မိုး​​ဗြဲရဲစခန်းသိမ်းတိုက်ပွဲမှာ PDF ဖက် ဒဏ်ရာရရှိသူများအနက် တစ်ဦးကျဆုံး

0
411

ကန္တာရဝတီတိုင်း(မ်)

ဒီကနေ့ မေလ၂၃ရက်နေ့ မိုးဗြဲရဲစခန်းသိမ်းတိုက်ပွဲမှာ PDFဖက်က အကျဆုံးမရှိပေမယ့် ဒဏ်ရာရသူရှိခဲ့ပြီး တစ်ဦးမှာ ဒဏ်ရာပြင်းထန်တဲ့အတွက် ညနေပိုင်းမှ ကျဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီနဲ့ PDF တို့ ၄နာရီကြာ တိုက်ပွဲကြာမြှင့်ခဲ့ပြီးနောက် နေ့ခင်း ၁နာရီမှာ မိုးဗြဲရဲစခန်းကို သိမ်းနိုင်ခဲ့ပြီး စစ်ကောင်စီဖက်က ၁၅ဦးသေဆုံးခဲ့သလို လက်နက်နဲ့ ရဲ၄ဦးကို ဖမ်းဆီးနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

မိုးဗြဲရဲစခန်းသိမ်းတိုက်ပွဲပြီးတဲ့နောက် ရှမ်း-ကယား နယ်စပ်ဖြစ်တဲ့ ပီကင်းကောခူဂိတ်မှာ စစ်ကောင်စီတပ်နဲ့ PDF တို့ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး တစ်ဦးကျည်ထိမှန်ခဲ့ရာ ကျဆုံးသွားတယ်လို့ သိရပါတယ်။

စစ်ကောင်စီဖက်က ကျေးရွာထဲ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့တဲ့အတွက် ပြည်သူအချို့လည်း ဒဏ်ရာရရှိခဲ့သူရှိသလို ကျဆုံးသူလည်းရှိခဲ့ပါတယ်။

ဒါ့အပြင် ပီကင်းကောခူမှာ ဖွင့်ထားတဲ့ စစ်ရှောင်စခန်းကိုလည်း စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့တဲ့အတွက် အခြားနေရာကိုရှောင်ခဲ့ရပြီး အနီးတစ်ဝိုက် ကျေးရွာသား ထောင်ကျော်က လွတ်ရာနေရာတိမ်းရှောင်နေကြရပါတယ်။

ဒီကနေ့ မေလ ၂၃ရက်နေ့မှာ ကရင်နီပြည်နယ်အတွင်း စစ်ကောင်စီတပ်နဲ့ PDF တို့ တိုက်ပွဲပြင်းထန်လျက်ရှိပါတယ်။