spot_imgspot_imgspot_imgspot_img
Tuesday, February 18, 2025
spot_imgspot_imgspot_imgspot_img

မေလ (၁)ရက်နေ့မှာ ဒီးမော့ဆို အခြေခံပညာကျောင်းသားများ သမဂ္ဂ တစ်နှစ်ပြည့် အခမ်းအနားအကျဉ်းချုပ် ကျင်းပခဲ့

Author

Date

Category

မော်မီမြာ / ကန္တာရဝတီတိုင်း(မ်)

အာဏာသိမ်း သပိတ်ကာလအတွင်း မေလ (၁)ရက်နေ့မှာ စတင်ပေါ်ပေါက်လာခဲ့တဲ့ ဒီးမော့ဆို အခြေခံပညာကျောင်းသားများ သမဂ္ဂ ရဲ့ တစ်နှစ်ပြည့် အခမ်းအနားတစ်ရပ်ကို ဒီးမော့ဆို အနောက်ဖက်ခြမ်းတစ်နေရာမှာ ယမန်နေ့က (မေလ ၁ရက်) အကျဉ်းချုပ်ပြုလုပ်ခဲ့တယ်လို့ ဒီးမော့ဆို (အ.က.သ) တာဝန်ရှိသူတစ်ဦးက ကန္တာရဝတီတိုင်း(မ်)ကို ပြောပါတယ်။

“ ကျနော်တို့ အကျဉ်းချုပ်သာ ပြုလုပ်ခဲ့တာပေါ့။ ကျနော်တို့ ဧည့်သည်တော်လည်း အဲ့လောက်ထိ မဖိတ်ထားဘူး။ ဆရာများ သမဂ္ဂ ဖိတ်တယ်။ ဒီဖက်မှာ ရှိနေတဲ့ CDM ဒေါက်တာ တွေကိုဖိတ်တယ်။ ကျောင်းသားသမဂ္ဂအဖွဲ့ဝင် မဟုတ်သေးတဲ့ ကျောင်းသားကိုယ်စားလှယ် လည်း ဖိတ်တယ်။ ဆရာများ သမဂ္ဂမဟုတ်တဲ့ CDMဆရာ၊ ဆရာမ အနည်းအကျဉ်းဖိတ်တယ်။ KNDFရဲဘော်တစ်ဦး ကိုယ်စားပေါ့နော ဖိတ်တယ်ဗျ။“ လို့ ဒီးမော့ဆို (အ.က.သ) တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ဒီးမော့ဆို အခြေခံပညာကျောင်းသားများ သမဂ္ဂ ရဲ့ တစ်နှစ်ပြည့် အခမ်းအနားကို ကယားပြည်နယ်လုံးဆိုင်ရာ အခြေခံပညာ ဆရာများ သမဂ္ဂ ၊ ကယားပြည်နယ်ကျောင်းသားများသမဂ္ဂ (KSSU) ၊ အခြေခံပညာကျောင်းသားများရေးရာအဖွဲ့ချုပ် (အ.က.ရ-ဗဟို) ၊ စစ်ကိုင်းမြို့နယ်လုံးဆိုင်ရာ အခြေခံပညာကျောင်းသားများ သမဂ္ဂ နဲ့ တောင်ကြီးမြို့နယ် အခြေခံပညာကျောင်းသားများ သမဂ္ဂ တွေကနေပြီးတော့ ဂုဏ်ယူဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့ခဲ့တယ်လို့ သိရပါတယ်။

အခမ်းအနားမှာ ဒီးမော့ဆို အခြေခံပညာကျောင်းသားများ သမဂ္ဂ ဖြစ်ပေါ်လာတဲ့ရည်ရွယ်ချက် ၊ တစ်နှစ်ပြည့်သမိုင်းအကျဉ်းနဲ့ ရှေ့ဆက်လုပ်ငန်းစဉ်တွေကို ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

“ နောက်ထပ် လုပ်ဆောင်ချက်တွေက အများအပြားရှိတာပေါ့နော။ ပထမဆုံး အချက်အနေနဲ့ ကလေးပညာရေး မနှောင့်နှေးစေဖို့ ပြီးတော့မှ ဒီကြားကာလမှာပေါ့နော။ နောက်တော်လှန်ရေးအလွန်ကာလရောက်သွားရင် ကျနော်တို့ ပြင်ဆင်စရာရှိတာ အခုကတည်းက ကျနော်တို့ ပြင်ဆင် သွားရမှာပေါ့နော။ အခုချိန်မှာ ကလေးစိတ်ဓါတ်မြင့်တင်ရေး ကျနော်တို့ သွားပြီးတော့မှ စိတ်ဓါတ်မြင့်တင်ရေး ပိုင်းမှာ ကူညီဖို့ပေါ့နော။ သင်ထောက်ကူပစ္စည်းတွေလည်းပါတယ်။ ကျနော်တို့ စစ်ရှောင်စခန်းတွေမှာ ကွင်းဆင်းမှာပေါ့နော။ ရှေ့ဆက်လုပ်ငန်းစဉ်တွေတော့ စစ်ကျွန်ပညာရေး စနစ် ကနေ ကျနော်တို့ ရအောင် ရုန်းထွက်မယ်။ ပြီးတော့ စစ်မှန်တဲ့ ဖယ်ဒရယ်ပညာရေး စနစ်ကို ကျနော်တို့ ဖော်ဆောင်သွားမှာ ဖြစ်ပါတယ်။ “ ဒီးမော့ဆို (အ.က.သ) တာဝန်ရှိသူတစ်ဦးက ဆက်ပြောပြပါတယ်။

ဒီးမော့ဆို အခြေခံပညာကျောင်းသားများ သမဂ္ဂ ဖွဲ့စည်းတဲ့ တစ်နှစ်အတောအတွင်းမှာ ပြည်သူလူထုနဲ့အတူ သပိတ်စစ်ကြောင်း ထွက်တာတွေ ရှိခဲ့သလို စစ်ရှောင်စခန်းတွေမှာ ပညာသင်ကြားဖို့အတွက် သင်ထောက်ကူပစ္စည်း သွားရောက် ပေးအပ်ကူညီနေတာတွေ လည်း ဆောင်ရွက်ကြတာဖြစ်ပါတယ်။

spot_img
spot_img
spot_img

Recent posts