spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

မူကြိုကျောင်းပေါ်လက်နက်ကြီးကျပြီး ၈ဦးဒဏ်ရာရ ၊ ၅နှစ်အရွယ်ကလေးငယ်တစ်ဦးသေဆုံး

Author

Date

Category

ကန္တာရဝတီတိုင်း( မ် )

ကရင်နီပြည် ဒီးမော့ဆိုမြို့ နယ် အနောက်ဘက်ခြမ်းမှာ စစ်ရှောင်တွေနေထိုင်တဲ့ မူကြိုကျောင်းပေါ်လက်နက်ကြီးကျရောက်ပြီး စစ်ရှောင် မိသားစုတစ်စု လက်နက်ကြီးစထိမှန်ခဲ့ကာ ၅နှစ်အရွယ်ကလေးငယ်တစ်ဦးသေဆုံးသလို ကလေးငယ်၂ဦးနဲ့ လူကြီး ၆ဦးတို့ ထိခိုက်ဒဏ်ရာရခဲ့မှု ယမန်နေ့ (နိုဝင်ဘာလ ၁၅ရက်) ညနေပိုင်းအချိန်မှာ ဖြစ်ပွားခဲ့ပါတယ်။

“ မနေ့ည ၅နာရီခွဲအချိန်မှာလေ သုံးလုံး(လက်နက်ကြီး) တောက်လျှောက်ကျလာတယ်။ အိမ်ရှေ့ဘက်တစ်လုံး အိမ်ရှေ့ဘက်ကပ်လျက်ပဲ။ ပထမတစ်လုံးက အဲမှာကျတယ်။ နောက်တစ်လုံးက သူတို့အိမ်အကျော်အထွက်ပေါက် ဟိုးလိုမျိုးသွားကျသွားတယ်။ လမ်းမပေါ်မှာ သူတို့ထွက်ပြေးလို့လည်း ထွက်ပြေးမယ်ပြောကြတယ်။ ထွက်မပြေးနဲ့တော့လို့ သူ့အဖေက ပြောတယ်ပေါ့နော။ ဒါပေမယ့် နောက်တစ်လုံးကျတော့ ဒီလိုမျိုး အိမ်ခေါင်မိုးမှာ ထိသွားတာ။ ခေါင်မိုးကို ထိသွားတော့ အထဲမှာနေတဲ့လူအကုန်လုံးထိသွားတာလေ။” လို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

၅နှစ်အရွယ်ကလေးငယ်ဟာ ဒဏ်ရာပြင်းထန်ရရှိခဲ့ပြီး ဆေးရုံသွားတဲ့လမ်းတစ်ဝက်မှာ သွေးထွက်လွန်တာကြောင့် သေဆုံးခဲ့ရတာဖြစ်တယ်လို့ ဆိုပါတယ်။

“အဲဒီမူကြိုကျောင်းနားမှာ မိသားစု၉ယောက်အိပ်နေတာကို ၉ယောက်လုံးထိတယ်။ ဒါပေမယ့် ၄ယောက်က နည်းနည်းစိုးရိမ်ရတာပေါ့နော။ ၅ယောက်က သိပ်မစိုးရိမ်ဒဏ်ရာရတယ်။ အဲဒီလေးယောက်ထဲမှာ ကလေးငယ်တစ်ယောက်ဆုံးသွားတယ်။ သူ့ရဲ့အဖေကလည်း စိုးရိမ်ရဒဏ်ရာနဲ့ ဆေးရုံတက်နေရတယ်ပေါ့နော။ သုံးယောက်စိုးရမ်ရဒဏ်ရာနဲ့ ဆေးရုံတက်နေရတယ်။” လို့ ဒေသခံ တစ်ဦးက ပြောပြပါတယ်။

အဲဒီမိသားစုဟာ ဒီးမော့ဆိုမြို့ ကုန်းသာကျေးရွာမှာ တိုက်ပွဲတွေဖြစ်ပွားနေတဲ့အတွက် နေထိုင်လို့မရတာကြောင့် အဲဒီမူကြိုကျောင်းကို စစ်ဘေးရှောင်အဖြစ် လာရောက်နေထိုင်တာဖြစ်ပါတယ်။

အဆိုပါ လက်နက်ကြီးကို ဒီးမော့ဆို မြို့နယ်ထဲက ခလရ ၁၀၂ တပ်က နေ ပစ်ခတ်တာဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

“မနေ့က ၅နာရီကျော် ၆နာရီဝန်းကျင်မှာ ထင်တာကတော့ ၁၀၂တပ်ပေါ့နော။ ၁၀၂တပ်က လက်နက်ကြီးထုတယ်။ တော်တော်တော့ ပြင်းတယ်ပေါ့နော။ အသံလည်းအကျယ်ကြီးပဲ။ သူ့ဟာက ဒီးမော့ဆို အနောက်ဘက်ခြမ်းကိုပဲ လေးငါးလုံးလောက်ကျမယ်ထင်တယ်။ တွေ့ရတာကတော့ ငါးလုံးထက်တော့ မနည်းဘူးပေါ့နော။ အများကြီးထုတယ်။ ဘယ်မှာကျလဲဆိုတာကိုတော့ အသေးစိတ်တော့မသိရဘူး။” လို့ ဒေသခံတစ်ဦးကပြောပါတယ်။

ကန္တာရဝတီတိုင်း( မ် ) ရဲ့ လက်လှမ်းမှီသလောက်ကောက်ယူထားတဲ့ စာရင်းအရ ကရင်နီပြည်မှာ နိုဝင်ဘာလ၁ရက်နေ့ကနေ ၁၅ရက်နေ့အတွင်း စစ်ကောင်စီပစ်ခတ်တဲ့လက်နက်ကြီးတွေထိမှန်ပြီး ထိခိုက်ဒဏ်ရာရတဲ့ အရပ်သား ၂၀ဦးရှိသွားပြီ သေဆုံးသူ တစ်ဦးရှိပါတယ်။

spot_img
spot_img

Recent posts