spot_img
Sunday, April 2, 2023
spot_img

မော်ချီးဒေသမှာ မြေပြိုနိုင်တဲ့ အန္တာရယ်ကြောင့် ဖောက်ခွဲရေးနဲ့ မီးစက်အသုံးပြုခြင်းကို အောက်တိုဘာလကုန်ထိ ရပ်နားထား

spot_imgspot_imgspot_imgspot_img

CJ (ကန္တာရဝတီတိုင်း(မ်))

ကရင်နီပြည် ဖားဆောင်းမြို့နယ် မော်ချီးဒေသက ခဲကျင်းလုပ်ငန်းတွေမှာ အသုံးပြုတဲ့ ဖောက်ခွဲရေး နဲ့ မီးစက်အသုံးပြု တွေကို မြေပြိုနိုင်တဲ့ အန္တာရယ်ရှိနေတာကြောင့် အောက်တိုဘာလ ကုန်ထိ ရပ်နားထားခိုင်းတာတွေရှိနေတယ်လို့ ဒေသခံတွေကပြောပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ ၃၁ ရက်နေ့ က အန္တာရယ်များတဲ့ “ပေါင်မုန့်တောင်” ဟာ အနည်းငယ်ပြိုကျပြီး ကျောက်တောင်ဟာ အက်ကွဲကြောင်းကြီးလာတယ်လို့ ဒေသခံတွေကပြောပါတယ်။ ယခင်က ၃ပေကျော်ခန့်သာအက်ကွဲခဲ့တဲ့ ပေါင်မုန့်တောင်ကြီးဟာ ယခုဆိုလျှင် ၁၅ပေ အထိ အက်ကွဲလာခဲ့ပြီလို့သိရပါတယ်။

အဲဒါကြောင့် မော်ချီးဒေသမှာရှိတဲ့ အမှတ် (၃)ခဲကျင်းမှာ ဖောက်ခဲရေးနဲ့ မီးစက်အသုံးပြုတာကို (၁၀)လပိုင်းကုန်အထိ ရပ်နားထားကြတာဖြစ်ပါတယ်။

ခုလို‌ဖောက်ခွဲရေးရပ်နားခြင်းဟာ တောင်ရဲ့တုန်ခါမှုသက်သာစေသလို မီးစက်နိုးခြင်းရပ်နားတာကလဲ တောင်ပြိုကျတဲ့အခါ အချိန်မှီ အသံများကြားနိုင်ရန်အတွက်ဖြစ်တယ်လို့ ကျင်းဦးစီးမှူး တစ်ဦးက ပြောပါတယ်။

ခဲကျင်းလုပ်ငန်းတွေကိုတော့ နိုဝင်ဘာလ မှာ ပြန်လည် လည်ပတ်သွားမယ်လို့ လည်းဆိုပါတယ်။

မြေပြိုနိုင်တဲ့ အန္တာရယ်တွေကြားက ခုလိုပြန်လည် လည်ပတ်ရတာဟာ ခဲကျင်းကိုမှီခို ပြီး လုပ်ကိုင်စားသောက်နေရ ဒေသခံတွေနဲ့ နယ်ဝေးက လာရောက်လုပ်ကိုင်ကြတဲ့ အလုပ်သမားတွေအတွက် ဝမ်း‌စာရေးများအဆင်ပြေဖို့ ဖြစ်တယ်လို့ လည်းသူက ထပ်ပြောပါတယ်။

လက်ရှိမှာတော့ ခဲကျင်းတွေမှာ မြေစာတွေ သယ်ထုတ်ခြင်းနဲ့ ကျောက်ပုပ်များထုတ်ခြင်း တို့ကိုသာ လုပ်ကိုင်ခွင့်ပြုထားပါတယ်။

Related Stories