spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

မော်ချီးဒေသကျေးရွာတွေမှာ ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်နေကြ

Author

Date

Category

အန်ထောနီ

ဖားဆောင်းမြို့နယ် မော်ချီးဒေသ ကျေးလက်ဒေသဘက်မှာ လမ်းပန်းဆက်သွယ်ရေးခက်ခဲပြီး အစိုးရကျန်းမာရေး ဆေးခန်းတွေမရှိတဲ့အတွက် ကျေးရွာတွေအတော်တော်များများ ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်နေကြတယ်လို့ ဒေသခံတွေက ပြောဆိုနေကြပါတယ်။

ယူကော်ခိုရွာ(၁၃ကုန်း)ဘက်မှာ အစိုးရဆေးခန်းမရှိလို့ ပြည်သူတွေအတွက် ကျန်းမာရေးစောင့်ရှောက်မှု အခက်အခဲရှိနေတယ်လို့ ယူကော်ခိုကျေးရွာမှ ဒေါ်တူးမာက ပြောပါတယ်။

ဒေါ်တူးမာက “ကျေးလက်ကျန်းမာရေးဌာနရှိတဲ့နေရာသွားဖို့ဆိုရင် ကား၊ ဆိုင်ကယ်ရှိမှအဆင်ပြေတယ်။ တစ်ခါတစ်လေကျတော့ သွားလိုက်တာ ဆရာဝန်ကမရှိတော့ ဖာဆောင်းထိသွားခဲ့ရတယ်။ ကျန်းမာရေးကမကောင်းပါဘူးဆို အဝေးကြီးသွားရတော့ ပိုပင်ပန်းတယ်” လို့ပြောပါတယ်။

လမ်းပန်းဆက်သွယ်ရေးမကောင်းလို့ အရေးပေါ်လူနာတွေကိုကုသရာမှာ လိုခါးလိုကျေးရွာသို့မဟုတ် လွိုင်ကော်မြို့သို့ သွားလာရတဲ့အတွက် အခက်အခဲတွေရှိနေကြတယ်လို့ဆိုပါတယ်။

လက်တလောမှာတော့ ကျန်းမာရေးနဲ့ပတ်သက်လို့ ပပွာကလူ(ကရင်) လူမှူဖွံ့ဖြိုးတိုးတက်ရေး အမျိုးသမီးအဖွဲ့ကနေပြီး ဖွင့်လှစ်ထားတဲ့ ဆေးခန်းကိုသာအားကိုးနေကြရတယ်လို့ ဒေါ်တူးမာက ဆက်ပြောပြပါတယ်။

“ ကျမတို့ဒေသမှာမှာ ကျေးလက်ကျန်းမာရေးဌာနမရှိတော့ ကျန်းမာရေးအပိုင်းမှာ ဆရာမမာကရက်စိန်ကိုပဲ အားကိုးကြရတယ်။ ဆရာမ မရှိရင် လိုခါးလိုသွားဖို့ဆိုရင်လည်း ခက်ခဲတယ်၊ ဝေးလည်းဝေးတယ်၊ တစ်ခါတစ်လေ ဆရာမ မအားဘူးဆိုရင် အတော်လေးဒုက္ခရောက်တယ်။”လို့ ပြောပါတယ်။

ပပွာကလူ(ကရင်) လူမှူဖွံ့ဖြိုးတိုးတက်ရေး အမျိုးသမီးအဖွဲ့ ဥက္ကဌ ဆရာမ မာကရက်စိန်က “ဆရာမတွေက တစ်လတစ်ခါဆေးပဲလာထိုးတာ နှစ်နာရီလောက်နေပြီးရင် သူ့ကိုကြိုရတယ်ဆိုင်ကယ်နဲ့ ဆေးလာထိုးပြီးပြန်သွားတယ် ကျန်တဲ့ကျန်းမာရေးအပိုင်းတွေ တစ်ခုမှမကြည့်ဘူး။ ကွင်းဆင်းလာတယ်ဆိုရင် ကျန်းမာရေးအခြေအနေ အကုန်ကြည့်ရမယ် အဲတာတွေ တစ်ခါမှေ လုပ်တာမတွေ့ဖူးဘူး” လို့ ပြောပါတယ်။

ပပွာကလူ(ကရင်) လူမှူဖွံ့ဖြိုးတိုးတက်ရေး အမျိုးသမီးအဖွဲ့ကနေဖွင့်လှစ်ထားတဲ့ ဆေးခန်းမှာတော့ ခဲလုပ်ငန်းမှာ Air Gun ကြောင့် အဆုတ့်ပျက်စီးသွားတဲ့ လူနာတွေ၊ ခဲဆိပ်သင့်တဲ့လူနာတွေ အများစုတွေ့နေရပါတယ်။

ရာသီအလိုက် ဖြစ်ပွားတတ်သော ဝမ်းလျှေားဝမ်းပျက်ရေားဂါနှင့် ရာသီတုတ်ကွေးတွေလည်း ဖြစ်လေ့ရှိပြီး လာရောက်ကုသတဲ့သူတွေ အနည်းအကျဉ်းရှိတယ်လို့သိရပါတယ်။

မော်ချီးဒေသတွင်း ကျေးရွာပေါင်း ၅၇ ရှိပြီး လိုခါးလို ကျေးရွာတခုတည်းမှာသာ ဆေးရုံရှိတဲ့အတွက် တခြားတောင်ပေါ်မှာနေတဲ့ ရွာတွေမှာ ကျန်းမာရေးဆေးခန်းတွေဖွင့်လှစ်ထားပေမယ့်လည်း လမ်းပန်းဆက်သွယ်ရေးခက်ခဲပြီး မြေပြိုတဲ့ အန္တရယ်တွေကြောင့် တာဝန်ကျ ဆရာ/မတွေမှာလည်း အချိန်ပြည့်တာဝန်မထမ်းဆောင်နိုင်ဘူးလို့ သိရပါတယ်။

ရွေ့ပြောင်းကုသပေးသည့် စေတနာ့ဝန်ထမ်း ကိုယ်ထူကိုယ်ထ ကျန်းမာရေးအဖွဲ့ (Mobile clinic) ရောက်ရှိမှသာ အခြေခံ ကျန်းမာရေးစောင့်ရှောက်မှု ရရှိကြတယ်လို့ သိရပါတယ်။

spot_img
spot_img

Recent posts