spot_img
Monday, March 27, 2023
spot_img

မော်ချီးဒေသမှာ မြေပြိုမှုကြောင့် နေအိမ်ပျက်စီးမှုရှိ

spot_imgspot_imgspot_imgspot_img

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည် ဖားဆောင်းမြို့နယ် မော်ချီးဒေသရှိ တောင်ပေါ် ရတနာအောင်မြေရပ်ကွက်၊ ၁၅ရပ်ကွက်တွေမှာ ဩဂုတ်လ ၂၁ရက်နေ့ ညပိုင်းက မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နေအိမ်အချို့၊ လမ်းမကြီးပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

“မြေကတော့ ၂၁ ရက်နေ့ပေါ့နော် ၂နာရီကျော်၃နာရီလောက်ပေါ့နော်။ ဒီလိုပဲပေါ့ မိုးအကြီးအကျယ်ရွာတယ်ပေါ့နော် မိုးကတော့။ မိုးရွာတယ်ဆို ရေကလဲပါနှုန်းကောင်းတယ်ပေါ့နော်။ အဲ့နေ့ညမှာ ကျွန်တော်တို့ည ဘယ်နှစ်နှာရီဖြစ်မလဲဆိုတော့ ၉နာရီကျော်လောက်ဖြစ်မယ်။ အဲ့ချိန်မှာ ဟိုဟာဖြစ်တော့ အိမ်တစ်လုံးပါသွားတယ် ဆိုပြီး ကျွန်တော်တို့သတင်းကြားရတယ်။ ကျွန်တော်တို့အောက်ရပ်ကွက်ကသတင်းကြားရတယ်။ ခလေးနှစ်ယောက်ပါသွားတယ်လို့လဲကြားတယ်။ ဒါပေမဲ့ ကလေးနှစ်ယောက် ဒဏ်ရာရရုံပါပဲ အသက်အန္တရယ်တော့မစိုးရိမ်ရဘူးပေါ့။ ဆေးရုံတင်ထားရတယ် “လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

မော်ချီးမြေပြိုမှုမြင်ကွင်းကို ဩဂုတ်လ ၂၃ရက်နေ့က တွေ့ရပုံ။ (ဓါတ်ပုံ – kaka Benjiro)

မြေပြိုတဲ့အနီးတစ်ဝိုက်က နေအိမ် ၆လုံး နဲ့ လမ်းမကြီးပျက်စီးခဲ့ရပြီး ကလေးနှစ်ဦး မစိုးရိမ်ရတဲ့ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

“ပြိုတာက ၂၂ဖြစ်စဉ်မှာက ၄လုံး၊ ၂၁ရက်နေ့မှာက ၂လုံး အားလုံး‌‌၆လုံးပြိုတာပေါ့” လို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးက ပြောပါတယ်။ မြေပြိုတဲ့အနီးတစ်ဝိုက်က နေအိမ် ၇လုံးကိုတော့ မော်ချီးတောင်ပေါ် ၁၅ရပ်ကွက် အခြေခံပညာမူလတန်းကျောင်းကို ရွေ့ထားလိုက်တယ်လို့ ဆိုပါတယ်။

ခဲသတ္တုတူးဖော်တဲ့လုပ်ငန်းကို အဓိကအားထားလုပ်ကိုင်နေတဲ့ မော်ချီးဒေသမှာ နှစ်စဉ်မိုးရာသီကာလအတွင်း မြေပြိုမှုဖြစ်ပွားနေတာဖြစ်ပါတယ်။ မော်ချီးဒေသမှာ လက်ရှိအချိန်ထိ ကြီးမားတဲ့ မြေပြိုမှု ၃ ကြိမ်ဖြစ်ပွားခဲ့ပြီး ၁၉၈၅ခုနှစ် မှာ ပထမအကြိမ်၊ ၁၉၈၈ခုနှစ်မှာ ဒုတိယအကြိမ် နဲ့ ၂၀၁၅ခုနှစ်မှာ တတိယအကြိမ် မြေပြိုမှုဖြစ်ပွားခဲ့ပြီး လူသေဆုံးမှုနဲ့ လူနေအိမ်များ ပျက်ဆီးခဲ့ပါတယ်။

နှစ်စဉ် မြေပြိုမှုဖြစ်ပွားနေတာကြောင့် မိုးတွင်းကာလမှာဆိုရင် ခဲသတ္တုလုပ်ကိုင်ကြတဲ့ အန္တာရာယ်ဇုန်အနီးတစ်ဝိုက်မှာ နေထိုင်ကြတဲ့ ဒေသခံအချို့ဟာ မိမိနေအိမ်မှာမနေထိုင်ကြတော့ဘဲ တခြား ဆွေမျိုးအိမ်တွေမှာ သွားရောက်နေထိုင်ကြပြီး ပွင့်လင်းရာသီရောက်ရင် အဲဒီမှာပြန်လာနေပြီး ခဲလုပ်ငန်းတွေကို ပြန်လည် လုပ်ကိုင်ကြတာလည်းရှိပါတယ်။

spot_imgspot_imgspot_imgspot_img

More from the blog

ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းကို စစ်ကောင်စီတပ်မှ လက်နက်ကြီးတွေ အမြောက်အများ ပစ်ခတ်နေ

ကန္တာရဝတီ တိုင်း(မ်) ကရင်နီပြည် ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းကို ဒီးမော့ဆို အခြေစိုက် ခလရ ၁၀၂ တပ်မှ (၁)မိနစ် (၁) လုံးနုန်းနဲ့ လက်နက်ကြီးတွေ အမြောက်အများ ပစ်ခတ်နေတယ်လို့ သိရပါတယ်။ ယနေ့ ( မတ်လ ၂၆ ) ရက်နေ့ မနက် ၉ နာရီလောက်ကစပြီး...

စစ်ရှောင်ပြည်သူတွေကို ရိက္ခာဝေမယ်လို့ပြောဆိုပြီး ဓါတ်ပုံရိုက်ပြီးနောက် ဝေထားတဲ့ရိက္ခာတွေကို ပြန်သိမ်းယူသွား

ကန္တာရဝတီတိုင်း(မ်) လွိုင်ကော်မြို့ နမ့်ဘော်ဝမ် ရပ်ကွက်အတွင်းရှိ စစ်ဘေးရှောင်ပြည်သူတွေကို စစ်ကောင်စီ က ရိက္ခာဝေပေးမယ်လို့ပြောဆိုကာ ဒီကနေ့ (မတ်လ ၂၅ ရက်နေ့ ) မှာ စုရုံးခေါ်ဆောင်ပြီး ဓါတ်ပုံမှတ်တမ်းရယူခဲ့ပေမဲ့ ဝေငှထားတဲ့ ရိက္ခာထုပ်တွေကို ပြန်လည်တောင်းယူခဲ့တယ်လို့ စစ်ရှောင်တွေဆီကနေ သိရပါတယ်။ နမ့်ဘော်ဝမ်ရပ်ကွက်အတွင်းမှာ ရှိတဲ့ဘုရားကျောင်းမှာ စစ်ဘေးရှောင်တွေကို ခေါ်ယူစုရုံးပြီး ကုလားပဲထုပ်...

ဒီးမော့ဆိုအနောက်ဘက်ခြမ်းမှာ လက်နက်ကြီးကျပြီး ဒေသခံထိခိုက်မှုရှိခဲ့၊ ဖရဲသီးစိုက်ခင်းလည်းပျက်စီး

ကန္တာရဝတီတိုင်း( မ် ) ယမန်နေ့ မတ်လ ၂၄ရက်နေ့ မနက် ၁၀နာရီကျော်အချိန်မှာ ကရင်နီပြည် ဒီးမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်းကို စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တဲ့အတွက် ဒေသခံတချို့ ထိခိုက်ခဲ့သလို ဖရဲသီးစိုက်ခင်းလည်း ပျက်စီးခဲ့တယ်လို့ ဒီးမော့ဆိုအနောက်ဘက်ခြမ်းမှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။ "အိမ်ကတော့ လူနေအိမ်ပဲ မိန်းက‌လေးထိတယ်ပြောတယ်။ မိန်းကလေးနှစ်ယောက်။ ဒီကျတာက ဖရဲသီးခြံစိုက်ခင်းထဲမှာက...

ဒီမော့ဆို အရှေ့ဘက်ခြမ်းမှ ဆွေမျိုးများထံ ယာယီ ပြောင်းရွေ့လာတဲ့ စစ်ရှောင်ကလေးအချို့ ဝမ်းပျက်ဝမ်းလျောဖြစ်နေ

CJ (ကန္တာရဝတီတိုင်း(မ်)) ကရင်နီပြည် ဒီမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းမှာ မတ်လ ၁၀ ရက်နေ့ ကတည်းက ဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် အနောက်ဘက်ခြမ်းက ဆွေမျိုးတွေဆီကို ယာယီ ပြောင်းရွေ့လာတဲ့ စစ်ရှောင်တွေအထဲက ကလေးတွေဟာ ဝမ်းပျက်ဝမ်းလျောဖြစ်နေတယ်လို့ စစ်ရှောင်အမျိုးသမီးတစ်ဦးက ပြောပါတယ်။ "အကြောင်းရင်းက ဘာလဲ မသိဘူး၊ ရေရှားတဲ့ နေရာလဲ မဟုတ်ဘူး၊...