot_imgspot_imgspot_img

မိုးရွာသွန်းမှုမရှိတာကြောင့် စစ်ရှောင်တွေရဲ့ နှမ်းပင်တွေ အပင်မပေါက်ပဲ သေဆုံးတာတွေ ရှိနေ

Author

Date

Category

ကန္တာရဝတီတိုင်း (မ်)

ကရင်နီပြည် ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းမှာ မိုးရွာသွန်းမှူ မရှိတာကြောင့် စစ်ရှောင်များ စိုက်ပျိုးထားတဲ့ နှမ်းပင်တွေ သေဆုံးတာနဲ့ အပင်မပေါက်တာတွေ ဖြစ်နေတယ်လို့ သိရပါတယ်။

ဇွန်လ အစောပိုင်းကစပြီး တစ်လကျော်အကြာထိ မိုးရွာသွန်းခြင်းမရှိတာကြောင့် စစ်ရှောင်တွေ စိုက်ပျိုးထားတဲ့ နှမ်းတွေဟာ အပင်မပေါက်တာတွေ နဲ့ ပေါက်ပြီးသားအပင်လည်း သေဆုံးတာတွေ ရှိနေတယ်လို့ စစ်ရှောင်ရင်း နှမ်းစိုက်ပျိုးသူ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

“နှမ်းပင်တွေက ပေါက်တော့ ပေါက်တယ်။ နေပူလည်း အလွန်ဆုံး ၃ ရက်လောက်ပေါ့။ ပြီးရင် ပြန်ရွာတယ်။ အဲ့လိုဆိုတော့ အပင်က ပေါက်တယ်။ တစ်ချို့မပေါက်တဲ့ ဟာခါကျတော ပြန်စိုက်ကြတယ်။ ခုက မိုးမရွာတာ တစ်အားကြာတော အကုန်လုံးပြန်သေကုန်တယ်”လို့ အဆိုပါ အမျိုးသမီးကပြောပါတယ်။

နှမ်းကိုအဓိကထား စိုက်ပျိုးနေကြတဲ့ ဒီးမော့ဆိုအရှေ့ဘက်ခြမ်းက စစ်ရှောင်တွေဟာ ရာသီဥတုကြောင့် လက်ရှိမှာ မြေပဲကို ပြန်လည်စိုက်ပျိုးဖို့ ပြင်ဆင်နေကြတယ်လို့ ဆိုပါတယ်။

အဲ့ဒီနေရာမှာ ဒေသခံ အပါအဝင် စစ်ရှောင်တွေ အိမ်ခြေ ၃၅၀ ကျော်လောက် နေထိုင်ကြပြီး အလှူရှင်တွေကို မျော်ကိုးနေရတဲ့အပြင် နှမ်းတွေကို တစ်နိုင်တစ်ပိုင်နဲ့ စိုက်ပျိုးကြတာပဲ ဖြစ်ပါတယ်။

spot_img

Recent posts