spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

မူးယစ်ဆေးဝါးကာကွယ်တားဆီးရေးကို တော်လှန်ရေးလုပ်ငန်းစဉ်အဖြစ် NUG သတ်မှတ်

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

အာဏာသိမ်းပြီးနောက် မူးယစ်ဆေးဝါးထုတ်လုပ်မှု နဲ့ တရားမဝင်သယ်ဆောင်ရောင်းဝယ်မှုတွေဟာ အရင်ကာလတွေထက် ပိုမို ဖြစ်ပွားလာတာကြောင့် မူးယစ်ဆေးဝါး ဘေးအန္တာရာယ် တားဆီးကာကွယ်ရေးကို တော်လှန်ရေးတာဝန်တစ်ရပ်အဖြစ် သတ်မှတ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က စက်တင်ဘာလ ၁၄ရက်နေ့မှာ ပြောပါတယ်။

မြန်မာနိုင်ငံက သဘောတူလက်မှတ်ရေးထိုးထားတဲ့ မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများ တရားမဝင် သယ်ဆောင်ရောင်းဝယ်ခြင်းကို ဆန့်ကျင်တိုက်ဖျက်ရေးဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းပါ ပြဌာန်းချက်တွေကို အကောင်အထည်ဖော် ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

ဒါ့အပြင် လိုအပ်တဲ့ ယန္တရားတွေကို ဖွဲ့စည်းပြီး ကုလသမဂ္ဂကွန်ဗင်းရှင်းဝင်နိုင်ငံများ၊ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများ၊ အိမ်နီး ချင်းနိုင်ငံများ၊ မဟာမိတ်တော်လှန်ရေးအင်အားစုများနဲ့ ညှိနှိုင်းပူးပေါင်းဆောင်ရွက်သွားမယ်လို့ NUG က ပြောပါတယ်။

အာဏာသိမ်းပြီးနောက် ကရင်နီပြည်မှာ CDM ရဲတွေနဲ့ ဖွဲ့စည်းထားတဲ့ ကရင်နီပြည် ရဲဌာန (KSP) ကလည်း မူးယစ်ဆေးဝါးတားဆီးကာကွယ်ရေးအတွက် တော်လှန်ရေးနယ်မြေတွေမှာ ဆောင်ရွက်လျက်ရှိနေပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၅ ရက်နေ့မှာလည်း KSP ကနေ မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲနေတဲ့သူတွေကို ဖမ်းဆီးအရေးယူခဲ့ပါတယ်။

KSP ဖွဲ့စည်းပြီး ၂ နှစ်တာကာလအတွင်း အရေးယူဆောင်ရွက်နိုင်ခဲ့တဲ့အမှုပေါင်း (၃၆၂)မှုရှိခဲ့ပြီး မူးယစ်ဆေးဝါးနဲ့ဆက်စပ်တဲ့ အမှုက အများဆုံးဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိမှာလည်း မူးယစ်ဆေးဝါး အန္တာရာယ်တားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောမှု လုပ်ဆောင်တာရှိနေပြီး ခရီးသွားပြည်သူတွေကြားမှာ မူးယစ်ဆေးဝါးသယ်ဆောင်ခြင်း မရှိစေရေးအတွက်လည်း ပူးပေါင်းအဖွဲ့တွေနဲ့ စစ်ဆေးခြင်း၊ ကင်းလှည့်ခြင်းတွေကို ဆောင်ရွက်လျက်ရှိနေပါတယ်။

မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေတတ်သောဆေးဝါးများ အန္တရာယ်တားဆီးကာ ကွယ်ရေးနဲ့ ထိန်းချုပ်ရေးဆိုင်ရာလုပ်ငန်းများဆောင်ရွက်ရာမှာ ပြည်သူလူထုတွေရဲ့ ပါဝင်မှုဟာ အရေးကြီးတာကြောင့် ပူးပေါင်းပါဝင်ကြဖို့လည်း NUG က တိုက်တွန်းထားပါတယ်။

spot_img
spot_img

Recent posts