spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

မော်ချီးခဲ အလုပ်သမားတွေရဲ့ကျန်းမာရေးကိစ္စ လွှတ်တော်မှာတင်ပြရန်အစီအစဉ်မရှိသေး

Author

Date

Category

စိုးထိုက်အောင်

ကယားပြည်နယ် ဖားဆောင်းမြို့နယ် မော်ချီးခဲသတ္တုတွင်းထဲမှာ အလုပ်လုပ်နေကြတဲ့ အလုပ်သမားတွေရဲ့ ကျန်းမာရေးဆိုင်ရာ လုံခြုံမှုနဲ့ပတ်သက်လို့ ပြည်သူတွေဘက်က တင်ပြချက်မရှိတဲ့အတွက် လွှတ်တော်ထဲမှာ တင်ပြဖို့ အစီအစဉ်မရှိသေးဘူးလို့ ဖားဆောင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းထွေးသူက ပြောပါတယ်။

ဒေါ်နန်းထွေးသူက “ခဲဆိပ်နဲ့ပတ်သတ်ပြီးမှတော့ ဒါပြည်သူတွေဆီကနေလဲ အမတို့ကလူထုတွေ့တယ်လေ လူထုအမြဲတန်းတွေ့တုန်းက ဒီကိစ္စနဲ့ပတ်သတ်ပြီး သူတို့တင်ပြတာတွေလဲ မရှိဘူး၊ မေးမြန်းတာတွေလဲ မရှိဘူးဆိုတော့ အမတို့က လွတ်တော်ဘက်ကနေ လွတ်တော်ကိုယ်စားလှယ်ဆိုတော့ ပြည်သူ့အသံနားထောင်မှ ပြည်သူတွေရဲ့တင်ပြချက်တွေ အပေါ်မှာအမတို့က တစ်ဆင့်ပြန်တင်တာပေါ့နော်။”လို့ ပြောပါတယ်။

အခုလို ခဲသတ္တုတွင်းလုပ်ငန်းမှာ ခဲဆိပ်ကြောင့်ဖြစ်တဲ့ အဆုတ်ရောဂါတွေ၊ ခဲဆိပ်ရောဂါတွေဖြစ်ပွားနေပေမဲ့လည်း အများနဲ့သက်ဆိုင်တဲ့ကိစ္စရပ်တွေလိုတင်ပြလာတာမရှိတဲ့အတွက် လွှတ်တော်မှာ တင်ပြဖို့ ပြင်ဆင်ထားတာမရှိဘူးလို့ဆိုပါတယ်။

မော်ချီးဒေသ အတွင်းမှာ ခဲသတ္တုတူးဖော်ရေးလုပ်ငန်းလုပ်ကိုင်နေလျက်ရှိတဲ့အမျိုးသားတွေအနေနဲ့ ဂန်းထိုးခြင်း၊ ယမ်းခွဲခြင်းကြောင့် ခဲဆိပ်သင့်ပြီး အသက်ဆုံးရံှုးရတဲ့သူတွေရှိသလို၊ ခဲကျင်းတွေ အတွင်းမှာလဲ မတော်တဆမှုတွေကြောင့် အသက်ဆုံးရှုံးရတာတွေရှိနေတယ်လို့ ခဲကျဉ်းထဲမှ လူနာတွေကို ဆေးကုသပေးနေတဲ့ မော်ချီးဒေသ ယူကော်ခိုကျေးရွာမှ ဆေးခန်း ဆရာမဒေါ်မာဂရက်စိန်က ပြောပါတယ်။

ဆရာမဒေါ်မာဂရက်စိန်က “ ခဲဆိပ်ကြောင့် အဆုတ်ရောဂါ ချောင်းဆိုးတယ်၊ တီပီ လက္ခဏာလိုပဲ ပိန်တယ်၊ အစားမစားနိုင်ဘူး၊ မျက်လုံးတွေပျုးလာတယ်၊ အသားတွေမဲလာတယ်၊ ရုတ်တရက်ကြည့်ရင် AIDS လို့ထင်ရတယ်။ အဲ့ဒါမဟုတ်ဘူး ဒါ monocotosis လို့ခေါ်တဲ့ ခဲ၊ ယမ်းတွေ၊အငွေ့တွေကြောင့်ဖြစ်တဲ့၊ အဆိပ်တွေကြောင့်ဖြစ်တဲ့ရောဂါ ဟုတ်တယ်။ အဲ့ဒါ ကမ္ဘာက အသိအမှတ်ပြုတာနော် သို့သော်မြန်မာကမကျေညာဘူး monocotosis ပါလို့ဘယ်သူမှ မကြေညာဘူး။” လို့ ပြောပါတယ်။

ခဲဆိပ်ကြောင့်ဖြစ်တဲ့ အဆုတ်ရောဂါဖြစ်ပွားပြီဆိုရင်လဲ ကျေးလက်ကျန်းမာရေးဌာနတွေ၊ ဆေးရုံကြီးတွေကနေ တီပီရောဂါလို့သတ်မှတ်ပီး (၆)လ တီပီဆေးတွေကိုသာ သောက်ခိုင်းနေတာဖြစ်ပြီး အများစုက အိမ်ပြန်ရောက်ရင် အသက်ဆုံးရှုံးနေကြရတယ်လို့ ဆိုပါတယ်။

ခန္ဓာကိုယ်အတွင်းသို့ခဲဆိပ်ဝင်ရောက် နိုင်တဲ့ နေရာတွေကတော့ နှာခေါင်း၊ ပါးစပ်နဲ့အရေပြားတွေကနေ ဝင်ရောက်နိုင်ပြီးတော့၊ ခဲကျင်းတွေမှာ ယမ်းခွဲဖို့အတွက် ဂန်းထိုးတဲ့အခါမှာလဲ ရင်ဘက်နဲ့ဖိပြီး ထိုးရတဲ့အတွက်ကြောင့်လဲ ဂန်းရဲ့တွန်းအားကြောင့် အဆုတ်ပျက်ဆီးတာတွေဖြစ်နိုင်ပါတယ်လို့ လည်းဆိုပါတယ်။

၂၀၁၉ ခုနှစ်အတွင်းမှာ မော်ချီးဒေသ ယူကော်ခိုကျေးရွာမှာ ခဲဆိပ်သင့် အဆုတ်ရောဂါဖြစ်ပွားသူ ၅ ဦးနဲ့ခဲဆိပ်ရောဂါဖြစ်ပွားသူ ၁ဦးခန့်ရှိတယ်လို့ပြောပါတယ်။

ရောဂါဖြစ်ပွားပြီဆိုရင်လဲ ယခုအချိန်ထိတော့ မြန်မာနိုင်ငံမာ ပျောက်ကင်းအောင်မကုသနိုင်သေးဘူးလို့ ဆရာမဒေါ်မာဂရက်စိန်ကတဆင့်သိရပါတယ်။

မြန်မာနိုင်ငံရဲ့ ခဲသတ္တုအများဆုံးထွက်ပေါ်ရာ မော်ချီးသတ္တုတွင်းထဲမှာ နေရာတွေထဲမှာ မော်ချီးဒေသဟာဆိုရင်လဲ တစ်ခုအပါအဝင်ဖြစ်ပါတယ်။

မော်ချီးဒေသကလူတွေသာမက တစ်ခြားပြည်နယ်/ တိုင်းတွေဘက်က အလုပ်လာလုပ်တဲ့သူတွေ အသက်အန္တရာယ်ရှိမှန်း သိနေပေမဲ့လဲ စားဝတ်နေရေးအတွက် လာရောက်လုပ်ကိုင်နေရခြင်းပဲ ဖြစ်ပါတယ်။

spot_img
spot_img

Recent posts