spot_imgspot_imgspot_imgspot_img
Monday, February 17, 2025
spot_imgspot_imgspot_imgspot_img

မေလအတွင်း စစ်ကောင်စီ စစ်ကြောင်းထိုးလာမှုကြောင့် ဆီဆိုင်မြို့နယ်ထဲက ကျေးရွာ ၂၀ ကျော် ထပ်မံတိမ်းရှောင်ရ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

စစ်ကောင်စီတပ်နဲ့ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်(PNO)တို့ စစ်ကြောင်းထိုးလာမှုကြောင့် ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ်ထဲက ကျေးရွာ ၂၀ ကျော်က ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) ရဲ့ မေလ ၂၁ ရက်နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

မေလအတွင်း ဆီဆိုင်မြို့နယ်ထဲက ကောင်ဝိန်းကြီး၊ နောင်ကျော၊ နောင်ရင်း ၊ ရေဖြူ၊ ကန်တော်လေး စတဲ့ ကျေးရွာ နဲ့ အနီးအနားက ကျေးရွာ ၂၀ ကျော်က ပြည်သူ ၁၃၄၀၀ ကျော် ထွက်ပြေးတိမ်းရှောင်ခဲ့ကြတာ ဖြစ်ပါတယ်။

ထွက်ပြေးတိမ်းရှောင်ရတဲ့ လူဦးရေများနေပြီး တစ်ကွဲတစ်ပြား စစ်ရှောင်နေကြရတယ်လို့ ပအိုဝ်းလူငယ်အစည်းအရုံး (PYO) ရဲ့တာဝန်ရှိသူတစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။

“ဆီဆိုင်မြို့ရဲ့ အရှေ့ဖက်ဆိုရင် လွယ်ထွဲကျေးရွာ၊ လွယ်ဆောင်ကျေးရွာ၊ ထီရီးကျေးရွာ၊ လုံးဟီးကျေးရွာတို့ ပြီးတော့ ဆီဆိုင်မြို့တောင်ဖက်က ရေဖြူ၊ ကန်တော်လေး၊ ကုန်းသာ၊ နောင်ချို စတဲ့ကျေးရွာမှာက နေ့စဥ်နဲ့အမျှ မြေပြင်တိုက်ပွဲဖြစ်ပွားနေတာရှိတယ်။ တစ်ရက်နဲ့ တစ်ရက် မတူဘူးလေနော်။ ထပ်ရှောင်ကြတဲ့ ရွာကများတော့ စစ်ရှောင်လည်းများနိုင်တယ်။ရှောင်တဲ့ နေရာလည်း မတူနိုင်ကြသလို ရှောင်ကြတဲ့ နေ့ရက်တွေလည်း မတူကြဘူးပေါ့နော်။ ဆိုက်ခေါင်တို့ ဘန်းယဉ်မြို့တွေ ညောင်ရွှေမြို့နယ် နဲ့ တောင်ကြီး တွေဖက်ရှောင်နိုင်တယ်။” လို့ PYO ရဲ့ တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။

ဆီဆိုင်မြို့က စစ်ရေးအခြေအနေနဲ့ ပတ်သက်ပြီး PNLA စစ်ရေးဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူနဲ့ ဆက်သွယ်မေးမြန်းပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

ဆီဆိုင်မြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်၊ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်(PNO) ပူးပေါင်းတပ်နဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး တပ်မတော်(PNLA)တို့အကြား တိုက်ပွဲဖြစ်ပွားတာ ၄ လ ဝန်းကျင်ရှိလာပြီ ဖြစ်ပါတယ်။

မေလအတွင်းမှာ နှစ်ဖက်ထိတွေ့မှုတိုက်ပွဲ ၁၇ ကြိမ်ဖြစ်ပွားခဲ့ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီပူးပေါင်းတပ်ဖက်က ၃၀ ဦး ထက်မနည်း သေဆုံးခဲ့တယ်လို့ PNLA ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

spot_img
spot_img
spot_img

Recent posts