spot_imgspot_imgspot_imgspot_img
Thursday, February 20, 2025
spot_imgspot_imgspot_imgspot_img

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဝါရီကောခူကျေးရွာက လယ်ယာစိုက်ခင်းတချို့ ရေမြှုပ်

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည် လွိုင်ကော်မြို့၊ ကုန်းသာကျေးရွာအုပ်စု၊ ဝါရီကောခူကျေးရွာက လယ်ယာစိုက်ခင်းတချို့ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၅ ရက်နေ့ညပိုင်းကစပြီး မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေနှစ်မြှုပ်ခဲ့တယ်လို့ ဒေသခံတောင်သူတွေက ပြောပါတယ်။

“မနေ့ညကနေ ဒီနေ့အထိပေါ့နော ရေကခုထိမဆင်းဘူး။ ရေမကျသေးဘူးပေါ့နော ပြောရမယ်ဆိုရင်။ ၃ ဧကလောက်တော့ မြှုပ်မယ်ထင်တယ်။ ၃ဧက ၄ ဧကပေါ့။”လို့ ဝါရီကောခူကျေးရွာက ဒေသခံတောင်သူတစ်ဦးက ပြောပါတယ်။

ယခုရက်ပိုင်းမှာလည်း ဆက်လက်ပြီး မိုးသည်းထန်စွာ ရွာသွန်းနေတာကြောင့် အခြားသော စပါးခင်းတွေကိုလည်း ရေမြှုပ်သွားမှာ စိုးရိမ်လျက်ရှိနေကြပါတယ်။

စပါး ရေနှစ်မြှုပ်နေတဲ့အထဲ တချို့စပါးစိုက်ခင်းတွေက စပါးနှံတွေစတင်ထွက်နေတဲ့ စပါးခင်းတွေအပြင် ရိတ်သိမ်းခါနီး စပါးပင်တွေဖြစ်ပြီး ၄ဧကခန့်ရှိတယ်လို့ ဆိုပါတယ်။

လယ်ယာစိုက်ပျိုးစဉ်က မြေဩဇာ၊ မျိုးစေ့၊ လုပ်အားခ နဲ့ အခြားသော ထွန်ယက်စိုက်ပျိုးမှု ကုန်ကျစရိတ်အတွက် တစ်ဧကကို ကျပ်ငွေ ၁၀သိန်းဝန်းကျင် ကုန်ကျမှုရှိတယ်လို့ ဆိုပါတယ်။ စပါးရိတ်သိမ်းတဲ့အခါ တစ်ဧကို စပါး အိတ် ၅၀ ကနေ ၇၀ အထိ အထွက်နှုန်းရှိတယ်လို့ အဆိုပါ ဒေသခံတောင်သူက ပြောပါတယ်။

Photo – CJ

ဒေသခံတောင်သူတွေဟာ လယ်ယာလုပ်ငန်းကိုပဲ အဓိက အားထားလုပ်ကိုင်ကြတဲ့ အသက်မွေးဝမ်းကြောင်းလုပ်ငန်းအဖြစ် လုပ်ကိုင်ကြတာဖြစ်ပါတယ်။ ဝါရီကောခူကျေးရွာက ဒေသခံတချို့ဟာ စစ်ရှောင်နေကြတာဖြစ်ပြီး စိုက်ပျိုးရာသီကာလမှာတော့ နေရပ်ပြန်ပြီး လယ်ယာလုပ်ငန်းကို ပြန်လည်လုပ်ကိုင်ကြတယ်လို့ သိရပါတယ်။

“အခု ရေက တစ်ရက်နှစ်ရက်ကျမယ်ဆိုရင်တော့ အဲ့လောက်ဆုံးရှုံးမှုတော့ မရှိဘူးပေါ့နော။ ဒါပေမဲ့ ရေက ဒီအပေါက် မဖောက်နိုင်သ၍ကတော့ မိုးကထပ်လာမှာကောနော မိုးကရှိအုံးမှာပဲဆိုတော့ ဒါက ဆုံးရှုံးမှုတော့ ပိုများမှာပေါ့နော။”လို့ အဆိုပါ ဒေသခံတောင်သူက ဆက်ပြောပါတယ်။

အဆိုပါ တောင်သူတွေဟာ မိုးစပါးကို အဓိက စိုက်ပျိုးထားကြပြီး အောက်တိုဘာလကနေ ဒီဇင်ဘာလအထိ ရိတ်သိမ်းကြတယ်လို့ ဆိုပါတယ်။

မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့်လည်း လယ်ယာစိုက်ခင်းနဲ့နီးတဲ့ အိမ်တချို့ကိုလည်း ရေဝင်ရောက်တာကြောင့် ချက်ပြုတ်စားသောက်ကြဖို့ အခက်အခဲရှိနေကြတယ်လို့ သိရပါတယ်။

spot_img
spot_img
spot_img

Recent posts