spot_imgspot_imgspot_imgspot_img
Thursday, March 27, 2025
spot_imgspot_imgspot_imgspot_img

မူးယစ်ဆေးဝါးသုံးစွဲနေသူတစ်ဦးကို WY အပြား (၁၀၀) နဲ့အတူ ဖမ်းဆီးရမိပြီး KSP ထံအပ်နှံ

ဓာတ်ပုံ – KNDF B-14

ကန္တာရဝတီတိုင်း( မ် )

ကရင်နီပြည် လွိုင်ကော်မြို့ နာနတ်တောရပ်ကွက်မှာ မူးယစ်ဆေးဝါးသုံးစွဲနေသူ ဦးဟန်ထွန်းကို WY ဆေးပြား (၁၀၀) နဲ့အတူ ဖမ်းဆီးရမိပြီး KSP ထံ အပ်နှံလိုက်တယ်လို့ KNDF B-14 က ယမန်နေ့ ဩဂုတ်လ ၄ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၂၉ရက်နေ့မှာ သက်သေခံပစ္စည်းတွေဖြစ်တဲ့ မူးယစ်ဆေးဝါး WY ဆေးပြား (၁၀၀)၊ ဖုန်းတစ်လုံး၊ ဆိုင်ကယ်တစ်စီး၊ ငါးမျှားတံတစ်ချောင်း၊ ငွေသား ၁၉၅၀ ကျပ်ကို ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။

မူးယစ်ဆေးဝါးသုံးစွဲနေကြောင်း သတင်းရရှိတဲ့အတွက် KNDF B-14 ၊ KNDF B-12၊ KSPအမှတ်(၅)ရဲစခန်း တာဝန်ရှိသူတို့ သွားရောက်ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

ဇူလိုင်လ ၃၀ရက်နေ့မှာတော့ KSPအမှတ် ( ၅ ) ရဲစခန်းကို အပ်နှံခဲ့ပြီး မူးယစ်ဆေးဝါး သုံးစွဲ၊ လက်ဝယ်ထားရှိ၊ ရောင်းဝယ်ဖောက်ကားမှု ပြုလုပ်နေသူအားလုံးကို ထိရောက်တဲ့ အရေးယူမှု ပြုလုပ်သွားမယ်လို့ ဆိုပါတယ်။

ကရင်နီပြည်မှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း တိုက်ပွဲတွေဖြစ်ပွားပြီး မူးယစ်ဆေးဝါးသုံးစွဲမှုတွေကို ဖမ်းဆီးရမှု များပြားနေပါတယ်။ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် တပ်ရင်း ၃၊ ၉၊ ၁၀၊ ၁၁၊ ၁၂၊ ၁၄ တွေရဲ့ ထုတ်ပြန်ချက်အရ မူးယစ်ဆေးဝါး ရှစ်သောင်းလေးထောင်ကျော် ဖမ်းဆီးရမိထားပါတယ်။

ကရင်နီပြည်ရဲဌာန (KSP)၊ KA၊ KNDF ပူးပေါင်းတပ်ဖွဲ့တို့ကနေ မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုကို ဖမ်းဆီးလုပ်ဆောင်တာရှိပြီး ထိန်းချုပ်နိုင်ဖို့ ဆောင်ရွက်နေကြပါတယ်။ မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီး ဖမ်းဆီးမှုကို ဒေသန္တာရ ဥပဒေအတိုင်း ဆုံးဖြတ်ချက်ချပြီး ပြန်လွှတ်ပေးတာတွေ၊ အသိပညာပေး ခံဝန်ထိုးခိုင်းပြီး ပြန်လွှတ်ပေးတာတွေ ရှိတယ်လို့ KSP က ပြောဆိုထားပါတယ်။

ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးကို အချိန်ကာလတစ်ခုရောက်ကျရင် အများပြည်သူရှေ့ မီးရှို့ဖျက်ဆီးသွားမယ်လို့ KSP တာဝန်ရှိသူတစ်ဦးက ကန္တာရဝတီတိုင်း(မ်)ကို ဖြေကြားထားတာရှိပါတယ်။

ဓာတ်ပုံ – KNDF B-14
spot_img
spot_img